အကြောင်းအရာသို့ ကျော်သွားရန်

Offerings အကြောင်း ကျမ်းစာအခန်းငယ်များ

433 အခန်းငယ် · 61 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ငါသည် ငတ်မွတ်လျှင်သင့်ကိုမပြော။ လောက ဓာတ်နှင့် လောကဥစ္စာသည် ငါ၏ဥစ္စာဖြစ်၏။

  2. နွားသားကိုငါစားမည်လော။ ဆိတ်သွေးကို ငါသောက်မည်လော။

  3. ကျေးဇူးချီးမွမ်းခြင်း ယဇ်ကိုဘုရားသခင်အား ပူဇော်လော့။ သစ္စာဂတိထားသည်အတိုင်း၊ အမြင့်ဆုံး သောအရာ၌ သစ္စာဝတ်ကိုဖြေလော့။

  4. ယဇ်ပူဇော်ခြင်းကို အလိုတော်မရှိ။ သို့မဟုတ် လျှင် ယဇ်ပူဇော်ပါမည်။ မီးရှို့သော ယဇ်ပူဇော်ခြင်းကိုပင် နှစ်သက်တော်မမူ။

  5. ဘုရားသခင်နှစ်သက်တော်မူသော ယဇ်မူကား၊ ကျိုးပဲ့သောစိတ်ပေတည်း။ အိုဘုရားသခင်၊ ကိုယ်တော် သည် ကျိုးပဲ့ကြေမွသော နှလုံးကို ငြင်းပယ်တော်မမူ တတ်ပါ။

  6. ဆူဖြိုးသော သိုးတို့ကို နံ့သာပေါင်းနှင့်တကွ မီးရှို့ရာယဇ် ပြု၍ ပူဇော်ပါမည်။ နွားနှင့် ဆိတ်တို့ကိုလည်း စီရင်ပါမည်။

  7. ယဇ်ပူဇော်ခြင်းကို နှစ်သက်သည်ထက် ဖြောင့် မတ်စွာပြုခြင်း၊ တရားသဖြင့် စီရင်ခြင်းကို ထာဝရဘုရား သည် သာ၍နှစ်သက်တော်မူ၏။

  8. မတရားသော သူပူဇော်သော ယဇ်သည် စက်ဆုပ်ရွံ့ရှာဘွယ်ဖြစ်၏။ ထိုမျှမက၊ မတရားသော စိတ်နှင့်ပူဇော်လျှင် သာ၍ဖြစ်၏။

  9. ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ ပူဇော်သော ယဇ်များကို ငါသည်အဘယ်သို့ဆိုင်သနည်း။ မီးရှို့၍ ပူဇော်သောသိုးကောင်၊ ဆူဖြိုးအောင်ကျွေးသော တိရစ္ဆာန်တို့၏ ဆီဥနှင့် ငါဝပြီ။ နွားနှင့်သိုးသငယ်၊ ဆိတ် တို့၏အသွေးကို ငါမနှစ်သက်။

  10. သင်တို့သည် ငါရှေ့မှာ မျက်နှာပြခြင်းငှါ လာကြ သောအခါ၊ ငါ့တန်တိုင်းတော်ကို ကျော်နင်းသောသင်တို့၌ ထိုသို့သော ဝတ်ကို အဘယ်သူတောင်းသနည်း။

  11. အချည်းနှီးသော ပူဇော်သက္ကကို နောက်တဖန် မဆောင်ခဲ့ကြနှင့်၊ သင်တို့မီးရှို့သောနံ့သာပေါင်းကို ငါရွံရှာ၏။ လေဆန်နေ့၊ ဥပုသ်နေ့၊ ပရိသတ်စည်းဝေး သော နေ့ကိုလည်း ရွံရှာ၏။ အဓမ္မအမှုနှင့်ရောနှော သော ဓမ္မစည်းဝေးခြင်းတို့ကို သည်းမခံနိုင်။

