Skip to content

Circumcision အကြောင်း ကျမ်းစာအခန်းငယ်များ

79 အခန်းငယ် · 58 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုမှတပါး၊ အရေဖျားလှီးခြင်းကို မခံသောသူ သည်တရား၌ ပါသောပညတ်တို့ကို စောင့်ရှောက်လျှင်၊ ထိုသူ၏အရေဖျားမလှီးဘဲ အဖြစ်ကို အရေဖျားလှီးခြင်း အဖြစ်ကဲ့သို့ မှတ်ရသည်မဟုတ်လော။

  2. အရေဖျားလှီးခြင်းကို မခံသောသူသည်လည်း ကိုယ်အလိုအလျောက်ပညတ်တရားကို ကျင့်လျှင်၊ ကျမ်းစာနှင့်အရေဖျားလှီးခြင်းရှိလျက်ပင် ပညတ်တရားကို လွန်ကျူးသောသင်ကို တရားတွေ့၍ အရှုံးခံစေမည် မဟုတ်လော။

  3. အကြောင်းမူကား၊ အပြင်အားဖြင့်သာ ယုဒလူဖြစ်သောသူသည် ယုဒလူမှန်မဟုတ်။ အပြင်အားဖြင့်သာ ကိုယ်အသား အရေဖျားလှီးခြင်းသည် အရေဖျားလှီးခြင်း အမှန် မဟုတ်။

  4. အတွင်းအားဖြင့် ယုဒလူဖြစ်သောသူသည် ယုဒလူမှန်၏။ အရေဖျားလှီးခြင်းလည်း ကျမ်းဟောင်း တရားအားဖြင့်မဟုတ်ဘဲ၊ ဝိညာဉ်တော်တရားအားဖြင့် စိတ်နှလုံးနှင့်စပ်ဆိုင်၏။ ထိုသို့အရေးဖျားလှီးခြင်းကို ခံသောသူ၏အချီးအမွမ်းသည် လူအလိုနှင့်မဆိုင်၊ ဘုရားသခင့်အလိုတော်နှင့်ဆိုင်သတည်း။

  5. အရေဖျားလှီးခြင်းကိုခံသော သူတို့သာလျှင် ထိုမင်္ဂလာကို ရကြသလော။ သို့မဟုတ်အရေဖျားလှီးခြင်း ကိုမခံသော လူတို့သည်လည်း ရကြသလော။ အဘယ်ကြောင့်မေးသနည်းဟူမူကား၊ ယုံကြည်ခြင်းကို အာဗြဟံ၌ ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်သည်ဟု ဆိုကြ၏။

  6. ထိုသို့ဆိုသော်အဘယ်သို့ မှတ်သနည်း။ အရေ ဖျားလှီးခြင်းကို ခံပြီးမှမှတ်သလော။ မခံမှီမှတ်သလော။ ခံပြီးမှမှတ်သည်မဟုတ်။ မခံမှီမှတ်သတည်း။

  7. အရေဖျားလှီးခြင်းကို မခံဘဲယုံကြည်သော သူတို့သည် ဖြောင့်မတ်ခြင်းရှိသည်ဟု မှတ်စရာ အကြောင်းရှိစေခြင်းငှါ၊

  8. ထိုနည်းတူအာဗြဟုံ၏ အမျိုးအနွယ်ဖြစ်သော သူအပေါင်းတို့သည် အာဗြဟံ၏သားမှန်မဟုတ်။ ဣဇာတ် ၌သာ သင်၏အမျိုး တည်လိမ့်မည်ဟု ဗျာဒိတ်တော်ရှိ၏။

  9. ထိုကြောင့်၊ ဇာတိအမျိုးသားတို့သည် ဘုရားသခင်၏သားမှန်မဟုတ်။ ဂတိတော်နှင့်ဆိုင်သော သားတို့သည် အမျိုးအနွယ်မှန်သည်ဟု မှတ်တော်မူ၏။

  10. ဂတိတော်အချက်ဟူမူကား၊ ယခုမှစ၍ ကာလ အချိန်စေ့သောအခါ၊ ငါလာ၍စာရာသည် သားကို ရလိမ့်မည်ဟု လာသတည်း။

