Skip to content

King အကြောင်း ကျမ်းစာအခန်းငယ်များ

74 အခန်းငယ် · 18 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှင်ဘုရင်၏ အမျက်သည် သေမင်းတမန်ကဲ့သို့ ဖြစ်၏။ သို့သော်လည်း၊ ပညာရှိသောသူသည် အမျက် တော်ကို ဖြေတတ်၏။

  2. ရှင်ဘုရင် မျက်နှာပွင့်လန်းသောအားဖြင့် အသက်ချမ်းသာရ၏။ ကျေးဇူးတော်သည် နောက်ရွာ သော မိုဃ်းတိမ်ကဲ့သို့ ဖြစ်၏။

  3. မတရားသော သူတို့ကို ရှင်ဘုရင်ထံတော်မှ ပယ်ရှားလျှင်၊ အာဏာတော်သည် တရားအားဖြင့် တည် လိမ့်မည်။

  4. ရှင်ဘုရင်ထံ တော်၌ ကိုယ်ကိုမချီးမြှောက်နှင့်။ လူကြီးနေရာ၌ မနေနှင့်။

  5. အိုလေမွေလ၊ စပျစ်ရည်သောက်သောအမှုနှင့် သေရည်သောက်သောအမှုသည် ရှင်ဘုရင်၊ မင်းသား တို့ကိုနှင့် မတော်မသင့်။

  6. သူတို့သည်သောက်လျက် တရားတော်ကို မေ့ လျော့၍၊ ဆင်းရဲသောအမှုကို မတရားသဖြင့် စီရင် ဆုံးဖြတ်မည်ဟု စိုးရိမ်စရာရှိ၏။

  7. ဘုရားသခင့်ရှေ့တော်၌ ပြုသောသစ္စာကို ထောက် ၍၊ ရှင်ဘုရင်အမိန့်တော်ကို စောင့်လော့။

  8. သမ္မာသတိလစ်၍ အထံတော်မှမထွက်နှင့်။ မကောင်းသောအမှုကို မဆွဲမကိုင်နှင့်။ အလိုတော်ရှိသည် အတိုင်း စီရင်တော်မူမည်။

  9. ရှင်ဘုရင်အမိန့်တော်၌ တန်ခိုးပါ၏။ ကိုယ် တော်သည် အဘယ်သို့ပြုသနည်းဟု အဘယ်သူဆိုရာ သနည်း။

  10. အမိန့်တော်ကိုစောင့်သောသူသည် ရာဇဝတ်နှင့် လွတ်လိမ့်မည်။ ပညာရှိသောသူ၏ စိတ်နှလုံးသည်လည်း၊ ကာလအချိန်ကို၎င်း၊ စီရင်ရသောအခွင့်ကို၎င်း သိမြင် တတ်၏။

  11. ယေရုရှလင်မြို့သားအပေါင်းတို့သည် အသီး အသီးစေစားသော ယုဒညီအစ်ကိုချင်း၊

  12. အစေခံရသော ဟေဗြဲအမျိုးကျွန်ယောက်ျား မိန်းမတို့ကို နောက်တဖန် မစေစားဘဲလွှတ်စေခြင်းငှါ၊ ဇေဒကိမင်းကြီးသည် လွှတ်ခြင်းတရားကို စီရင်မည်ဟု ဝန်ခံပြီးသည်နောက်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ယေရမိသို့ရောက်လာ၏။

  13. အကြောင်းမူကား၊ ဝန်ခံသောမှူးမတ်၊ ဆင်းရဲ သားအပေါင်းတို့သည် အသီးအသီး စေစားသော ကျွန် ယောက်ျား မိန်းမတို့ကို နောက်တဖန် မစေစားဘဲ လွှတ် မည်ဟု ကြားသောအခါ၊ နားထောင်၍ လွှတ်လိုက်ကြ၏။

