အကြောင်းအရာသို့ ကျော်သွားရန်

circa 1010–970 BC

The Reign of David

David unites the tribes, conquers Jerusalem, and establishes Israel's golden age—even through deep personal failure.

1,230 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရာဇဝင်ချုပ်ပဌမစောင် 23:32ခရစ်တော် မပေါ်မီ 1015 ခန့်

    ပရိသတ်စည်းဝေရာတဲတော်ကို၎င်း၊ သန့်ရှင်း ရာဌာနတော်ကို၎င်း၊ ထာဝရဘုရားအိမ်တော်၌ အမှု တော်ကို ဆောင်ရွက်သော ညီအစ်ကိုအာရုန်သားတို့ကို ၎င်း စောင့်ရကြမည်။

  2. ရာဇဝင်ချုပ်ပဌမစောင် 24:1ခရစ်တော် မပေါ်မီ 1015 ခန့်

    အာရုန်အမျိုးသားအသီးအခြားသင်းဖွဲ့ရာမှာ၊ အာရုန်သားကား နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တည်း။

  3. ရာဇဝင်ချုပ်ပဌမစောင် 24:2ခရစ်တော် မပေါ်မီ 1015 ခန့်

    နာဒပ်နှင့်အဘိဟုသည်သားမရှိ။ အဘ လက်ထက်တွင် သေသောကြောင့်၊ ဧလာဇာနှင့်ဣသမာ သည် ယဇ်ပုရောဟိတ်အမှုကို ဆောင်ရ၏။

  4. ရာဇဝင်ချုပ်ပဌမစောင် 24:3ခရစ်တော် မပေါ်မီ 1015 ခန့်

    ဒါဝိဒ်သည် ဧလာဇာအမျိုးဇာဒုတ်နှင့် ဣသမာ အမျိုးအဟိမလက်ကို အသီးအသီးဆောင်သင့်သည် အတိုင်းခန့်ထားလေ၏။

  5. ရာဇဝင်ချုပ်ပဌမစောင် 24:4ခရစ်တော် မပေါ်မီ 1015 ခန့်

    ဣသမာအမျိုးအကြီးအကဲထက် ဧလာဇာအမျိုး အကြီးအကဲ သာ၍များသောကြောင့်၊ ဧလာဇာအဆွေ အမျိုးအလိုက် အကြီးအကဲ တကျိပ်ခြောက်ယောက်၊ ဣသမာအဆွေအမျိုးအလိုက် အကြီးအကဲ ရှစ်ယောက် တို့ကို အသီးအသီးခွဲခန့်လေ၏။

  6. ရာဇဝင်ချုပ်ပဌမစောင် 24:5ခရစ်တော် မပေါ်မီ 1015 ခန့်

    စာရေးတံပြုလျက် အသီးအခြား ခွဲခန့်၍ သန့်ရှင်းရာဌာနအုပ်၊ ဘုရားသခင်၏အမှုတော်အုပ်တို့ကို ဧလာဇာအမျိုးနှင့် ဣသမာအမျိုးထဲက ရွေးယူရ၏။

  7. ရာဇဝင်ချုပ်ပဌမစောင် 24:6ခရစ်တော် မပေါ်မီ 1015 ခန့်

    လေဝိအမျိုးနာသနေလသား စာရေးတော် ရှေမာယသည် ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ် ဇာဒုတ်၊ အဗျာသာသား အဟိမလက်၊ ယဇ်ပုရောဟိတ် လေဝိသားအဆွေအမျိုးသူကြီးများ ရှေ့မှာနာမများကို မှတ်ရ၏။ စာရေးတံပြု၍ ဧလာဇာအမျိုးနှင့် ဣသမာ အမျိုးထဲက အလှည့်လှည့် ရွေးကောက်ခန့်ထားသော သူဟူမူကား၊

