အကြောင်းအရာသို့ ကျော်သွားရန်

Adultery အကြောင်း ကျမ်းစာအခန်းငယ်များ

242 အခန်းငယ် · 4 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ငှက်သည် မိမိအသက်ဆုံးစေခြင်းငှါ ထောင် မှန်းကိုမရိပ်မိဘဲ၊ ကျော့ကွင်းထဲသို့ အလျင်အမြန် ဝင်သကဲ့သို့၎င်း၊ လူပျိုသည် ထိုမိန်းမနောက်သို့ ချက်ခြင်း လိုက်သွားတတ်၏။

  2. မိုက်သောမိန်းမသည် စကားသံကျယ်၍ ဉာဏ် တိမ်သဖြင့် အလျှင်းမသိတတ်။

  3. မိမိအိမ်တံခါးနားတွင် မြို့မြင့်ရာအရပ် အနေအထိုင်ပေါ်မှာ ထိုင်လျက်၊

  4. လမ်း၌တည့်တည့် ခရီးသွားသော သူတို့ကို ခေါ်၍၊

  5. ဉာဏ်တိမ်သော သူသည် ဤအရပ်သို့ဝင်စေ။ အိုပညာမရှိသောသူ၊

  6. ခိုးသောရေသည် ချို၏။ တိတ်ဆိတ်စွာစား သောမုန့်လည်း မြိန်သည်ဟု ဆိုတတ်၏။

  7. ထိုအရပ်၌ သင်္ချိုင်းသားရှိကြောင်း၊ ထိုမိန်းမ၏ ဧည့်သည်တို့သည် မရဏနိုင်ငံအနက်ဆုံး၌နေကြောင်း ကို ထိုယောက်ျားသည်မသိမမှတ်။

  8. အမျိုးပျက်သော မိန်းမ၏နှုတ်သည် နက်သော မြေတွင်းဖြစ်၏။ ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ သော သူသည်ထိုမြေတွင်းထဲသို့ ကျလိမ့်မည်။

  9. ပြည်တန်ဆာမသည် နက်သောကျုံးကဲ့သို့၎င်း၊ အမျိုးပျက်သော မိန်းမသည် ကျဉ်းသော မြေတွင်းကဲ့သို့ ၎င်း ဖြစ်၏။

  10. သူသည် ထားပြကဲ့သို့ ချောင်းကြည့်တတ်၏။ လွန်ကျူးသော ယောက်ျားများပြားစေခြင်းငှါ ပြုတတ်၏။

  11. ပညာတရားကို နှစ်သက်သောသူသည် မိမိ အဘကို ဝမ်းမြောက်စေ၏။ ပြည်တန်ဆာတို့နှင့် ပေါင်း ဘော်သောသူမူကား၊ ဥစ္စာပြုန်းတီးတတ်၏။

  12. ငါ့ဉာဏ်မမှီနိုင်သော အရာသုံးပါးမက၊ ငါမသိ၊ နားမလည်နိုင်သော အရာလေးပါးဟူမူကား၊

  13. လေ၌ရွှေလင်းတသွားရာလမ်းတပါး၊ ကျောက် ပေါ်မှာ မြွေသွားရာလမ်းတပါး၊ ပင်လယ်အလယ်၌ သင်္ဘောသွားရာလမ်းတပါး၊ အပျိုမနှင့် ယောက်ျားသွား ရာလမ်းတပါးတည်း။

  14. မျောက်မထားသော မိန်းမလမ်းလည်း ထိုအတူ ဖြစ်၏။ အစာစားပြီးမှ မိမိပစပ်ကိုသတ်၍၊ ဒုစရိုက်ကို ငါမပြုမိဟုဆိုတတ်၏။

  15. သင်၏အစွမ်းသတ္တိကို မိန်မတို့အားမပေးနှင့်။ ရှင်ဘုရင်တို့ကိုဖျက်ဆီးတတ်သာအရာ၌ သင့်၏အကျင့် အကြံ အပြုအမူတို့ကို မအပ်နှင့်။

  16. စုန်းမသား၊ မျောက်မထားသော မိန်းမသား၊ ပြည်တန်ဆာမသားတို့၊ ချဉ်းကပ်ကြလော့။

  17. သင်တို့သည် အဘယ်သူကို ကျီစယ်ကြသနည်း။ အဘယ်သူအား နှုတ်ကိုဖွင့်၍ လျှာကို ထုတ်ပြကြသနည်း။ သင်တို့သည် ဖောက်ပြန်သောအမျိုး၊ သစ္စာပျက်သော အမျိုးဖြစ်ကြသည်မဟုတ်လော။

