အကြောင်းအရာသို့ ကျော်သွားရန်

Baal

53 အခန်းငယ်

အခြားအမည်: Baal-peor

Baal ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယေဟုသည် အဝတ်တန်ဆာတိုက်စိုးကိုခေါ်၍၊ ဗာလဘုရားတပည့်တို့အဘို့ အဝတ်တန်ဆာကို ထုတ်ကြ ဟုဆိုသည်အတိုင်း ထုတ်လေ၏။

  2. တဖန်ရေခပ်သားယောနဒပ်နှင့်အတူ ဗာလ ကျောင်းထဲသို့ ဝင်၍၊ သင်တို့သည် ထာဝရဘုရားတပည့် တယောက်မျှမပါ၊ ဗာလဘုရားတပည့် သက်သက်ရှိစေ မည်အကြောင်း ကြည့်ရှုစစ်ကြောကြလော့ဟု ဗာလ တပည့်တို့အား ဆို၏။

  3. မီးရှို့ရာယဇ်ကို ပူဇော်မှုပြီးသောအခါ၊ ယေဟုက ဝင်၍ သတ်ကြလော့။ တယောက်ကိုမျှ မထွက်စေနှင့်ဟု တပ်သားနှင့် တပ်မှူးတို့အားဆိုသည်အတိုင်း၊တပ်သားနှင့် တပ်မှူးတို့ သည် ထားနှင့်လုပ်ကြံ၍ အသေကောင်များကို ထုတ်ပစ်ပြီးမှ၊

  4. ဗာလကျောင်းနှင့်ဆိုင်သော မြို့သို့သွား၍ ဗာလကျောင်းထဲကရုပ်တုများကို ထုတ်ပြီးလျှင် မီးရှို့ကြ၏။

  5. ဗာလ ဆင်းတုကို၎င်း၊ ကျောင်းကို၎င်း ဖြိုဖျက် ၍ ယနေ့တိုင်အောင် ကိုယ်သုတ်သင်ရာ အိမ်ဖြစ်စေ ကြ၏။

  6. ထိုသို့ယေဟုသည် ဗာလကိုဣရေလပြည်မှ ပယ်ရှားဖျက်ဆီးလေ၏။

  7. ပြည်သူပြည်သားအပေါင်းတို့သည် ဗာလ ကျောင်းသို့သွား၍ ဖြိုဖျက်ကြ၏။ ယဇ်ပလ္လလင်များနှင့် ရုပ်တုများကိုအကုန်အစင်ချိုးဖဲ့၍၊ ယဇ်ပလ္လင်တို့ရှေ့မှာ ဗာလယဇ်ပုရောဟိတ် မဿန်ကို သတ်ကြ၏။

  8. မိမိတို့ဘုရားသခင် ထာဝရဘုရား၏ ပညတ် တော်ရှိသမျှတို့ကို စွန့်၍ နွားသငယ်တည်းဟူသော သွန်းသောရုပ်တုနှင့် အာရှရပင်ကို လုပ်ကြ၏။ မိုဃ်း ကောင်းကင်တန်ဆာများကို ကိုးကွယ်၍ ဗာလဘုရားကို လည်းဝတ်ပြုကြ၏။

  9. ခမည်းတော်ဟေဇကိ ဖျက်ဆီးသောကုန်းတို့ကို ပြုပြင်၍၊ ဣသရေလရှင်ဘုရင် အာဟပ်ပြုသကဲ့သို့ ဗာလအဘို့ ယဇ်ပလ္လင်တို့ကို တည်၏။ အာရှရပင်ကို လည်း ပြုစု၏။ မိုဃ်းကောင်းကင် တန်ဆာများကိုလည်း ဝတ်ပြုကိုးကွယ်၏။

  10. နောက်တဖန်ယဇ်ပုရောဟိတ်မင်း ဟိလခိ၊ ဒုတိယယဇ် ပုရောဟိတ်များနှင့် တံခါးစောင့်များတို့သည် ဗာလဘုရား၊ အာရှရပင်၊ မိုဃ်းကောင်းကင် တန်ဆာအဘို့ လုပ်သမျှသော အသုံးအဆောင်တို့ကို ဗိမာန် တော်ထဲက ထုတ်မည်အကြောင်း ရှင်ဘုရင်စီရင်သဖြင့်၊ ယေရုရှလင် မြို့ပြင်၊ ကေဒြုန်တော၌ မီးရှို့၍ပြာကို ဗေသလမြို့သို့ ဆောင်သွားကြ၏။

