အကြောင်းအရာသို့ ကျော်သွားရန်

circa 1380–1050 BC

The Judges & Ruth

Israel cycles through rebellion, oppression, and rescue under charismatic leaders—culminating in Ruth's faithful love story.

703 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တရားသူကြီးမှတ်စာ 6:31ခရစ်တော် မပေါ်မီ 1245 ခန့်

    ယောရှသည် တဘက်၌ နေသော သူအပေါင်းတို့အား၊ သင်တို့သည် ဗာလဘုရားဘက်၌ အမှု စောင့်မည်လော။ သူ့ကို ကယ်တင်မည်လော။ သူ့ဘက်၌ အမှုစောင့်သောသူသည်၊ နံနက်မလွန်မှီ အသေခံပါလေစေ။ ဗာလသည် ဘုရားမှန်လျှင်၊ သူ၏ယဇ်ပလ္လင်ကို တစုံတယောက် ဖြိုဖျက်သော ကြောင့်၊ မိမိအမှုကို မိမိစောင့်ပါလေစေဟု ပြန်ပြော၏။

  2. တရားသူကြီးမှတ်စာ 6:32ခရစ်တော် မပေါ်မီ 1245 ခန့်

    ထိုသို့ ဗာလဘုရားသည် သူ၏ယဇ်ပလ္လင်ကို တစုံတယောက်ဖြိုဖျက်သောကြောင့်၊ ထိုသူတဘက် မိမိအမှုကို မိမိစောင့်ပါလေစေဟု ဆိုလျှက် သူ၏သားကို ထိုနေ့၌ ယေရုဗ္ဗာလအမည်ဖြင့် မှည့်သတည်း။

  3. တရားသူကြီးမှတ်စာ 6:33ခရစ်တော် မပေါ်မီ 1245 ခန့်

    ထိုအခါ မိဒျန်ပြည်သား၊ အာမလက်ပြည်သား၊ အရှေ့ပြည်သားအပေါင်းတို့သည် စည်းဝေးသဖြင့်၊ ယေဇရေလချိုင့်သို့ ကူးသွား၍ တပ်ချကြ၏။

  4. တရားသူကြီးမှတ်စာ 6:34ခရစ်တော် မပေါ်မီ 1245 ခန့်

    ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဂိဒေါင်အပေါ်မှာ သက်ရောက်၍၊ သူသည် တံပိုးမှုတ်သဖြင့် အဗျေဇာသားတို့သည် လိုက်ကြ၏။

  5. တရားသူကြီးမှတ်စာ 6:35ခရစ်တော် မပေါ်မီ 1245 ခန့်

    တမန်တို့ကို မနာရှေခရိုင်မ တရှောက်လုံးသို့ စေလွှတ်၍၊ မနာရှေ အမျိုးသားတို့သည် လိုက်ကြ၏။ တဖန် အာရှာခရိုင်၊ ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်သို့ တမန်တို့ကို စေလွှတ်၍၊ ထိုခရိုင်သားတို့သည် လည်း စုဝေးရာသို့ လာကြ၏။

  6. တရားသူကြီးမှတ်စာ 6:36ခရစ်တော် မပေါ်မီ 1245 ခန့်

    ဂိဒေါင်သည်လည်း ဘုရားသခင်အား၊ ကိုယ်တော်သည် မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးကို အကျွန်ုပ်အားဖြင့် ကယ်တင်တော်မူမည်မှန်လျှင်၊

  7. တရားသူကြီးမှတ်စာ 6:37ခရစ်တော် မပေါ်မီ 1245 ခန့်

    အကျွန်ုပ်သည် သိုးတကောင်၏အမွေးကို တလင်း၌ ထားပါမည်။ သိုးမွေးသည် နှင်းစို၍၊ မြေတပြင်လုံး သွေ့ခြောက်လျှင်၊ မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးကို အကျွန်ုပ်အားဖြင့် ကယ်တင်တော် မူမည်ကို အကျွန်ုပ်သိပါမည်ဟု တောင်းလျှောက်သည်အတိုင်း ဖြစ်လေ၏။

  8. တရားသူကြီးမှတ်စာ 6:38ခရစ်တော် မပေါ်မီ 1245 ခန့်

    နံနက်စောစောထ၍ သိုးမွေးကို ညှစ်သဖြင့် နှင်းရည်သည် အင်တုံအပြည့် ရှိလေ၏။

  9. တရားသူကြီးမှတ်စာ 6:39ခရစ်တော် မပေါ်မီ 1245 ခန့်

    တဖန် ဂိဒေါင်က၊ အမျက်ထွက်တော်မမူပါနှင့်။ တကြိမ်သာ လျှောက်ပါဦးမည်။ သိုးတကောင်၏ အမွေးနှင့် ယခုတကြိမ်သာ စုံစမ်းရသော အခွင့်ကို ပေးတော်မူပါ။ မြေတပြင်လုံးသည် နှင်းစို၍ သိုးမွေးသွေ့ခြောက်ပါစေဟု ဘုရားသခင်အား တောင်းလျှောက်သည်အတိုင်း၊

  10. တရားသူကြီးမှတ်စာ 6:40ခရစ်တော် မပေါ်မီ 1245 ခန့်

    ထိုညဉ့်၌လည်းဘုရားသခင်ပြုတော်မူသဖြင့်၊ မြေတပြင်လုံးသည် နှင်းစို၍ သိုးမွေးသွေ့ခြောက်လျက် ရှိ၏။

