Skip to content

Baal

53 အခန်းငယ်

အခြားအမည်: Baal-peor

Baal ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. နက်ဖြန်နေ့၌ ဗာလက်မင်းသည် ဗာလမ်ကို ခေါ်၍ ဣသရေလအမျိုးသားအပေါင်းတို့ကို အကုန် အစင်ပြခြင်းငှါ ဗာလဘုရားနှင့်ဆိုင်သော ကုန်းရိုးပေါ်သို့ ပို့ဆောင်လေ၏။

  2. ထိုသို့ဣသရေလ အမျိုးသားတို့သည်၊ ဗာလ ပေဂုရဘုရားကို ဆည်းကပ်သောကြောင့်၊ ထာဝရဘုရား သည် အမျက်ထွက်တော်မူ၏။

  3. မောရှေ့သည် ဣသရလမင်းတို့ကို ခေါ်၍၊ ဗာလပေဂုရ ဘုရားကို ဆည်းကပ်သော သူတို့ကို သင်တို့ အသီးသီးဆိုင်သည်အတိုင်း ကွပ်မျက်ကြလော့ဟု မှာထားလေ၏။

  4. ထာဝရဘုရားသည် ဗာလပေဂုရကြောင့် ပြု တော်မူသောအမှုကို သင်တို့သည် ကိုယ်တိုင်မြင်ရကြပြီ။ ဗာလပေဂုရ၌ ဆည်းကပ်သော သူအပေါင်းတို့ကို သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့အထဲက သုတ်သင်ပယ်ရှင်းတော်မူပြီ။

  5. ထာဝရဘုရားကို စွန့်၍ ဗာလဘုရား၊ အာရှတရက်ဘုရားတို့ကို ဝတ်ပြုကြသောကြောင့်၊

  6. ထိုနေ့ညမှာ ထာဝရဘုရားက၊ သင့်အဘ၏နွားပိုက်နှင့် အသက်ခုနစ်နှစ်ရှိသော ဒုတိယနွားထီးကို ယူပြီးလျှင်၊ သင့်အဘတည်သော ဗာလဘုရား၏ ယဇ်ပလ္လင်ကို ဖြိုဖျက်၍၊ ယဇ်ပလ္လင်အနားမှာရှိသော အာရှရပင်ကို ခုတ်လှဲလော့။

  7. နံနက်စောစော မြို့သားတို့သည် ထကြသောအခါ၊ ဗာလဘုရား၏ ယဇ်ပလ္လင်သည် ပြိုပျက်လျက်၊ အနားမှာရှိသော အာရှရပင်လည်း လဲလျက်၊ နောက်တည်သော ယဇ်ပလ္လင်ပေါ်မှာ ဒုတိယနွားထီးကို ပူဇော်လျက်ရှိသည်ကို တွေ့ကြလျှင်၊

  8. ထိုအခါ မြို့သားတို့သည် ယောရှအား၊ သင်၏သားသည် ဗာလဘုရား၏ ယဇ်ပလ္လင်ကို ဖြိုဖျက်၍ အနားမှာ ရှိသော အာရှရပင်ကို ခုတ်လှဲသောကြောင့်၊ သူ့ကို အသေခံစေခြင်းငှါ ထုတ်လော့ဟု ဆိုသော်လည်း၊

  9. ယောရှသည် တဘက်၌ နေသော သူအပေါင်းတို့အား၊ သင်တို့သည် ဗာလဘုရားဘက်၌ အမှု စောင့်မည်လော။ သူ့ကို ကယ်တင်မည်လော။ သူ့ဘက်၌ အမှုစောင့်သောသူသည်၊ နံနက်မလွန်မှီ အသေခံပါလေစေ။ ဗာလသည် ဘုရားမှန်လျှင်၊ သူ၏ယဇ်ပလ္လင်ကို တစုံတယောက် ဖြိုဖျက်သော ကြောင့်၊ မိမိအမှုကို မိမိစောင့်ပါလေစေဟု ပြန်ပြော၏။

  10. ထိုသို့ ဗာလဘုရားသည် သူ၏ယဇ်ပလ္လင်ကို တစုံတယောက်ဖြိုဖျက်သောကြောင့်၊ ထိုသူတဘက် မိမိအမှုကို မိမိစောင့်ပါလေစေဟု ဆိုလျှက် သူ၏သားကို ထိုနေ့၌ ယေရုဗ္ဗာလအမည်ဖြင့် မှည့်သတည်း။

  11. နေဗတ်၏သားယေရောဗောင်ပြုသော ဒုစရိုက် အပြစ်လမ်းသို့သာလိုက်လျှင်၊ သာမညအပြစ်ရောက်မည် ဟု ထင်မှတ်လျက်၊ ဇိဒုန်မင်းကြီး ဧသဗာလသမီး ယေဇဗေလနှင့်စုံဘက်၍၊ ဗာလဘုရားကို ဝတ်ပြုကိုးကွယ်၏။

  12. ရှမာရိမြို့တွင် ဗာလဘုရား၏ ဗိမာန်၌ ဗာလဘုရားအဘို့ ယဇ်ပလ္လင်ကိုတည်၏။

  13. သို့ရာတွင်လူကို ယခုစေလွှတ်၍ ဣသရေလ အမျိုးသားအပေါင်းတို့ကို၎င်း၊ ဗာလပရောဖက်လေးရာ ငါးဆယ်ကို၎င်း၊ ယေဇဗေလစားပွဲ၌ စားသောအာရှရပရောဖက်လေးရာကို၎င်း၊ ကရမေလတောင်၊ ငါ့ထံသို့ စုဝေးစေလော့ဟုဆိုသည်အတိုင်း၊