  14. နောက်တဖန် ပြောင်းလဲ၍ ယခင်လွှတ်ပြီးသော ကျွန်ယောက်ျား မိန်းမတို့ကို ခေါ်ပြန်၍ အစေကျွန်ခံစေ ကြ၏။

  15. အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အိုဣသရေလမင်းသားတို့၊ ရောင့်ရဲသော စိတ်ရှိကြလော့။ အနိုင်အထက်ပြုခြင်း၊ လုယူခြင်းအမှုတို့ကို ပယ်ရှား၍၊ တရားသောအမှု ဟုတ်မှန်သော အမှုတို့ကို ပြုကြလော့။ နောက်တဖန်ငါ၏ လူတို့ကို မညှဉ်းဆဲမနှိပ်စက်ကြနှင့်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။

  16. မှန်သောချိန်ခွင်၊ မှန်သောဧဖါ၊ မှန်သော ဗတ်တို့ကို သုံးရကြမည်။

  17. ဧဖါနှင့်ဗတ်သည် အညီအမျှရှိရမည်။ နှစ်ပါး သည် ဟောမဲကို အမှီပြု၍၊ ဧဖါသည် တဟောမဲတွင် ဆယ်စုတစု၊ ဗတ်သည်လည်း တဟောမဲတွင် ဆယ်စုတစု ရှိရမည်။

  18. ဂေရာနှင့်ဆယ်ကိုတကျပ်၊ အကျပ်ခြောက်ဆယ် ကို တမာနေရှိရမည်။

  19. ချီးမြှောက်ရာ ပူဇော်သက္ကာပြုသောအခါ၊ ဂျုံဆန်ဖြစ်စေ၊ မုယောဆန်ဖြစ်စေ၊ တဟောမဲတွင်တဩမဲ ကို ပူဇော်ရမည်။

  20. ဆီနှင့်ဆိုင်သော ပညတ်ဟူမူကား၊ တကောရ တွင် ဗတ်ဆယ်စုတစုကို ပူဇော်ရမည်။ တဟောမဲသည် ဆယ်ဗတ်ဖြစ်သောကြောင့် တကောရသည်ဆယ်ဗတ် ဖြစ်သတည်း။

  21. သူတို့အပြစ်ကို ဖြေခြင်းငှါ ဣသရေလကျက်စား ရာ၊ ရေများသော အရပ်၌ရှိသော သိုးနှစ်ရာတွင် သိုးသငယ်တကောင်ကို ဘော်ဇဉ်ပူဇော်သက္ကာနှင့်တကွ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကိုပူဇော်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

  22. ထိုချီးမြှောက်ရာပူဇော်သက္ကာကို ပြည်သူ ပြည်သားအပေါင်းတို့သည် ဣသရေလမင်းသားအား ဆက်ရကြမည်။

  23. မင်းသားသည်လည်းပွဲသဘင်နေ့၊ လဆန်းနေ့၊ ဥပုသ်နေ့၊ ဣသရေလအမျိုး ပရိသတ်စည်းဝေးသော နေ့ရက် အစဉ်အတိုင်း မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာတို့ကို ပူဇော်ရမည်။ ဣသရေလအမျိုး၏အပြစ်ကို ဖြေခြင်းငှါ အပြစ်ဖြေရာ ယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ မိဿဟာယ ယဇ်ကိုလည်း ပူဇော်ရမည်။

  24. အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပဌမလတရက်နေ့တွင်၊အပြစ်မပါ၊ အသက်ပျိုသော နွားထီးတကောင်ကိုယူ၍ သန့်ရှင်းရာဌာနကို စင်ကြယ် စေရမည်။

  25. ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာ ယဇ်ကောင် အသွေးအချို့ကို ယူ၍ အိမ်တော်တိုင်၌၎င်း၊ ယဇ်ပလ္လင် အောက်ထစ်လေးထောင့်၌၎င်း၊ အတွင်းတန်တိုင်း တံခါး တိုင်၌၎င်း ထည့်ရမည်။