  11. ယေရုရှလင်မြို့ပတ်လည် အစရှိသော ယုဒမြို့ ရွာ၌ မြင့်သော အရပ်တို့အပေါ်မှာ နံ့သာပေါင်းကို မီးရှို့ စေခြင်းငှါ၊ ယုဒရှင်ဘုရင် ခန့်ထားသော ယဇ်ပုရောဟိတ် တို့ကို၎င်း၊ ဗာလဘုရား၊ နေလရာသီစောင့် အစရှိသော မိုဃ်းကောင်းကင်တန်ဆာတို့အား နံ့သာပေါင်းကို မီးရှို့ သော သူတို့ကို၎င်း၊ သုတ်သင်ပယ်ရှင်းတော်မူ၏။

  12. လူအပေါင်းတို့သည် ဗာလကျောင်းသို့သွား၍ ဖြိုဖျက်ကြ၏။ ယဇ်ပလ္လင်များနှင့် ရုပ်တုများကိုချိုးဖဲ့၍၊ ယဇ်ပလ္လင်တို့ရှေ့မှာ ဗာလယဇ်ပုရော ဟိတ်မဿန်ကို သတ်ကြ၏။

  13. ထိုသူတို့သည် ဗာလပေဂုရဘုရား၌ မှီဝဲ၍ လူသေရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စားကြ၏။

  14. ယဇ်ပုရောဟိတ်တို့က၊ ထာဝရဘုရားသည် အဘယ်မှာ ရှိတော်မူသနည်းဟု မမေးကြ။ ကျမ်းတတ်တို့ သည် ငါ့ကိုမသိကြ။ သင်းအုပ်တို့သည် ငါ့ကို ပြစ်မှား ကြ၏။ ပရောဖက်တို့သည် ဗာလကို အမှီပြု၍ ဟောပြော လျက်၊ ကျေးဇူးမဲ့သောလမ်းသို့ လိုက်ကြ၏။

  15. သင်တို့သည် သူ့ဥစ္စာကိုခိုးလျက်၊ လူအသက်ကို သတ်လျက်၊ သူ့မယားကိုပြစ်မှားလျက်၊ မဟုတ်မမှန်ဘဲ ကျိန်ဆိုလျက်၊ ဗာလဘုရားရှေ့၌ နံ့သာပေါင်းကို မီးရှို့ လျက်၊ ကိုယ်မသိဘူးသော အခြားတပါးသော ဘုရားတို့ နောက်သို့လိုက်လျက်နှင့်၊

  16. အိုယုဒပြည်၊ သင်သည်မြို့များအရေအတွက် ရှိသည်အတိုင်း၊ သင်၏ဘုရားများရှိပါသည်တကား။ ယေရုရှလင်မြို့လမ်းများ အရေ အတွက် ရှိသည်အတိုင်း၊ ရှက်ဘွယ် သော ရုပ်တုအဘို့ ယဇ်ပလ္လင်များ၊ ဗာလဘုရားရှေ့မှာ နံ့သာပေါင်း ရှို့ရာယဇ်ပလ္လင်များကို တည်ကြပြီ။

  17. ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့သည် ဗာလ ဘုရားရှေ့မှာ နံ့သာပေါင်းကို မီးရှို့၍၊ ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ မိမိတို့အဘို့ မကောင်းသောအမှုကို ပြုသောကြောင့်၊ သင့်ကိုစိုက်တော်မူသော ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ သင်၌အမှုရောက် မည် အကြောင်းမိန့်တော်မူပြီ။

  18. ဗာလဘုရားကိုတိုင်တည်၍ ကျိန်ဆိုစေခြင်းငှါ၊ သူတို့သည် ငါ၏လူမျိုးကို သွန်သင်ဘူးသည်နည်းတူ၊ ထာဝရဘုရား အသက်ရှင်တော်မူသည်ဟု၊ ငါ၏နာမကို တိုင်တည်၍ ကျိန်ဆိုခြင်းငှါ၊ ငါ့လူမျိုး၏ ဘာသာဓလေ့ကို ကြိုးစား၍ သင်လျှင်၊ ငါ၏လူမျိုးအထဲ၌ သူတို့ကို ငါတည် စေမည်။

