Offerings အကြောင်း ကျမ်းစာအခန်းငယ်များ: Heave
Heave အကြောင်း အခန်းငယ်များ
ထာဝရဘုရားကလည်း၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ၍ ဣသရေလလူတို့ကို မလွှတ်ဘဲနေ၏။
ထိုသို့ အာရုန်နှင့်သားတို့၏ အရာ၌ ခန့်ထားသော သိုးထဲက၊ ချီလွှဲသော ပူဇော်သက္ကာပြု၍၊ ချီလွှဲ သော ရင်ပတ်ကို၎င်း၊ ချီမြှောက်သော ပူဇော်သက္ကာပြု၍၊ ချီမြှောက်သော ပခုံးကို၎င်း သန့်ရှင်းစေ ပြီးမှ၊
ထိုရင်ပတ်၊ ပခုံးတို့သည် ထာဝရပညတ်တော်အတိုင်း၊ ဣသရေလအမျိုးသားလှူသော အာရုန်၏ အဘို့၊ သူ့သားတို့၏အဘို့ ဖြစ်ရမည်။ ဣသရေလအမျိုးသားပြုသော မိဿဟာယယဇ်ထဲက၊ ထာဝရ ဘုရား ရှေ့တော်၌ ချီးမြှောက်၍၊ ချီးမြှောက်ရာ ပူဇော်သက္ကာ ဖြစ်၏။
ထိုပြည်၌ဖြစ်သော မုန့်ကို စားကြသောအခါ၊ ထာဝရဘုရားအား ချီးမြှောက်ရာ ပူဇော်သက္ကာကို ဆက်ရ မည်။