အကြောင်းအရာသို့ ကျော်သွားရန်

circa 1010–970 BC

The Reign of David

David unites the tribes, conquers Jerusalem, and establishes Israel's golden age—even through deep personal failure.

1,230 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရာဇဝင်ချုပ်ပဌမစောင် 23:7ခရစ်တော် မပေါ်မီ 1015 ခန့်

    ဂေရရှုံအမျိုးသားကား၊ လာဒန်နှင့်ရှိမိတည်း။

  2. ရာဇဝင်ချုပ်ပဌမစောင် 23:8ခရစ်တော် မပေါ်မီ 1015 ခန့်

    လာဒန်သားအကြီးကား၊ ယေဟေလ၊ သူ၏ညီ ဇေသံနှင့် ယောလ၊ ပေါင်းသုံးယောက်တည်း။

  3. ရာဇဝင်ချုပ်ပဌမစောင် 23:9ခရစ်တော် မပေါ်မီ 1015 ခန့်

    ရှိမိသားကား ရှေလောမိတ်၊ ဟာဇေလ၊ ဟာရန်၊ ပေါင်းသုံးယောက်တည်း။ ဤသူတို့သည်လာဒန်အဆွေ အမျိုးသူကြီးဖြစ်ကြ၏။

  4. ရာဇဝင်ချုပ်ပဌမစောင် 23:10ခရစ်တော် မပေါ်မီ 1015 ခန့်

    ရှိမိသားကား ယာဟတ်၊ ဇိဇ၊ ယုရှ၊ ဗေရိ၊ ပေါင်း လေးယောက်တည်း။

  5. ရာဇဝင်ချုပ်ပဌမစောင် 23:11ခရစ်တော် မပေါ်မီ 1015 ခန့်

    ယာဟတ်ကားအကြီးဖြစ်၏။ ဇိဇကား ဒုတိယ အရာကို ရ၏။ ယုရှနှင့်ဗေရိ၌ကားသားများစွာမရှိ။ သို့ဖြစ်၍ အဆွေအမျိုးအလိုက် စာရင်းတခုတည်း၌ ပေါင်းကြ၏။

  6. ရာဇဝင်ချုပ်ပဌမစောင် 23:12ခရစ်တော် မပေါ်မီ 1015 ခန့်

    ကောဟတ်သားကားအာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလ၊ ပေါင်းလေးယောက်တည်း။

  7. ရာဇဝင်ချုပ်ပဌမစောင် 23:13ခရစ်တော် မပေါ်မီ 1015 ခန့်

    အာမရံသားကား အာရုန်နှင့်မောရှေတည်း။ အာရုန်နှင့်သားစဉ်မြေးဆက်တို့သည် ထာဝရဘုရား ရှေ့တော်၌ နံ့သာပေါင်းကိုမီးရှို့ခြင်း၊ အမှုတော်ကို ဆောင်ရွက်ခြင်း၊ နာမတော်ကိုမြွက်၍ အစဉ်ကောင်းကြီး ပေးခြင်းအမှုကို ပြုရမည်အကြောင်း၊ အလွန်သန့်ရှင်း သောအရာတို့ကို သန့်ရှင်းစေခြင်းငှါ အခြားသူတို့နှင့် ခွဲထားသောသူဖြစ်ကြ၏။

