Skip to content

Circumcision အကြောင်း ကျမ်းစာအခန်းငယ်များ

79 အခန်းငယ် · 58 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယခုယူသောအယူကား၊ သင်တို့ကို ခေါ်တော်မူသော သူ၏ဩဝါဒကိုအမှီပြု၍ ယူသောအယူမဟုတ်။

  2. အနည်းငယ်သောတဆေးသည် မုန့်စိမ်းတပုံလုံးကို ဖေါင်းကြွစေတတ်၏။

  3. သင်တို့သည် ကွဲပြားသောအယူရှိသမျှကို ပယ်လိမ့်မည်ဟု သခင်ဘုရားကို ငါအမှီပြု၍ စိတ်စွဲလမ်းခြင်းရှိ၏။ သင်တို့ကို နှောက်ယှက်သော သူမည်သည်ကား၊ မိမိ အပြစ်ဒဏ်ကိုခံရလိမ့်မည်။

  4. တဖန်တုံ၊ ညီအစ်ကိုတို့၊ ငါသည် အရေဖျားလှီးခြင်းတရားကို ဟောပြောသေးသည်မှန်လျှင်၊ အဘယ် ကြောင့်ညှဉ်းဆဲခြင်းကို ခံရသေးသနည်း။ ထိုသို့ပြောလျှင်၊ လက်ဝါးကပ်တိုင်တော်ကို ထိမိ၍လဲစရာအကြောင်း ပယ်ရှင်းလျက်ရှိ၏။