အကြောင်းအရာသို့ ကျော်သွားရန်

King အကြောင်း ကျမ်းစာအခန်းငယ်များ: Decrees of, irrevocable

6 အခန်းငယ် · 18 ရှုထောင့်

Decrees of, irrevocable အကြောင်း အခန်းငယ်များ

  1. သို့ဖြစ်၍၊ အရှင်မင်းကြီး၊ အမိန့်ရှိတော်မူပါ။ မပြောင်းလဲတတ်သော မေဒိ၊ ပေရသိဓမ္မသတ်အတိုင်း အမိန့်တော်တည်စေခြင်းငှါ၊ တံဆိပ်ခတ်တော်မူပါဟု လျှောက်ထားကြလျှင်၊

  2. ဒါရိမင်းကြီးသည် အမိန့်တော်ကိုပေး၍ တံဆိပ် ခတ်တော်မူ၏။

  3. အထံတော်သို့ဝင်၍၊ အရှင်မင်းကြီး၊ ကိုယ်တော် မြတ်မှတပါး အခြားသောလူကိုဖြစ်စေ၊ ဘုရားကိုဖြစ်စေ၊ အရက်သုံးဆယ်အတွင်းတွင် ဆုတောင်းသော သူမည် သည်ကို ခြင်္သေ့လှောင်သောတွင်းထဲသို့ ချပစ်စေဟု အမိန့်တော်ကို တံဆိပ်ခတ်တော်မူလျပ် ရှိပါသည်မဟုတ် လောဟု အမိန့် တော်အကြောင်းကို မေးလျှောက်ကြ၏။ ရှင်ဘုရင်ကလည်း၊ မပြောင်းလဲတတ်သော မေဒိ၊ ပေရသိဓမ္မသတ်အတိုင်း မှန်ပေသည်ဟု မိန့်တော်မူ၏။

  4. မှူးမတ်အရာရှိတို့ကလည်း၊ အရှင်မင်းကြီး၊ ယုဒပြည်ကသိမ်းယူ ခဲ့သော ယုဒလူမျိုးဒံယေလသည် အာဏာတော်ကို ပမာဏမပြု၊ တံဆိပ်ခတ်တော်မူသော အမိန့်တော်ကို ဆန့်ကျင်လျက်၊ တနေ့သုံးကြိမ်တိုင်အောင် ဆုတောင်း၍ နေပါသည်ဟု လျှောက်ထားကြ၏။

  5. ထိုစကားကို ကြားလျှင်၊ ရှင်ဘုရင်သည် အလွန် နောင်တရ၍ ဒံယေလကို လွှတ်ခြင်းငှါ စိတ်အားကြီး သဖြင့်၊ လွှတ်ရသောအခွင့်ကို နေဝင်သည်တိုင်အောင် ကြိုးစား၍ ရှာတော်မူ၏။

  6. တဖန်မှူးမတ် အရာရှိတို့သည် အထံတော်သို့ စည်းဝေး၍၊ အရှင်မင်းကြီး၊ တခါထုတ်ပြီးသော အမိန့် တော်မပျက်နိုင်ရာဟု မေဒိ၊ ပေရသိဓမ္မသတ်၌ ပါကြောင်းကို သတိထားတော်မူပါဟု လျှောက်ကြပြန် လျှင်၊