Offerings အကြောင်း ကျမ်းစာအခန်းငယ်များ: Free-will
Free-will အကြောင်း အခန်းငယ်များ
ဤရွေ့ကား၊ ထာဝရဘုရား၏ ဥပုသ်နေ့၊ ထာဝရဘုရားအား ဆက်ကပ်ရသော အလှူဒါန၊ သစ္စာဂတိနှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာမှတပါး၊ နေ့ရက်အသီးအသီးတို့ ၌ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ ယဇ်ပူဇော် ခြင်း၊ သွန်းလောင်းရာ ပူဇော်သက္ကာကို ပြုစေခြင်းငှါ စီရင်ရသော ဓမ္မစည်းဝေးခြင်း၊ ထာဝရဘုရား ၏ ပွဲတော်များ ဖြစ်သတည်း။
သင်၏ ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ကိုယ်တိုင်မှစ၍ သင်၏ဘုရားသခင် ထာဝရဘုရား ကောင်းကြီးပေးတော်မူသည်အတိုင်း၊ အလိုလိုပြုသော ပူဇော်သက္ကာကို ဆောင်ခဲ့ရမည်။
သင်သည် သင်၏ ဘုရားသခင် ထာဝရဘုရား အား ကိုယ်အလိုအလျောက် သစ္စာဂတိထား၍၊ ကိုယ်နှုတ် နှင့် မြွက်ဆိုသောစကားကို တည်စေ၍၊ ဂတိရှိသည်အ တိုင်း ပြုရမည်။