  19. ငါမစီရင်မမှာထား၊ ငါအလျှင်းအလိုမရှိသော ဝတ်တည်းဟူသော၊ ဗာလဘုရားရှေ့မှာ မိမိသားတို့ကို မီးရှို့၍၊ ပူဇော်ရာ ဝတ်ပြုခြင်းငှါ၊ ဗာလဘုရားဘို့ ကုန်းတို့ကို တည်လုပ်ကြပြီ။

  20. ရှမာရိပြည်သား ပရောဖက်တို့၌လည်း၊ မိုက် သောသဘောကို ငါမြင်ပြီ။ သူတို့သည် ဗာလဘုရားကို မှီဝဲ၍ ပရောဖက်ပြုသဖြင့်၊ ငါ၏လူ ဣသရေလ အမျိုးသားတို့ကို မှားယွင်းစေကြပြီ။

  21. ဘိုးဘေးတို့သည် ဗာလကြောင့် ငါ့နာမကို မေ့လျော့သကဲ့သို့၊ သူတို့သည် အိမ်နီးချင်းတယောက်ကို တယောက်ပြောတတ်သော အိပ်မက်များအားဖြင့် ငါ၏ လူမျိုးသည် ငါ့နာမကို မေ့လျော့စေမည်ဟု အကြံရှိကြ သည်တကား။

  22. ဤမြို့ကို တိုက်သော ခါလဒဲလူတို့သည်ဝင်၍ မီးရှို့ကြလိမ့်မည်။ ငါ့အမျက်ကိုနှိုးဆော်ခြင်းငှါ ဗာလ ဘုရားအဘို့ အိမ်မိုးပေါ်မှာ နံ့သာပေါင်းကိုမီးရှို၍၊ အခြား တပါးသော ဘုရားတို့အဘို့ သွန်းလောင်းရာပူဇော် သက္ကာ ကိုပြုရာ အိမ်များနှင့်တကွ၊ တမြို့လုံးကို မီးလောင်စေကြ လိမ့်မည်။

  23. သူတို့သားသမီးတို့ကို မောလုပ်ဘုရားအား ပူဇော်ခြင်းငှါ၊ ဟိန္နုံ သား၏ချိုင့်၌ရှိသော ဗာလဘုရား၏ ကုန်းတို့ကို တည်လုပ်ကြပြီ။ ယုဒအမျိုးအပေါ်သို့ အပြစ် ရောက်စေခြင်းငှါ၊ ထိုမျှလောက် စက်ဆုပ်ရွံရှာဘွယ် သောအမှုကို ငါမမှာထား၊ ငါအလျှင်အလိုမရှိဘဲ ပြုကြပြီ ဟု ထာဝရဘုရား မိန့်တော်မူ၏။

  24. ဆန်စပါး၊ စပျစ်ရည်၊ ဆီတို့ကို ငါပေးသနား သည်ဟူ၍၎င်း၊ ဗာလဘုရားအား ပူဇော်သောရွှေနှင့် ငွေကို သူ၌ ငါများပြားစေသည်ဟူ၍၎င်း သူသည် မအောက်မေ့ပါတကား။

  25. တော၌ စပျစ်သီးကဲ့သို့ ဣသရေလအမျိုးကို ငါ တွေ့၏။ သီးစသော သင်္ဘောသဖန်းပင်၌ အဦးဆုံးမှည့် သော သင်္ဘောသဖန်းသီးကဲ့သို့ သင်တို့ ဘိုးဘေးများကို ငါမြင်၏။ သူတို့သည် ကိုယ်အလိုအလျောက် ဗာလပေဂုရ ဘုရားထံသို့ သွား၍၊ ထိုရှက်ဘွယ်သောအရာအဘို့ ကိုယ်ကို အပ်နှံသဖြင့် တပ်မက်သည်အတိုင်း စက်ဆုပ် ရွံရှာဘွယ်သော အမှုတို့ကို ပြုကြ၏။