အကြောင်းအရာသို့ ကျော်သွားရန်

Jacob အကြောင်း ကျမ်းစာအခန်းငယ်များ

285 အခန်းငယ် · 49 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ငါ့ကျွန်မကို ငါ့လင်အား ပေးသောကြောင့်၊ ဘုရားသခင်သည် ငါ့အား အခကို ပေးတော်မူပြီဟုဆို၍၊ ထိုသားကို ဣသခါအမည်ဖြင့် မှည့်လေ၏။

  2. တဖန် လေအာသည် ပဋိသန္ဓေယူပြန်၍၊ ယာကုပ်အား ဆဌမသားကို ဘွားမြင်လေသော်၊

  3. ဘုရားသခင်သည် ကောင်းသောလက်ဖွဲ့ကို ပေးသနားတော်မူပြီ။ ငါ့လင်အား သားခြောက်ယောက်ကို ဘွားမြင်သောကြောင့်၊ ယခုငါနှင့် အမြဲနေလိမ့်မည်ဟု ဆို၍၊ ထိုသားကို ဇာဗုလုန် အမည်ဖြင့် မှည့်လေ၏။

  4. ထိုနောက်မှ သမီးကိုဘွား၍၊ ဒိနအမည်ဖြင့် မှည့်လေ၏။

  5. ထိုအခါ ဘုရားသခင်သည် ရာခေလကို အောက်မေ့တော်မူ၏။ သူ၏စကားကို နားထောင်၍၊ သားဘွားသောအခွင့်ကို ပေးတော်မူသဖြင့်၊

  6. သူသည် ပဋိသန္ဓေယူ၍ သားကိုဘွားမြင်လျှင်၊ ငါခံရသော ကဲ့ရဲ့ခြင်းအကြောင်းကို ဘုရားသခင်သည် ပယ်တော်မူပြီဟူ၍၎င်း၊

  7. ထာဝရဘုရားသည် အခြားသောသားကို ထပ်၍ ပေးတော်မူပါစေသောဟူ၍၎င်းဆိုလျက်၊ ထိုသားကို ယောသပ်အမည်ဖြင့် မှည့်လေ၏။

  8. ယနေ့သိုးစု၊ ဆိတ်စုတရှောက်လုံးကို ကျွန်ုပ် သွား၍၊ ပြောက်ကျား သောဆိတ်များ ညိုသော သိုးများ၊ ရှိသမျှတို့ကိုရွေးနှုတ်ခွဲထားပါမည်။ နောက်မှ ပြောက်ကျားသောဆိတ်၊ ညိုသောသိုးတို့သည် ကျွန်ုပ်၏ အခ ဖြစ်စေလော့။

  9. သို့ဖြစ်၍၊ နောင်ကာလ၌ ကျွန်ုပ်၏အခသည်၊ အဘရှေ့သို့ ရောက်သောအခါ၊ ကျွန်ုပ်၏ဖြောင့်မတ်ခြင်း သည် ကျွန်ုပ်ကို စောင့်ရှောက်ပါလိမ့်မည်။ မပြောက် မကျားသော ဆိတ်၊ မညိုသောသိုး ရှိသမျှတို့ကို၊ ကျွန်ုပ်ခိုး သော အကောင်ဟူ၍ မှတ်စေလော့ဟု ဆိုလေ၏။

  10. လာဗန်ကလည်း၊ သင်ပြောတိုင်းဖြစ်လော့ဟု ဝန်ခံ၍၊ ထိုနေ့၌ပင်၊ ပြောက်ကျားသော ဆိတ်ထီး၊ ပြောက်ကျားသောဆိတ်မ၊

  11. အဖြူပါသော ဆိတ်ရှိသမျှတို့နှင့်၊ အဆင်းညို သော သိုးရှိသမျှတို့ကိုရွေး၍၊ မိမိသားတို့လက်သို့ အပ်ပေး လေ၏။

  12. ကိုယ်နေရာ အရပ်နှင့်၊ ယာကုပ်နေရာအရပ်ကို သုံးရက်ခရီး ကွာစေခြင်းငှါ စီရင်သေး၏။ ယာကုပ်သည် ကြွင်းသော လာဗန်၏သိုးဆိတ်များကို ထိန်းလျက် နေရ လေ၏။

