Egypt အကြောင်း ကျမ်းစာအခန်းငယ်များ: Joseph's ten brethren arrive
Joseph's ten brethren arrive အကြောင်း အခန်းငယ်များ
အဲဂုတ္တုပြည်၌ စပါးရှိကြောင်းကို ယာကုပ် ကြားသိလျှင်၊ သင်တို့သည် အဘယ်ကြောင့် တယောက်ကို တယောက် ကြည့်ရှု၍ နေကြသနည်း။
အဲဂုတ္တုပြည်၌ စပါးရှိကြောင်းကို ငါကြားရပြီ။ ငါတို့သည်မသေ အသက်ရှင်မည်အကြောင်း၊ ထိုပြည်သို့ သွား၍ ငါတို့အဘို့ကို ဝယ်ကြလော့ဟု မိမိသားတို့အား ဆိုသည်အတိုင်း၊
ယောသပ်၏ အစ်ကိုတကျိပ်တို့သည် စပါးကို ဝယ်ခြင်းငှါ အဲဂုတ္တုပြည်သို့ သွားကြ၏။
ယောသပ်၏ညီ ဗင်္ယာမိန်ကိုကား အစ်ကိုတို့နှင့် အတူ ယာကုပ်သည်မစေမလွှတ်။ အကြောင်းမူကား၊ သူ၌ ဘေးရောက်ကောင်းရောက်လိမ့်မည်ဟု စိုးရိမ်သတည်း။
ထိုအခါ ခါနာန်ပြည်၌ အစာခေါင်းပါးသော ကြောင့်၊ အဲဂုတ္တုပြည်သို့ရောက်လာသော သူတို့တွင်၊ ဣသရေလသားတို့သည် စပါးကိုဝယ်ခြင်းငှါ လာကြ၏။
ယောသပ်သည် နိုင်ငံအုပ်ဖြစ်၍ ပြည်သား အပေါင်းတို့အား ရောင်းသောအမှုကို စီရင်လေ၏။ ယော သပ်အစ်ကိုတို့သည်လာ၍ သူ့ရှေ့မှာ ဦးညွှတ်ချကြ၏။