  8. ရာဇဝင်ချုပ်ပဌမစောင် 24:7ခရစ်တော် မပေါ်မီ 1015 ခန့်

    ပဌမသူယောယာရိပ်၊ ဒုတိယသူယေဒါယ၊

  9. ရာဇဝင်ချုပ်ပဌမစောင် 24:8ခရစ်တော် မပေါ်မီ 1015 ခန့်

    တတိယသူဟာရိမ်၊ စတုတ္ထသူစောရိမ်၊

  10. ရာဇဝင်ချုပ်ပဌမစောင် 24:9ခရစ်တော် မပေါ်မီ 1015 ခန့်

    ပဉ္စမသူမာလခိယ၊ ဆဌမသူမိယမိန်၊

  11. ရာဇဝင်ချုပ်ပဌမစောင် 24:10ခရစ်တော် မပေါ်မီ 1015 ခန့်

    သတ္တမသူဟက္ကုတ်၊ အဋ္ဌမသူအဘိယ၊

  12. ရာဇဝင်ချုပ်ပဌမစောင် 24:11ခရစ်တော် မပေါ်မီ 1015 ခန့်

    နဝမသူယေရွှာ၊ ဒသမသူ ရှေကနိ၊

  13. ရာဇဝင်ချုပ်ပဌမစောင် 24:12ခရစ်တော် မပေါ်မီ 1015 ခန့်

    ဧက ဒသမသူဧလျာရှိပ်၊ ဒွါဒသမသူယာကိမ်၊

  14. ရာဇဝင်ချုပ်ပဌမစောင် 24:13ခရစ်တော် မပေါ်မီ 1015 ခန့်

    တကျိပ်သုံးယောက်မြောက်သော သူဟုပ္ပ၊ တကျိပ်လေးယောက်မြောက်သောသူ ယေရှေဗပ်၊

  15. ရာဇဝင်ချုပ်ပဌမစောင် 24:14ခရစ်တော် မပေါ်မီ 1015 ခန့်

    တကျိပ်ငါးယောက်မြောက်သော သူဗိလဂ၊ တကျိပ်ခြောက်ယောက် မြောက်သောသူဣမ္မေရ၊

  16. ရာဇဝင်ချုပ်ပဌမစောင် 24:15ခရစ်တော် မပေါ်မီ 1015 ခန့်

    တကျိပ်ခုနစ်ယောက်မြောက်သော သူဟေဇိရ၊ တကျိပ်ရှစ် ယောက်မြောက်သူအပ်ဇဇ်၊

  17. ရာဇဝင်ချုပ်ပဌမစောင် 24:16ခရစ်တော် မပေါ်မီ 1015 ခန့်

    တကျိပ်ကိုးယောက်မြောက်သောသူပေသဟိ၊ နှစ်ကျိပ်မြောက်သောသူ ယေဇကျေလ၊

  18. ရာဇဝင်ချုပ်ပဌမစောင် 24:17ခရစ်တော် မပေါ်မီ 1015 ခန့်

    နှစ်ကျိပ်တယောက်မြောက်သောသူ ယာခိန်၊ နှစ်ကျိပ်နှစ်ယောက်မြောက်သောသူ ဂါမုလ၊

  19. ရာဇဝင်ချုပ်ပဌမစောင် 24:18ခရစ်တော် မပေါ်မီ 1015 ခန့်

    နှစ်ကျိပ်သုံးယောက်မြောက်သော သူဒေလာယ၊ နှစ်ကျိပ်လေးယောက်မြောက်သောသူ မာဇိတည်း။

  20. ရာဇဝင်ချုပ်ပဌမစောင် 24:19ခရစ်တော် မပေါ်မီ 1015 ခန့်

    ထိုသို့သူတို့အဘအာရုန်အား ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားမှာထားတော်မူ၍၊ အဘ အာရုန်စီရင်သည် အတိုင်းသူတို့သည် ထာဝရဘုရား၏ အိမ်တော်ကို ဝင်မြဲဝင်၍ အမှုတော်ကို ဆောင်ရွက် စေခြင်းငှါ ခွဲခန့်ခြင်းရှိသတည်း။

  21. ရာဇဝင်ချုပ်ပဌမစောင် 24:20ခရစ်တော် မပေါ်မီ 1015 ခန့်

    ကြွင်းသော လေဝိအမျိုးသားဟူမူကား၊ အာမရံ သားဖြစ်သော ရှုဗွေလ၏သားစုတွင် ယေဒေယ၊

  22. ရာဇဝင်ချုပ်ပဌမစောင် 24:21ခရစ်တော် မပေါ်မီ 1015 ခန့်

    ရေဟဘိသားစုတွင် ဣရှယာ၊

  23. ရာဇဝင်ချုပ်ပဌမစောင် 24:22ခရစ်တော် မပေါ်မီ 1015 ခန့်

    ဣဇဟာသား ဖြစ်သော ရှေလောမိတ်၏သားစုတွင် ယာဟတ်၊

  24. ရာဇဝင်ချုပ်ပဌမစောင် 24:23ခရစ်တော် မပေါ်မီ 1015 ခန့်

    ဟေဗြုန်သားစုတွင် သားအကြီးယေရိ၊ ဒုတိယ သားအာမရိ၊ တတိယသားယဟာဇေလ၊ စတုတ္ထသား ယေကမံ၊

  25. ရာဇဝင်ချုပ်ပဌမစောင် 24:24ခရစ်တော် မပေါ်မီ 1015 ခန့်

    ဩဇေလသားဖြစ်သော မိက္ခာ၏သားစုတွင် ရှမိရ၊