  12. ငါ့ဝိညာဉ်သည် သင်တို့လဆန်းနေ့များနှင့်၊ သင်တို့ပွဲများကို မုန်း၏။ ငါ့ကိုနှောက်ရှက်စရာဖြစ်၏။ သည်းခံခြင်းအားဖြင့် ငါပင်ပန်း၏။

  13. လေဗနုန်တောသည် မီးမွေးဘို့မလောက်။ ထိုတော၌ရှိသော တိရစ္ဆာန်တို့သည်လည်း၊ မီးရှို့ရာ ယဇ် ဘို့မလောက်။

  14. မိမိစိတ်ဝိညာဉ်ခံရသော ဝေဒနာ၏အကျိုးကို မိမိမြင်၍ အားရလိမ့်မည်။ ထိုဖြောင့်မတ်သော ငါ၏ကျွန် ကို သိကျွမ်းခြင်းအားဖြင့်၊ သူသည် အများသော သူတို့ကို ဖြောင့်မတ်ရာ၌ တည်စေလိမ့်မည်။ သူတို့၏အပြစ်ကို ကိုယ်တိုင်ဆောင်ရွက်ရ၏။

  15. ထိုသို့ မိမိအသက်ကို သေခြင်း၌ သွန်း၍၊ မတရားသော သူတို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်သ ဖြင့်၊ လူများတို့၏အပြစ်ကို ဆောင်ရွက်၍၊ မတရားသော သူတို့အဘို့ တောင်းပန်သောကြောင့်၊ လူကြီးတို့ကို သူ၏ အဘို့ဖြစ်စေခြင်းငှါ ငါခွဲမည်။ အစွမ်းသတ္တိရှိသော သူတို့ ကို သူ၏လက်ရဥစ္စာကဲ့သို့၊ ကိုယ်တိုင်ဝေဖန်ရသော အခွင့် ရှိလိမ့်မည်။

  16. တဖန်မိန့်တော်မူသည်ကား၊ နွားကိုသတ်သော သူသည် လူကို သတ်သောသူနှင့်တူ၏။ သိုးသငယ်ကို ယဇ်ပူဇော်သောသူသည် ခွေးလည်ပင်းကိုဖြတ်သော သူနှင့်တူ၏။ အလှူဒါနကို လှူဒါန်းသောသူသည် ဝက်သွေးကို လှူဒါန်းသောသူနှင့်တူ၏။ လောဗန်ကိုမီးရှို့သောသူသည် ရုပ်တုကိုကောင်းကြီးပေးသောသူနှင့်တူ၏။ အကယ်စင် စစ် ထိုသူတို့သည် မိမိအလိုရှိရာ လမ်းကိုရွေးကြ၏။ မိမိဆိုးညစ်သောအမှုတို့၌ မွေ့လျော်ကြ၏။

  17. ဣသရေလအမျိုးသားတို့သည် စင်ကြယ်သော ဖလား စသည်တို့နှင့်၊ ပူဇော်သက္ကာကို ဗိမာန်တော်သို့ ဆောင်ခဲ့သကဲ့သို့၊ ထိုသူတို့သည် သင်တို့၏ ညီအစ်ကို အပေါင်းကို မြင်း၊ ရထား၊ ထမ်းစင်၊ မြည်း၊ ကုလားအုပ် ပေါ်၌တင်၍၊ ထာဝရဘုရားအားပူဇော်ဘို့ရာ၊ ခပ်သိမ်း သောအပြည်ပြည်တို့မှငါ၏ သန့်ရှင်းသောတောင်၊ ယေရု ရှလင်မြို့သို့ဆောင်ခဲ့ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

  18. ရှေဘပြည်မှ လောဗန်ကို၎င်း၊ ဝေးသောပြည်မှ မွှေးသောကြံကို၎င်း၊ အဘယ်ကြောင့် ငါ့ထံသို့ဆောင်ခဲ့ သနည်း။ သင်တို့မီးရှို့ရာ ယဇ်တို့ကို ငါအလိုမရှိ။ ပူဇော် သောယဇ်အမျိုးမျိုးကို ငါမနှစ်သက်။