  8. ရာဇဝင်ချုပ်ပဌမစောင် 23:14ခရစ်တော် မပေါ်မီ 1015 ခန့်

    ဘုရားသခင့်လူမောရှေ၏သားကိုကား၊ လေဝိ အမျိုးသားတို့၏ စာရင်း၌သွင်းရ၏။

  9. ရာဇဝင်ချုပ်ပဌမစောင် 23:15ခရစ်တော် မပေါ်မီ 1015 ခန့်

    မောရှေသားကားဂေရရှုံနှင့် ဧလျေဇာတည်း။

  10. ရာဇဝင်ချုပ်ပဌမစောင် 23:16ခရစ်တော် မပေါ်မီ 1015 ခန့်

    ဂေရရှုံသားတို့တွင်၊ ရှေဗွေလသည် အကြီး ဖြစ်၏။

  11. ရာဇဝင်ချုပ်ပဌမစောင် 23:17ခရစ်တော် မပေါ်မီ 1015 ခန့်

    ဧလျေဇာသားအကြီးရေဟဘိ တယောက်တည်း ရှိ၏။ ရေဟဘိ၌ကား သားအလွန်များ၏။

  12. ရာဇဝင်ချုပ်ပဌမစောင် 23:18ခရစ်တော် မပေါ်မီ 1015 ခန့်

    ဣဇဟာသားအကြီးကားရှေလောမိတ်၊

  13. ရာဇဝင်ချုပ်ပဌမစောင် 23:19ခရစ်တော် မပေါ်မီ 1015 ခန့်

    ဟေဗြုန်သားအကြီးကားယေရိ၊ ဒုတိယသား အာမရိ၊ တတိယ သားယဟာဇေလ၊ စတုတ္ထသားယေကမံ၊

  14. ရာဇဝင်ချုပ်ပဌမစောင် 23:20ခရစ်တော် မပေါ်မီ 1015 ခန့်

    ဩဇေလသားအကြီးကားမိက္ခာ၊ ဒုတိယသား ယေရှိတည်း။

  15. ရာဇဝင်ချုပ်ပဌမစောင် 23:21ခရစ်တော် မပေါ်မီ 1015 ခန့်

    မေရာရိသားကားမဟာလိနှင့် မုရှိတည်း။ မဟာလိသားကား ဧလာဇာနှင့် ကိရှတည်း။

  16. ရာဇဝင်ချုပ်ပဌမစောင် 23:22ခရစ်တော် မပေါ်မီ 1015 ခန့်

    ဧလာဇာသည်သားမရှိ။ သမီးသက်သက်ရှိ၍ သေ၏။ သူ့သမီးတို့နှင့်သူ့ညီကိရှသားတို့သည် စုံဘက် ကြ၏။

  17. ရာဇဝင်ချုပ်ပဌမစောင် 23:23ခရစ်တော် မပေါ်မီ 1015 ခန့်

    မုရှိသားကား မဟာလိ၊ ဧဒါ၊ ယေရိမုတ်၊ ပေါင်း သုံးယောက်တည်း။

  18. ရာဇဝင်ချုပ်ပဌမစောင် 23:24ခရစ်တော် မပေါ်မီ 1015 ခန့်

    ဤရွေ့ကားအသက်နှစ်ဆယ်လွန်၍ ထာဝရ ဘုရား၏ အိမ်တော်အမှုကို ဆောင်ရွက်ရသော လေဝိ အမျိုးသား အဆွေအမျိုးအလိုက် စာရင်းဝင်သော အဆွေ အမျိုးသူကြီးဖြစ်သတည်း။

  19. ရာဇဝင်ချုပ်ပဌမစောင် 23:25ခရစ်တော် မပေါ်မီ 1015 ခန့်

    ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရားသည် မိမိလူမျိုးအား ငြိမ်ဝပ်သောအခွင့်ကိုပေး၍ ကိုယ်တော်တိုင် ယေရုရှလင်မြို့၌ အစဉ်နေတော်မူသော ကြောင့်၊

  20. ရာဇဝင်ချုပ်ပဌမစောင် 23:26ခရစ်တော် မပေါ်မီ 1015 ခန့်

    လေဝိသားတို့သည် တဲတော်နှင့်တဲတော်အမှု ဆောင်ရွက်ရာ တန်ဆာများကို နောက်တဖန်မထမ်းရဟု ဒါဝိဒ်မိန့်တော်မူ၏။

  21. ရာဇဝင်ချုပ်ပဌမစောင် 23:27ခရစ်တော် မပေါ်မီ 1015 ခန့်

    နောက်ဆုံးအမိန့်တော်အတိုင်း၊ အသက် နှစ်ဆယ်လွန်သော လေဝိသားတို့ကို စာရင်းယူရ၏။

  22. ရာဇဝင်ချုပ်ပဌမစောင် 23:28ခရစ်တော် မပေါ်မီ 1015 ခန့်

    အကြောင်းမူကား၊ လေဝိသားတို့သည် အာရုန် သားတို့၏လက်ထောက်ဖြစ်သည်နှင့်အညီ၊ သန့်ရှင်းသော အရာရှိသမျှတို့ကို စင်ကြယ်စေ၍၊ ထာဝရဘုရား၏ အိမ်တော်နှင့်တန်တိုင်းများ၊ အခန်းများ၌အမှုကို ဆောင် ရွက်ရကြမည်။

  23. ရာဇဝင်ချုပ်ပဌမစောင် 23:29ခရစ်တော် မပေါ်မီ 1015 ခန့်

    ရှေ့တော်မုန့်ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာ မုန့်ညက်ကို၎င်း၊ တဆေးမဲ့မုန့်ပြား၊ သံပြားနှင့်ဖုတ်သော မုန့်၊ မုန့်ဆီကြော်ကို၎င်းလုပ်၍ ဘုရားသခင်၏ အိမ်တော် အမှုကိုလည်း ဆောင်ရွက်ရကြမည်။ တိုင်းတွာ၊ ချိန်တွယ်၊ ခြင်တွက်ခြင်းအမှုအမျိုးမျိုးကိုလည်း စီရင်ရကြမည်။

  24. ရာဇဝင်ချုပ်ပဌမစောင် 23:30ခရစ်တော် မပေါ်မီ 1015 ခန့်

    နံနက်တိုင်း၊ ညဦးတိုင်းရပ်လျက်၊ ကျေးဇူးတော် ကြီးလှပါ၏ဟု ဝန်ခံ၍ထာဝရဘုရား၏ ဂုဏ်တော်ကို လည်း ချီးမွမ်းရကြမည်။

  25. ရာဇဝင်ချုပ်ပဌမစောင် 23:31ခရစ်တော် မပေါ်မီ 1015 ခန့်

    ပညတ်တရားတော်အတိုင်းဥပုသ်နေ့၊ လဆန်း နေ့၊ ဓမ္မပွဲနေ့၊ အစဉ်မပြတ်ထာဝရဘုရားရှေ့တော်၌ မီးရှို့ရာ ယဇ်မျိုးတို့ကို ပူဇော်ရကြမည်။