အကြောင်းအရာသို့ ကျော်သွားရန်

Offerings အကြောင်း ကျမ်းစာအခန်းငယ်များ: Unavailing when not accompanied by piety

34 အခန်းငယ် · 61 ရှုထောင့်

Unavailing when not accompanied by piety အကြောင်း အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှမွေလကလည်း၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူသကဲ့သို့၊ မီးရှို့ရာ ယဇ်အစရှိသော ယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ ကောင်း၏။

  2. ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သက္ကာကို အလို တော်မရှိသည် ဖြစ်၍၊ အကျွန်ုပ်နားကို ဖွင့်တော်မူပြီ။ မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ်များကို တောင်းတော် မမူသောအခါ၊

  3. မီးရှို့သောယဇ်မှစ၍ ယဇ်ပူဇော်ခြင်းအမျိုးမျိုး အတွက် ငါသည် သင်၌အပြစ်မတင်။ ထိုယဇ်တို့သည် ငါ့ရှေ့မှာ အစဉ်ရှိကြ၏။

  4. သင့်အိမ်ထဲက နွားကို၎င်း၊ သင့်ခြံထဲက ဆိတ်ထီးကို၎င်း ငါမခံမယူ။

  5. တောတိရစ္ဆာန်ရှိသမျှတို့နှင့် တထောင်သော တောင်ပေါ်မှာရှိသော တိရစ္ဆာန်တို့သည် ငါ၏ဥစ္စာ ဖြစ်ကြ၏။

  6. တောင်ပေါ်မှာ နေတတ်သော ငှက်အပေါင်း တို့ကို ငါသိ၏။ တောသားရဲတို့သည် ငါ၌ရှိကြ၏။

  7. ငါသည် ငတ်မွတ်လျှင်သင့်ကိုမပြော။ လောက ဓာတ်နှင့် လောကဥစ္စာသည် ငါ၏ဥစ္စာဖြစ်၏။

  8. နွားသားကိုငါစားမည်လော။ ဆိတ်သွေးကို ငါသောက်မည်လော။

  9. ကျေးဇူးချီးမွမ်းခြင်း ယဇ်ကိုဘုရားသခင်အား ပူဇော်လော့။ သစ္စာဂတိထားသည်အတိုင်း၊ အမြင့်ဆုံး သောအရာ၌ သစ္စာဝတ်ကိုဖြေလော့။

  10. ယဇ်ပူဇော်ခြင်းကို အလိုတော်မရှိ။ သို့မဟုတ် လျှင် ယဇ်ပူဇော်ပါမည်။ မီးရှို့သော ယဇ်ပူဇော်ခြင်းကိုပင် နှစ်သက်တော်မမူ။

  11. ဘုရားသခင်နှစ်သက်တော်မူသော ယဇ်မူကား၊ ကျိုးပဲ့သောစိတ်ပေတည်း။ အိုဘုရားသခင်၊ ကိုယ်တော် သည် ကျိုးပဲ့ကြေမွသော နှလုံးကို ငြင်းပယ်တော်မမူ တတ်ပါ။

  12. ယဇ်ပူဇော်ခြင်းကို နှစ်သက်သည်ထက် ဖြောင့် မတ်စွာပြုခြင်း၊ တရားသဖြင့် စီရင်ခြင်းကို ထာဝရဘုရား သည် သာ၍နှစ်သက်တော်မူ၏။

  13. မတရားသော သူပူဇော်သော ယဇ်သည် စက်ဆုပ်ရွံ့ရှာဘွယ်ဖြစ်၏။ ထိုမျှမက၊ မတရားသော စိတ်နှင့်ပူဇော်လျှင် သာ၍ဖြစ်၏။

  14. ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ ပူဇော်သော ယဇ်များကို ငါသည်အဘယ်သို့ဆိုင်သနည်း။ မီးရှို့၍ ပူဇော်သောသိုးကောင်၊ ဆူဖြိုးအောင်ကျွေးသော တိရစ္ဆာန်တို့၏ ဆီဥနှင့် ငါဝပြီ။ နွားနှင့်သိုးသငယ်၊ ဆိတ် တို့၏အသွေးကို ငါမနှစ်သက်။

  15. သင်တို့သည် ငါရှေ့မှာ မျက်နှာပြခြင်းငှါ လာကြ သောအခါ၊ ငါ့တန်တိုင်းတော်ကို ကျော်နင်းသောသင်တို့၌ ထိုသို့သော ဝတ်ကို အဘယ်သူတောင်းသနည်း။