  19. ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ မီးရှို့ရာ ယဇ်များကို အခြားသော ယဇ်များနှင့် အတူထား၍၊ အမဲသားကိုစားကြလော့။

  20. အကြောင်းမူကား၊ သင်တို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သောအခါ၊ မီးရှို့ရာယဇ် အစရှိသော ယဇ်များအတွက် သူတို့ကို ငါမှာထားသည် မဟုတ်။

  21. ငါမှာထားသောအရာဟူမူကား၊ ငါ့စကားကို နားထောင်ကြလော့။ သို့ပြုလျှင်၊ ငါသည်သင်တို့၏ ဘုရား သခင်ဖြစ်မည်။ သင်တို့သည်လည်း၊ ငါ၏လူမျိုးဖြစ်ကြ လိမ့်မည်။ သင်တို့သည် ကိုယ်အကျိုးကို စောင့်လိုသောငှါ၊ ငါစီရင်သမျှသော တရားလမ်းသို့ လိုက်ရကြမည်ဟု မှာထား၏။

  22. သူတို့သည် အစာရှောင်ခြင်းအကျင့်ကို ကျင့် သောအခါ၊ သူတို့ အော်ဟစ်သံကို ငါနားမထောင်။ မီးရှို့ ရာယဇ်ကိုသော်၎င်း၊ ပူဇော်သက္ကာကိုသော်၎င်း၊ ဆက်ကပ် သောအခါ ငါလက်မခံ။ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့်၊ သူတို့ကို ငါဆုံးစေမည်ဟု မိန့်တော် မူလျှင်၊

  23. နောက်တဖန်ဝမ်းမြောက်သော အသံ၊ ရွှင်လန်း သော အသံ၊ မင်္ဂလာဆောင်သတို့သားအသံ၊ မင်္ဂလာ ဆောင်သတို့သမီးအသံ၊ ထာဝရဘုရားသည် ကောင်းမြတ် တော်မူ၍ ကရုဏာတော်သည် အစဉ်အမြဲတည်သော ကြောင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို ချီးမွမ်းကြလော့ဟုဆိုသော သူတို့၏အသံ၊ ချီးမွမ်းရာ ပူဇော်သက္ကာကို ဗိမာန်တော်သို့ဆောင်ခဲ့သော သူတို့၏ အသံကို ကြားရကြလိမ့်မည်။ အကြောင်းမူကား၊ သိမ်း သွားခြင်းကို ခံရသော ပြည်သားတို့ကို ငါဆောင်ခဲ့၍၊ အရင်ကဲ့သို့ နေစေမည်ဟု မိန့်တော်မူ၏။

  24. သူတို့အား ပေးခြင်းငှါ ငါကျိန်ဆိုသောပြည်သို့ ဆောင်သွင်းသောအခါ၊ သူတို့သည်မြင့်သောတောင်၊ ထူထပ်သော သစ်ပင်ရှိသမျှတို့ ကိုကြည့်ရှု၍၊ ထိုအရပ်တို့ ၌ ယဇ်ပူဇော်ခြင်း၊ ငါ့အမျက်ကို နှိုးဆော်သော အလှူဒါန ကိုတင်ခြင်း၊ နံ့သာပေါင်းကို မီးရှို့ခြင်း၊ အရည်ပူဇော် သက္ကာသွန်းလောင်းခြင်းတို့ကို ပြုကြ၏။

  25. ထိုမင်းနောက်မှ စစ်လက်နက်တို့သည် ပေါ်လာ သဖြင့်၊ တန်ခိုးကြီးသော သန့်ရှင်းရေးဌာနတော်ကို ညစ် ညူးစေ၍၊ နေ့ရက်အစဉ်ပြုသော ဝတ်ကို ပယ်ရှင်းကြ လိမ့်မည်။ ဖျက်ဆီးတတ်သောရွံ့ရှာဘွယ် အရာကိုလည်း တည်ထားကြလိမ့်မည်။