  14. ဧလိယသည် လူများရှိရာသို့ လာ၍၊ သင်တို့ သည် ဘာသာနှစ်ပါးစပ်ကြားမှာ အဘယ်မျှကာလ ပတ်လုံး ယုံမှားသောစိတ်နှင့် နေကြလိမ့်မည်နည်း။ ထာဝရဘုရားသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့။ ဗာလသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့ဟုဆိုလျှင်၊ လူများတို့ သည် တိတ်ဆိတ်စွာ နေကြ၏။

  15. တဖန် ဧလိယက၊ ထာဝရဘုရား၏ ပရောဖက်ကား ငါတယောက်တည်း ကျန်ရစ်၏။ ဗာလ၏ပရော ဖက်ကား လေးရာငါးဆယ် ရှိကြ၏။

  16. တဖန်ဧလိယက၊ သင်တို့သည် များသောကြောင့် နွားတကောင်ကို အရင်ရွေး၍ လုပ်ကြလော့။ မီးမထည့်ဘဲ သင်တို့ဘုရားများ၏နာမကို ဟစ်ခေါ် ကြလော့ဟု ဗာလ၏ပရောဖက်တို့အားဆိုသည်အတိုင်း၊

  17. သူတို့သည် လူများပေးသော နွားကိုယူ၍ လုပ်ပြီးလျှင်၊ အိုဗာလဘုရား၊ အကျွန်ုပ်တို့အား ထူးတော်မူပါဟု နံနက်အချိန်မှစ၍ မွန်းတည့်အချိန်တိုင်အောင် ဗာလ၏ နာမကို ဟစ်ခေါ်ကြ၏။ သို့ရာတွင် ဗျာဒိတ်သံမရှိ။ ထူးသောသူလည်းမရှိ။ သူတို့သည် ကိုယ်တည်သော ယဇ်ပလ္လင်ရှေ့မှာ ကခုန်ကြ၏။ သို့ရာတွင် ဗျာဒိတ်သံမရှိ။ ထူးသောသူလည်းမရှိ။ သူတို့သည် ကိုယ်တည်သော ယဇ်ပလ္လင်ရှေ့မှာ ကခုန်ကြ၏။

  18. ဧလိယကလည်း၊ ဗာလ၏ပရောဖက်တို့ကို ဘမ်းဆီးကြလော့။ တယောက်ကိုမျှ မလွတ်စေနှင့်ဟုစီရင် သည်အတိုင်း၊ သူတို့ကို ဘမ်းဆီး၍ ဧလိယသည် ကိရှုန်ချောင်းသို့ ယူသွားပြီးလျှင် ကွပ်မျက်လေ၏။

  19. သို့ရာတွင် ဗာလရှေ့၌ ဒူထောက်ခြင်း၊ နမ်းခြင်း ကို မပြုသောသူအပေါင်းတည်းဟူသော ဣသရေလ အမျိုးသားခုနစ်ထောင်တို့ကို ငါ့အဘို့ ငါကျန်ကြွင်းစေပြီ ဟု မိန့်တော်မူ၏။

  20. ဗာလဘုရားကို ဝတ်ပြုကိုးကွယ်၍၊ အဘကျင့်လေသမျှအတိုင်း ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်သတည်း။ ဓမ္မရာဇဝင်တတိယစောင်ပြီး၏။

  21. ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကို ပြု၏။ သို့ရာတွင် မိဘကဲ့သို့မပြု။ ခမည်းတော်လုပ် သော ဗာလရုပ်တုကို ပယ်ရှား၏။

  22. တဖန်ယေဟုသည် လူအပေါင်းတို့ကို စုဝေး စေ၍၊ အာဟပ်သည် ဗာလဘုရားကို အနည်းငယ်သာ ဝတ်ပြု၏။ ငါယေဟုမူကား များစွာပြုမည်။

  23. သို့ဖြစ်၍ ဗာလဘုရား၏ ပရောဖက်များ၊ အမှုစောင့်များ၊ ယဇ်ပုရောဟိတ်များ အပေါင်းတို့ကို ခေါ်ကြ။ တယောက်မျှမကြွင်းစေနှင့်။ ငါသည် ဗာလ ဘုရားအား ယဇ်ကြီးကို ပူဇော်မည်။ ကြွင်းသောသူ မည်သည်ကား အသက်မရှင်ရဟုဆို၏။ ထိုသို့ဆိုသော်၊ ဗာလကို ကိုးကွယ်သော သူတို့ကို ဖျက်ဆီးမည် အကြံနှင့် ပရိယာယ် ပြု၍ဆို၏။

  24. ဗာလဘုရားအဘို့ ဓမ္မပွဲကို ပြင်ဆင်ကြဟု တဖန် စီရင်သည်အတိုင်း ဓမ္မပွဲကို စောင့်ရမည်ဟု ကြော်ငြာ ကြ၏။

  25. ဣသရေလပြည်တရှောက်လုံးသို့ စေလွှတ်၍၊ ဗာလတပည့် ရှိသမျှုတို့သည် တယောက်မျှ မကြွင်းလာကြ၏။ ဗာလ ကျောင်းထဲသို့ ဝင်ကြသဖြင့် တကျောင်းလုံးပြည့်လျက် ရှိ၏။