အကြောင်းအရာသို့ ကျော်သွားရန်

Egypt အကြောင်း ကျမ်းစာအခန်းငယ်များ

328 အခန်းငယ် · 105 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သူတို့ကလည်း၊ ကိုယ်တော်သည် ကျွန်တော်တို့ အသက်ကို ကယ်ပါပြီ။ သနားသော စိတ်နှင့်ကြည့်ရှုတော် မူပါ။ ကျွန်တော်တို့သည် ဖာရောဘုရင်၏ကျွန်ခံရပါမည် ဟု လျှောက်ကြ၏။

  2. ထိုကြောင့် ဖါရောမင်းမပိုင်သော ယဇ်ပုရော ဟိတ်တို့ မြေကိုထား၍၊ ဖါရောမင်းသည် ငါးဘို့တွင် တဘို့ကိုပိုင်တော်မူစေဟု ယနေ့တိုင်အောင် အဲဂုတ္တုပြည်၌တည်သော ဓမ္မသတ်ကို ယောသပ်စီရင်၍ ထား သတည်း။

  3. ထိုအခါ ယောသပ်သည် အဘ၏မျက်နှာပေါ်မှာ ငုံ့၍၊ ငိုလျက် နမ်းလျက်နေ၏။

  4. အဘ၏အလောင်းကို နံ့သာမျိုးနှင့် ပြင်ဆင်စေခြင်းငှါ၊ မိမိကျွန် ဆေးသမားတို့ကို အမိန့်ရှိ၍၊ သူတို့သည် နံ့သာမျိုးနှင့် ပြင်ဆင်ကြ၏။

  5. နံ့သာမျိုးနှင့်ပြင်ဆင်သော အလောင်းကို၊ ထုံးစံရှိသည်အတိုင်း ထား၍၊ အရက်လေးဆယ်လွန်လျှင်၊ အဲဂုတ္တုလူတို့သည် ယာကုပ်ကြောင့်၊ အရက်ခုနစ်ဆယ် ပတ်လုံး ငိုကြွေးမြည်တမ်းခြင်းကိုပြုကြ၏။

  6. ငိုကြွေးမြည်တမ်းသောနေ့ရက် လွန်သောအခါ၊ ယောသပ်သည် နန်းတော်သား အချို့တို့ကိုခေါ်၍၊ သင် တို့သည် ကျွန်ုပ်ကိုစေတနာစိတ်ရှိလျှင်၊ ဖာရောဘုရင် ထံတော်သို့သွား၍၊

  7. ကျွန်တော်အဘက၊ ငါသေတော့မည်။ ခါနာန်ပြည်၌ ကိုယ်ဘို့ငါတူးဘူးသော သင်္ချိုင်းတွင်း၌၊ ငါ့ကို သင်္ဂြိုဟ် ရမည်ဟူ၍ ကျွန်တော်ကို ကျိန်ဆိုစေပါပြီ။ ထိုကြောင့် ကျွန်တော်သွား၍၊ အဘကို သင်္ဂြိုဟ်ပြီးမှ ပြန်လာပါမည် အကြောင်းကို အသနားတော်ခံပါသည်ဟု နားတော် လျှောက်ကြပါလော့ဟုဆို၏။

  8. ဖာရောမင်းကလည်း၊ သင်၏အဘ ကျိန်ဆိုစေသည်အတိုင်း သွား၍၊ သင်္ဂြိုဟ်လော့ဟု မိန့်တော်မူ၏။

  9. ယောသပ်သည် အဘကိုသင်္ဂြိုဟ်ခြင်းငှါ ထွက်သွား၍၊ ဖာရောမင်း၏ ကျွန်များတည်းဟူသော နန်းတော် အရာရှိ၊ အဲဂုတ္တုပြည်အရာရှိအပေါင်းတို့နှင့်၊

  10. ယောသပ်အိမ်သား၊ အစ်ကိုတို့ အိမ်သား၊ အဘအိမ်သားရှိသမျှ တို့သည်လိုက်ကြ၏။ သူငယ်တို့နှင့် သိုးနွားများကိုသာ၊ ဂေါရှင်ပြည်၌ ကျန်ရစ်စေကြ၏။