  18. ယောက်ျား စွန့်ပစ်သော မိန်းမသည် ထွက်သွား ၍၊ အခြားသော သူ၏မယားဖြစ်ပြီးမှ၊ အရင်လင်သည် ထိုမိန်းမကို ပြန်၍ယူသင့်သလော။ ထိုသို့ပြုသော ပြည် သည် ညစ်ညူးသည်မဟုတ်လောဟု ဆိုလေ့ရှိလျက်နှင့်၊ သင်သည်များစွာသော ရည်းစားတို့၌မှီဝဲ၍ မှားယွင်းသော် လည်း၊ ငါ့ထံသို့ ပြန်လာပါဟု ထာဝရဘုရား မိန့်တော် မူ၏။

  19. ထိုသို့သော အပြစ်မှ သင့်ကို အဘယ်သို့ ငါလွှတ် နိုင်သနည်း။ သင်၏ သားသမီးတို့သည် ငါ့ကိုစွန့်၍၊ ဘုရားမဟုတ်သော သူတို့ကို တိုင်တည်လျက် ကျိန်ဆို ကြပြီ။ ငါသည်ဝစွာကျွေးသော အခါသူတို့သည် ပြည်တန် ဆာအိမ်၌ စည်းဝေး၍ မှားယွင်းကြပြီ။

  20. ဝစွာစားရသော မြင်းကဲ့သို့ဖြစ်၍၊ အသီးအသီး အိမ်နီးချင်းမယားတို့ကို တပ်သောစိတ်နှင့် ဟီကြပြီ။

  21. သင်တို့သည် သူ့ဥစ္စာကိုခိုးလျက်၊ လူအသက်ကို သတ်လျက်၊ သူ့မယားကိုပြစ်မှားလျက်၊ မဟုတ်မမှန်ဘဲ ကျိန်ဆိုလျက်၊ ဗာလဘုရားရှေ့၌ နံ့သာပေါင်းကို မီးရှို့ လျက်၊ ကိုယ်မသိဘူးသော အခြားတပါးသော ဘုရားတို့ နောက်သို့လိုက်လျက်နှင့်၊

  22. ငါ၏နာမဖြင့် သမုတ်သော ဤအိမ်တော်၌၊ ငါ့ရှေ့မှာဝင်၍ ရပ်လျက်၊ ဤရွံရှာဘွယ်သော အမှု အလုံးစုံတို့ကို ပြုသောကြောင့်၊ အကျွန်ုပ်တို့သည် ကယ် နှုတ်တော်မူခြင်း ကျေးဇူးတော်ကို ခံရပါပြီဟု လျှောက်ရ ကြမည်လော။

  23. အကြောင်းမူကား၊ မတရားသော မေထုန်၌မှီဝဲ သောသူတို့သည် တပြည်လုံး၌ အနှံ့အပြားရှိကြ၏။ ထိုသူတို့ကြောင့် တပြည်လုံးမြည်တမ်းရ၏။ တော၌ ကျက်စားရာအရပ်တို့သည် သွေ့ခြောက်ကြ၏။ ပြည်သား များလိုက်သောလမ်းသည် မဖြောင့်၊ သူတို့အစွမ်းသတ္တိ သည် တရားဘက်၌ မနေတတ်။

  24. ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းကို ခံရသော ယုဒအမျိုးသားအပေါင်းတို့က၊ ဗာဗုလုန်ရှင်ဘုရင်သည် မီးရှို့သောဇေဒကိနှင့် အာဟပ်ကဲ့သို့၊ ထာဝရဘုရားသည် သင့်ကို ဖြစ်စေတော်မူပါစေဟု ထိုသူတို့ကို ပုံဆောင်၍ ကျိန်ဆဲကြလိမ့်မည်။

  25. အကြောင်းမူကား၊ သူတို့သည် ဣသရေလအမျိုး၌ အဓမ္မအမှုကို ပြုကြပြီ။ သူ့မယားတို့ကို ပြစ်မှားကြပြီ။ ငါမမှာထားဘဲ၊ ငါ၏နာမကို အမှီပြု၍ မုသာစကားကို ဟောပြောကြပြီ။ ငါသိသည်အတိုင်း သက်သေဖြစ်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။