  16. အချည်းနှီးသော ပူဇော်သက္ကကို နောက်တဖန် မဆောင်ခဲ့ကြနှင့်၊ သင်တို့မီးရှို့သောနံ့သာပေါင်းကို ငါရွံရှာ၏။ လေဆန်နေ့၊ ဥပုသ်နေ့၊ ပရိသတ်စည်းဝေး သော နေ့ကိုလည်း ရွံရှာ၏။ အဓမ္မအမှုနှင့်ရောနှော သော ဓမ္မစည်းဝေးခြင်းတို့ကို သည်းမခံနိုင်။

  17. ငါ့ဝိညာဉ်သည် သင်တို့လဆန်းနေ့များနှင့်၊ သင်တို့ပွဲများကို မုန်း၏။ ငါ့ကိုနှောက်ရှက်စရာဖြစ်၏။ သည်းခံခြင်းအားဖြင့် ငါပင်ပန်း၏။

  18. လေဗနုန်တောသည် မီးမွေးဘို့မလောက်။ ထိုတော၌ရှိသော တိရစ္ဆာန်တို့သည်လည်း၊ မီးရှို့ရာ ယဇ် ဘို့မလောက်။

  19. တဖန်မိန့်တော်မူသည်ကား၊ နွားကိုသတ်သော သူသည် လူကို သတ်သောသူနှင့်တူ၏။ သိုးသငယ်ကို ယဇ်ပူဇော်သောသူသည် ခွေးလည်ပင်းကိုဖြတ်သော သူနှင့်တူ၏။ အလှူဒါနကို လှူဒါန်းသောသူသည် ဝက်သွေးကို လှူဒါန်းသောသူနှင့်တူ၏။ လောဗန်ကိုမီးရှို့သောသူသည် ရုပ်တုကိုကောင်းကြီးပေးသောသူနှင့်တူ၏။ အကယ်စင် စစ် ထိုသူတို့သည် မိမိအလိုရှိရာ လမ်းကိုရွေးကြ၏။ မိမိဆိုးညစ်သောအမှုတို့၌ မွေ့လျော်ကြ၏။

  20. ရှေဘပြည်မှ လောဗန်ကို၎င်း၊ ဝေးသောပြည်မှ မွှေးသောကြံကို၎င်း၊ အဘယ်ကြောင့် ငါ့ထံသို့ဆောင်ခဲ့ သနည်း။ သင်တို့မီးရှို့ရာ ယဇ်တို့ကို ငါအလိုမရှိ။ ပူဇော် သောယဇ်အမျိုးမျိုးကို ငါမနှစ်သက်။

  21. ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ မီးရှို့ရာ ယဇ်များကို အခြားသော ယဇ်များနှင့် အတူထား၍၊ အမဲသားကိုစားကြလော့။

  22. အကြောင်းမူကား၊ သင်တို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သောအခါ၊ မီးရှို့ရာယဇ် အစရှိသော ယဇ်များအတွက် သူတို့ကို ငါမှာထားသည် မဟုတ်။

  23. ငါမှာထားသောအရာဟူမူကား၊ ငါ့စကားကို နားထောင်ကြလော့။ သို့ပြုလျှင်၊ ငါသည်သင်တို့၏ ဘုရား သခင်ဖြစ်မည်။ သင်တို့သည်လည်း၊ ငါ၏လူမျိုးဖြစ်ကြ လိမ့်မည်။ သင်တို့သည် ကိုယ်အကျိုးကို စောင့်လိုသောငှါ၊ ငါစီရင်သမျှသော တရားလမ်းသို့ လိုက်ရကြမည်ဟု မှာထား၏။

  24. သူတို့သည် အစာရှောင်ခြင်းအကျင့်ကို ကျင့် သောအခါ၊ သူတို့ အော်ဟစ်သံကို ငါနားမထောင်။ မီးရှို့ ရာယဇ်ကိုသော်၎င်း၊ ပူဇော်သက္ကာကိုသော်၎င်း၊ ဆက်ကပ် သောအခါ ငါလက်မခံ။ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့်၊ သူတို့ကို ငါဆုံးစေမည်ဟု မိန့်တော် မူလျှင်၊

  25. ယဇ်ပူဇော်ခြင်း အကျင့်ထက် သနားခြင်း ကရုဏာအကျင့်ကို၎င်း၊ မီးရှို့ရာယဇ်ပူဇော်ခြင်းထက် ဘုရားသခင်နှင့် ကျွမ်းဝင်ခြင်းကို၎င်း ငါနှစ်သက်၏။