အကြောင်းအရာသို့ ကျော်သွားရန်

Offerings အကြောင်း ကျမ်းစာအခန်းငယ်များ

433 အခန်းငယ် · 61 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထာဝရဘုရား၏ ကောင်းကင်တမန်က၊ ငါ့ကို ဆီးတားသော်လည်း သင်၏စားစရာကို ငါမစား။ မီးရှို့ရာယဇ်ကို ပူဇော်လိုလျှင် ထာဝရဘုရားအား ပူဇော်ရမည်ဟု မာနော်အား ဆိုပြန်၏။ သူသည် ထာဝရဘုရား၏ ကောင်းကင်တမန်ဖြစ်သည်ကို မာနော် မသိသေး။

  2. ထိုယဇ်ပုရောဟိတ် ပျိုတို့သည်၊ ထာဝရဘုရားဝတ်ကို လူများ ရွံစရာပြုသောကြောင့်၊ ရှေ့တော်၌ အလွန်အပြစ်ကြီးသောသူ ဖြစ်ကြ၏။

  3. ထိုကြောင့် ဧလိ၏အိမ်သားတို့ အပြစ်သည် ယဇ်နှင့်ပူဇော်သက္ကာအားဖြင့် မဖြေ၊ အစဉ်အမြဲ တည်ရ မည်အကြောင်း သူတို့အား ငါ ကျိန်ဆိုပြီဟု မိန့်တော်မူ၏။

  4. ဆရာသည် မြင့်သောအရပ်၌ ယဇ်သားကို စားအံ့သောငှါ မတက်မှီ သင်တို့သည် မြို့ထဲသို့ဝင်လျှင် ချက်ခြင်း တွေ့လိမ့်မည်။ သူမရောက်မီ လူများတို့သည် မစားတတ်ကြ။ သူသည် ယဇ်ပွဲ၌ ဘုရားဝတ်ကို ပြုတတ်၏။ ဝတ်ပြုပြီးမှ ခေါ်ဘိတ်သော သူတို့သည် စားတတ်ကြ၏။ ယခုမှာ သွားလျှင် တွေ့ကြလိမ့် မည်ဟု ပြန်ပြောသည်နှင့်အညီ၊

  5. ရှမွေလကလည်း၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူသကဲ့သို့၊ မီးရှို့ရာ ယဇ်အစရှိသော ယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ ကောင်း၏။

  6. မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာကို မီးရှို့၏။ သွန်းလောင်းရာ ပူဇော်သက္ကာ ကိုလည်း သွန်းလောင်း၏။ မိဿဟာယယဇ်အသွေးကိုလည်း ယဇ် ပလ္လင်ပေါ်မှာဖြန်းလေ၏။

  7. နက်ဖြန်နေ့၌လည်း ယဇ်ပူဇော်ခြင်း အမှုကိုပြု၍ နွားတထောင်၊ သိုးတထောင်၊ သိုးသငယ် တထောင်တို့ကို မီးရှို့သဖြင့်၊ သွန်းလောင်းရာ ပူဇော်သက္ကာတို့နှင့်တကွ ဣသရေလအမျိုးတမျိုးလုံးအတွက် ထာဝရဘုရား အား များစွာသော ယဇ်ကို ပူဇော်ကြ၏။

  8. မီးရှို့ရာယဇ်များတို့နှင့်၊ မီးရှို့ရာယဇ်အသီးသီး ဆိုင်သောမိဿဟာယ ယဇ်ဆီဥ၊ သွန်လောင်းရာ ပူဇော် သက္ကာအများရှိကြ၏။ ထိုသို့ဗိမာန်တော်ဝတ်ပြုခြင်းကို စီရင်သတည်း။

  9. ထိုအခါ ဗိမာန်တော်၌ ဘဏ္ဍာတိုက်တို့ကို ပြင်ဆင်စေမည်အကြောင်း၊ ဟေဇကိမိန့်တော်မူသည် အတိုင်း ပြင်ဆင်၍၊

  10. လှူသောဥစ္စာ၊ ဆယ်ဘို့တဘို့ဥစ္စာ၊ ပူဇော်သော ဥစ္စာများကို တရားနှင့်အညီ သွင်းထားကြ၏။ လေဝိသားကောနနိသည်တိုက်အုပ်၊ သူ၏ညီရှိမိသည် တိုက်စာရေးဖြစ်၏။

  11. ထိုငွေကိုယူပြီးလျှင်နွား၊ သိုးထီး၊ သိုးသငယ်နှင့် တကွ၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ကို အလျင်အမြန်ဝယ်၍၊ ယေရုရှလင်မြို့၌ရှိသော သင်တို့၏ ဘုရားအိမ်တော် ယဇ် ပလ္လင်ပေါ်မှာ ပူဇော်ရမည်။