  11. ထိုမျှမက၊ ရေဗက္ကသည် ငါတို့ အဘဣဇာက်နှင့် စုံဘက်၍ ပဋိသန္ဓေစွဲယူသောအခါ၊

  12. ဘုရားသခင် ရွေးကောက်တော်မူခြင်းနှင့် ယှဉ်သောအကြံတော်သည် အကျင့်အားဖြင့် မတည်၊ ခေါ်တော်မူသော သူ၏အလိုတော်အားဖြင့်တည်မည် အကြောင်း၊ သားမဘွားမှီ၊ ထိုသားတို့သည် ကောင်းသော အကျင့်၊ မကောင်းသောအကျင့်ကိုမကျင့်မှီ၊

  13. သားအကြီးသည် သားအငယ်၌ ကျွန်ခံရလိမ့်မည်ဟု ထိုမိန်းမအား ဗျာဒိတ်ပေးတော်မူ၏။

  14. ထိုသို့နှင့်အညီ၊ ယာကုပ်ကိုငါချစ်၏။ ဧသောကို မုန်း၏ဟု ကျမ်းစာလာသတည်း။

  15. အရေဖျားလှီးခြင်းကို ခံသောသူသည် ခေါ်တော်မူခြင်းကျေးဇူးကိုခံရလျှင်၊ အရေဖျားလှီးခြင်းကို မစွန့်စေနှင့်။ အရေဖျားလှီးခြင်းကို မခံသောသူသည်လည်း ခေါ်တော်မူခြင်းကျေးဇူးကိုခံရလျှင်၊ အရေဖျား လှီးခြင်းကို မခံစေနှင့်။

  16. အရေဖျားလှီးခြင်းအားဖြင့် အကျိုးမရှိ။ မခံဘဲ နေခြင်းအားဖြင့်လည်း အကျိုးမရှိ။ ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်ရှောက်ခြင်းအားဖြင့်သာ အကျိုးရှိ၏။

  17. သို့သော်လည်း ငါနှင့်အတူပါသော ဟေလသ အမျိုးတို့ကို အရေဖျားလှီးခြင်းကို မခံစေကြ။

  18. ယေရှုခရစ်အားဖြင့် ငါတို့ခံစားသော လွှတ်ခြင်းအခွင့်ကိုချောင်းကြည့်၍ ငါတို့ကို ကျွန်ခံစေမည် အကြံနှင့်၊ ပရိယာယ်အားဖြင့်သူတပါးသွင်း၍ ငါတို့အထဲသို့ဝင်သော ညီအစ်ကို၏အယောင်ကိုဆောင်သော သူတို့ အကြောင်းကြောင့် ထိုသို့ပြုကြ၏။

  19. မှန်သောဧဝံဂေလိတရားသည် သင်တို့၌ တည်နေမည်အကြောင်း၊ ငါတို့သည်သူတို့စီရင်ခြင်းကို ခဏမျှ ဝန်မခံကြ။

  20. ငါပေါလုဆိုသည်ကား၊ သင်တို့သည် အရေဖျားလှီးခြင်းကိုခံလျှင်၊ ခရစ်တော်အားဖြင့် အဘယ်အကျိုး ကိုမျှမရနိုင်ကြ။

  21. အရေဖျားလှီးခြင်းကို ခံသောလူအပေါင်းတို့အား ငါတဖန်သက်သေခံသည်ကား၊ ထိုသို့သောသူသည် ပညတ်တရားကို အကြွင်းမဲ့ကျင့်အံ့သောငှါ ကြွေးတင်သောသူဖြစ်၏။

  22. ပညတ်တရားအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သမျှသော သင်တို့သည် ခရစ်တော်နှင့်ကွာ၍ ကျေးဇူး တရား၌မတည်၊ ရွေ့လျော့ကြပြီ။

  23. ငါတို့မူကား၊ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်မည်ဟု မြော်လင့်သောကျေးဇူးတော်ကို ဝိညာဉ်တော်အားဖြင့် ငံ့လင့်၍နေကြ၏။

  24. ယေရှုခရစ်တော်၌ အရေဖျားလှီးခြင်း အကျိုးမရှိ၊ မခံဘဲနေခြင်းလည်းအကျိုးမရှိ။ မေတ္တာအားဖြင့် ပြုပြင်တတ်သော ယုံကြည်ခြင်းသာ အကျိုးရှိ၏။

  25. အထက်ကသင်တို့သည် ကောင်းမွန်စွာ ပြေးကြ၏။ သို့ဖြစ်၍ သမ္မာတရားကို နားမထောင်စေခြင်းငှါ အဘယ်သူဆီးတားသနည်း။