  11. ထိုသို့လျှင် ရထားများ၊ မြင်းစီးသူရဲများတည်းဟူသော အလွန်များစွာသော အလုံးအရင်းတို့သည် ယောသပ်နှင့်တကွ လိုက်သွားကြ၏။

  12. ယော်ဒန်မြစ်နားမှာ အာတဒ်ကောက်နယ် တလင်းသို့ရောက်သောအခါ၊ အလွန်ကြီးစွာသော ငိုကြွေးမြည်တမ်းခြင်းကို ပြုကြပြန်၏။ ယောသပ်သည် မိမိအဘကြောင့် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည် တမ်းခြင်း ကိုပြုလေ၏။

  13. ထိုသို့အာတဒ်ကောက်နယ်တလင်း၌ ပြုသော ငိုကြွေးမြည်တမ်းခြင်းကို၊ ထိုပြည်သား ခါနာန်လူတို့သည် မြင်လျှင်၊ အဲဂုတ္တုလူတို့သည် ပြင်းစွာ ငိုကြွေးမြည်တမ်း ပါသည်တကားဟုဆိုကြ၏။ ထိုကြောင့် ယော်ဒန်မြစ်နား မှာရှိသော ထိုအရပ်ကို၊ အဗေလမိဇရိမ်ဟူ၍ သမုတ်ကြသတည်း။

  14. ယာကုပ်သားတို့သည်၊ အဘမှာထားသည် အတိုင်း ပြုကြ၏။

  15. ခါနာန်ပြည်သို့ ဆောင်သွား၍၊ အာဗြဟံသည် ကိုယ်ပိုင်သောသင်္ချိုင်းဘို့၊ ဟိတ္တိအမျိုးသား ဧဖရုန်၌ ဝယ်သော မံရေမြို့ရှေ့၊ မပ္ပေလလယ်ပြင်တွင်ရှိသော မြေတွင်း၌ သင်္ဂြိုဟ်ကြ၏။

  16. မိမိတို့ အိမ်သူအိမ်သားပါလျက်၊ အဘယာကုပ်နှင့်အတူ အဲဂုတ္တုပြည်သို့ရောက်လာသော ဣသရေလ သားတို့၏အမည်ဟူမူကား၊

  17. ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊

  18. ဣသခါ၊ ဇာဗုလုန်၊ ဗင်္ယာမိန်၊

  19. ဒန်၊ နဿလိ၊ ဂဒ်၊ အာရှာတည်း။

  20. ယာကုပ် အမျိုးသားပေါင်းကား၊ ခုနစ်ဆယ်တည်း။ ယောသပ်သည် အဲဂုတ္တုပြည်၌ရှိနှင့်သတည်း။

  21. ယောသပ်နှင့် အစ်ကိုများမှစ၍၊ ထိုကာလ အမျိုးသားအပေါင်းတို့သည် သေကြကုန်၏။

  22. ဣသရေလအမျိုးသားတို့သည် သားကိုဘွား၍ အလွန်တိုးပွားများပြားသဖြင့်၊ အလွန်အားကြီး၍ တပြည်လုံး၌ နှံ့ပြားကြလေ၏။

  23. ထိုနောက်မှ အဲဂုတ္တုပြည်၌ ယောသပ်ကို မသိသော ရှင်ဘုရင်သစ်ပေါ်လာ၏။

  24. ထိုရှင်ဘုရင်ကလည်း၊ ဣသရေလအမျိုးသားတို့သည် ငါတို့ထက် သာ၍များကြ၏။ သာ၍အားကြီး ကြ၏။

  25. လာကြ၊ သူတို့ကို လိမ္မာစွာ ပြုကြစို့။ သို့မဟုတ် သူတို့သည် များပြားကြလိမ့်မည်။ နောက်တခါ စစ်မှု ရောက်လျှင် ငါတို့ရန်သူဘက်သို့ ဝင်စား၍ ငါတို့ကို တိုက်သဖြင့်၊ ပြည်တော်ထဲက ထွက်သွားကြလိမ့်မည်ဟု မိမိလူတို့အား ဆိုလေ၏။