Egypt အကြောင်း ကျမ်းစာအခန်းငယ်များ: Joseph sends for his father
Joseph sends for his father အကြောင်း အခန်းငယ်များ
အလျင်အမြန်ထ၍ အဘထံသို့ သွားကြလော့။ အဘအားလည်း၊ သားယောသပ်က၊ ဘုရားသခင်သည် ကျွန်ုပ်ကို အဲဂုတ္တုပြည်လုံးသခင်ဖြစ်စေတော်မူပြီ။ ကျွန်ုပ်ထံသို့လာပါ၊ မဆိုင်းပါနှင့်။
အဘသည် ဂေါရှင်အရပ်၌ နေရမည်။ ကျွန်ုပ် အနားမှာရှိရမည်။ အဘမှစ၍ သားမြေး၊ သိုး၊ နွားနှင့်တကွ ရှိသမျှပါရမည်။
ထိုအရပ်၌ ကျွန်ုပ်ကျွေးမွေးပါမည်။ သို့မဟုတ် အဘမှစ၍ အိမ်သူအိမ်သားနှင့်တကွ ရှိသမျှ တို့သည် ဆင်းရဲခြင်းသို့ ရောက်ကြလိမ့်မည်။ အစာ ခေါင်းပါးသောနှစ် ငါးနှစ်ရှိသေးသည်ဟု ပြောကြလော့။