  13. ထိုအခါ ယာကုပ်သည်၊ စိမ်းသောလိဗနာပင်၊ လုဇပင်၊ အာရမုန်ပင်တို့၏ အခက်တံဖျားများကိုယူ၍၊ အဖြူ၊ အစိမ်း၊ အတန့်တန့်ပေါ်အောင် အခွံကို လှီးခွာ ပြီးလျှင်၊

  14. ရေသောက်လာသောသိုး၊ ဆိတ်အထီးအမ ရှက်တင်စေမည်အကြံရှိ၍၊ ရေသောက်လာသောအခါ၊ အခွံခွာပြီးသော တံဖျာတို့ကို ရေသောက်ကျင်း၊ သောက် ခွက်တို့၌ သိုးဆိတ်တို့ ရှေ့မှာစိုက်ထားလေ၏။

  15. သိုးဆိတ်တို့သည် တံဖျာများရှေ့မှာ ရှက်တင်၍၊ အပြောက်အကျား စသည်တို့ကို ဘွားကြ၏။

  16. ယာကုပ်သည် သိုး၊ ဆိတ်သငယ်တို့ကိုလည်း ခွဲထား၍၊ လာဗန်၏သိုးစု၊ ဆိတ်စုတွင် အဆင်းပြောက် ကျားသော အကောင်၊ အဆင်းညိုသော အကောင်ရှိသမျှ တို့ ရှေ့မှာ သိုးဆိတ်များကိုမျက်နှာပြုစေ၏။ မိမိတိရစ္ဆာန် များနှင့်လာဗန်၏ တိရစ္ဆာန်များကိုလည်း မရောမနှော စေဘဲ၊ တစုစီခွဲထားလေ၏။

  17. အားကြီးသောအကောင်တို့သည် ရှက်တင် သောအခါ၊ တံဖျာတို့တွင် ရှက်တင်စေခြင်းငှါ၊ ယာကုပ် သည် တံဖျာများကို ရေကျင်း၌၊ သူတို့ မျက်မှောက်တွင် ထားတတ်၏။

  18. အားနည်းသောအကောင်တို့ရှေမှာ တံဖျာတို့ကို မပြမထား။ ထိုကြောင့် အားနည်းသောအကောင်တို့သည် လာဗန်၏ဥစ္စာဖြစ်လေ၏။ အားကြီးသော အကောင်တို့မူ ကား၊ ယာကုပ်၏ ဥစ္စာဖြစ်လေ၏။

  19. ထိုသို့ယာကုပ်၌ စည်းစိမ်တိုးပွား၍၊ သိုး၊ဆိတ်၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုပ်၊ မြည်းအများ ရှိကြ၏။

  20. ယာကုပ်သည် ခရီးသွားပြန်၍၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် ကြိုဆိုခြင်းငှါ လာကြသည်ကို၊

  21. ယာကုပ်မြင်လျှင် ဘုရားသခင်၏ တပ်တော်ဖြစ် သည်ဟု ဆို၍၊ ထိုအရပ်ကို မဟာနိမ်အမည်ဖြင့် မှည့်လေ ၏။

  22. ထိုနောက်မှ၊ ရှေခင်မြို့သို့ ဘေးမဲ့ရောက်လေ၏။ ပါဒနာရံပြည်မှ ပြန်လာ၍၊ ခါနာန်ပြည်သို့ ရောက်သော လမ်းခရီးတွင်၊ ထိုမြို့ရှိသတည်း။ ထိုမြို့ရှေ့မှာတဲကို ဆောက်လေ၏။

  23. တဲဆောက်ရာမြေအကွက်ကို ရှေခင်၏အဘ၊ ဟာမော်၏သားတို့တွင်၊ ငွေတပိဿာ အဘိုးပေး၍ ဝယ်ရသတည်း။

  24. ထိုအရပ်၌လည်း ယဇ်ပလ္လင်ကို တည်ပြီးလျှင်၊ ဧလေလောဣသရေလဟူ၍သမုတ်လေ၏။

  25. ထိုနောက် ဘုရားသခင်က၊ သင်ထ၍ဗေသလ အရပ်သို့ သွားနေလော့။ သင်သည် အစ်ကိုဧသောထံမှ ပြေးသောအခါ၊ သင့်အား ထင်ရှားသော ဘုရားသခင် အဘို့၊ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လော့ဟု၊ ယာကုပ် အား မိန့်တော်မူ၏။