  12. ပညတ္တိကျမ်းစာ၌ ရေးထားသည်အတိုင်း၊ ငါတို့ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ မီးမွေးစရာထင်း ပူဇော်သက္ကာကို၊ တနှစ်တနှစ်လျှင် ချိန်းချက်သော အချိန်တို့၌၊ အဆွေအမျိုးအလိုက် ငါတို့ ဘုရားသခင်၏ အိမ်တော်သို့ဆောင်ခဲ့ရမည် အကြောင်း၊ ယဇ်ပုရောဟိတ် လေဝိသားပြည်သူပြည်သားတို့သည် စာရေးတံပြုကြ၏။

  13. အဦးလုပ်သော မုန့်စိမ်း၊ ပူဇော်သက္ကာ၊ သစ်သီး အမျိုးမျိုး၊ စပျစ်ရည်၊ ဆီကိုယဇ်ပုရောဟိတ်တို့ရှိရာ ဗိမာန်တော် အခန်းသို့၎င်း၊ လယ်လုပ်သော မြို့ရွာရှိသမျှ တို့၌ မြေအသီးအနှံဆယ်ဘို့တဘို့ကို လေဝိ သားတို့ထံသို့ ၎င်း၊ ဆောင်ခဲ့ရမည်အကြောင်း စီရင်ထုံးဖွဲ့ကြ၏။

  14. အမှုတော်စောင့်၊ လေဝိသား၊ သီချင်းသည် တို့သည် အသီးအသီး မိမိတို့လယ်ယာသို့ ပြေးသွားကြ သည်ကို ငါထောက်၍၊ သူတို့ခံအပ်သော စားစရာ ရိက္ခာကို မံမရကြောင်းကို ငါရိပ်မိလျက်၊

  15. ဘုရားသခင်၏ အိမ်တော်ကို အဘယ်ကြောင့် စွန့်ပစ်ကြသနည်းဟု မင်းတို့ကို အပြစ်တင်၍၊ လေဝိသား တို့ကို စုဝေးစေပြီးမှ၊ သူတို့နေရာ၌ ခန့်ထားပြန်၏။

  16. ထိုအခါ ယုဒလူအပေါင်းတို့သည် ဆန်စပါး၊ စပျစ်ရည်၊ ဆီဆယ်ဘို့တဘို့ကို ဘဏ္ဍာတော်တိုက်သို့ ဆောင်ခဲ့ပြန်ကြ၏။

  17. ချိန်းချက်သောအချိန်၌ ထင်းပူဇော်သက္ကာနှင့် အဦးသီးသော အသီးကို ပူဇော်စေခြင်းငှါ စီရင်၏။ အို အကျွန်ုပ်၏ ဘုရားသခင်၊ ကျေးဇူးပြုပါမည်အကြောင်း၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ နေဟမိမှတ်စာပြီး၏။

  18. ယခုပင် ငါ့ပတ်လည်၌ရှိသော ရန်သူတို့၏ အပေါ်သို့ ငါ့၏ဦးခေါင်းကို ချီးမြှောက်တော်မူ၏။ ထိုကြောင့် ဗိမာန်တော်မှာ တံပိုးမှုတ်ခြင်းနှင့်တကွ ယဇ် ပူဇော်ပါမည်။ သီချင်းဆိုပါမည်။ ထာဝရဘုရားကို ထောမနာသီချင်းဆိုပါမည်။

  19. ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သက္ကာကို အလို တော်မရှိသည် ဖြစ်၍၊ အကျွန်ုပ်နားကို ဖွင့်တော်မူပြီ။ မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ်များကို တောင်းတော် မမူသောအခါ၊

  20. ကျမ်းစာလိပ်၌ အကျွန်ုပ်ကို အမှတ်ပြု၍ ရေး ထားသည်နှင့်အညီ၊ အကျွန်ုပ်သည် သွားပါမည်ဟု ဝန်ခံ ပါ၏။

  21. အကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်၏အလိုကို ဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏။ ကိုယ်တော်၏တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာ ရှိပါ၏။

  22. မီးရှို့သောယဇ်မှစ၍ ယဇ်ပူဇော်ခြင်းအမျိုးမျိုး အတွက် ငါသည် သင်၌အပြစ်မတင်။ ထိုယဇ်တို့သည် ငါ့ရှေ့မှာ အစဉ်ရှိကြ၏။

  23. သင့်အိမ်ထဲက နွားကို၎င်း၊ သင့်ခြံထဲက ဆိတ်ထီးကို၎င်း ငါမခံမယူ။

  24. တောတိရစ္ဆာန်ရှိသမျှတို့နှင့် တထောင်သော တောင်ပေါ်မှာရှိသော တိရစ္ဆာန်တို့သည် ငါ၏ဥစ္စာ ဖြစ်ကြ၏။

  25. တောင်ပေါ်မှာ နေတတ်သော ငှက်အပေါင်း တို့ကို ငါသိ၏။ တောသားရဲတို့သည် ငါ၌ရှိကြ၏။