  11. တရားသူကြီးမှတ်စာ 7:1ခရစ်တော် မပေါ်မီ 1245 ခန့်

    ယေရုဗ္ဗာလအမည်ဖြင့် ခေါ်ဝေါ်သော ဂိဒေါင်သည် နံနက်စောစောထ၍၊ ရှိသမျှသော သူတို့နှင့်တကွ ဟာရုတ်ရေတွင်းနားမှာ တပ်ချသဖြင့်၊ မိဒျန်တပ်သည် မြောက်ဘက်၊ မောရေတောင်ခြေရင်းချိုင့်၌ ရှိ၏။

  12. တရားသူကြီးမှတ်စာ 7:2ခရစ်တော် မပေါ်မီ 1245 ခန့်

    ထာဝရဘုရားကလည်း၊ သင်၌ပါသော လူတို့သည် အလွန်များ၍၊ သူတို့လက်၌ မိဒျန်လူတို့ကို ငါမအပ်ရ။ အပ်လျှင် ဣသရေလအမျိုးက၊ ငါ့လက်ရုံးသည် ငါ့ကိုကယ်တင်ပြီဟု ငါ့တဘက်၌ ဝါကြွား လိမ့်မည်။

  13. တရားသူကြီးမှတ်စာ 7:3ခရစ်တော် မပေါ်မီ 1245 ခန့်

    သို့ဖြစ်၍၊ ကြောက်လန့်သောသူ မည်သည်ကား၊ ဂိလဒ်တောင်မှ စောစော ပြန်သွားစေဟု လူများတို့ အား ဟစ်ကြော်လော့ဟု ဂိဒေါင်အား မိန့်တော်မူသဖြင့်၊ လူနှစ်သောင်းနှစ်ထောင် ပြန်သွား၍ တသောင်းကျန်ရစ်၏။

  14. တရားသူကြီးမှတ်စာ 7:4ခရစ်တော် မပေါ်မီ 1245 ခန့်

    တဖန် ထာဝရဘုရားကလည်း၊ လူတို့သည် အလွန်များသေး၏။ ရေဆိပ်သို့ ခေါ်ခဲ့လော့။ သူတို့ကို ရေဆိပ်မှာ သင့်အဘို့ ငါစုံစမ်းမည်။ ထိုအခါ ဤမည်သောသူသည် သင်နှင့်အတူ သွားရမည်ဟု ငါဆိုလျှင်၊ ထိုသူသည် သွားရမည်။ ဤမည်သော သူမသွားရဟု ငါဆိုလျှင် ထိုသူသည် မသွားရဟု မိန့်တော်မူသည်အတိုင်း၊

  15. တရားသူကြီးမှတ်စာ 7:5ခရစ်တော် မပေါ်မီ 1245 ခန့်

    ဂိဒေါင်သည် လူတို့ကို ရေဆိပ်သို့ ခေါ်ခဲ့၍၊ ထာဝရဘုရားက၊ ခွေးသည် ရေကိုလျက်၍ သောက်သကဲ့သို့ လျှာနှင့်လျက်၍ သောက်သောသူတစု၊ ဒူးထောက်လျက် ဝပ်၍ သောက်သောသူတစု၊ ထိုလူနှစ်စုကို ခွဲထားလော့ဟု ဂိဒေါင်အား မိန့်တော်မူ၏။

  16. တရားသူကြီးမှတ်စာ 7:6ခရစ်တော် မပေါ်မီ 1245 ခန့်

    ထိုအခါ မိမိလက်ခုပ်နှင့်ရေကို ယူသဖြင့် လျက်၍ သောက်သောသူ သုံးရာရှိ၏။ ကြွင်းသောသူအပေါင်း တို့သည် ရေသောက်ခြင်းငှါ ဒူးထောက်၍ ဝပ်ကြ၏။

  17. တရားသူကြီးမှတ်စာ 7:7ခရစ်တော် မပေါ်မီ 1245 ခန့်

    ထာဝရဘုရားကလည်း၊ လျက်၍ သောက်သောသူ သုံးရာအားဖြင့် သင့်ကို ငါကယ်တင်၍ မိဒျန်လူတို့ကို သင့်လက်၌အပ်မည်။ ကြွင်းသောသူတို့ကို မိမိနေရာသို့ ပြန်သွားစေဟု ဂိဒေါင်အား မိန့်တော်မူ၏။

  18. တရားသူကြီးမှတ်စာ 7:8ခရစ်တော် မပေါ်မီ 1245 ခန့်

    ထိုသူတို့သည် စားစရိတ်နှင့် တံပိုးများကို ယူ၍၊ ကြွင်းသော ဣသရေလအမျိုးသားအပေါင်းတို့ကို မိမိနေရာသို့ ဂိဒေါင်သည် လွှတ်လိုက်သဖြင့်၊ ထိုသုံးရာသော လူတို့ကိုသာ မိမိနှင့်အတူ ချန်ထားလေ၏။ မိဒျန်လူတို့သည် သူ့အောက်ချိုင့်၌ တပ်ချလျက် ရှိကြ၏။

  19. တရားသူကြီးမှတ်စာ 7:9ခရစ်တော် မပေါ်မီ 1245 ခန့်

    ထိုညဉ့်တွင် ထာဝရဘုရားက၊ ထလော့။ ရန်သူတပ်ချရာသို့ ချီသွားလော့။ သင့်လက်၌ ငါအပ်မည်။

  20. တရားသူကြီးမှတ်စာ 7:10ခရစ်တော် မပေါ်မီ 1245 ခန့်

    မချီဝံ့လျှင် သင်၏ ကျွန်ဖုရကို ရှေ့ဦးစွာ ခေါ်သွားလော့။

  21. တရားသူကြီးမှတ်စာ 7:11ခရစ်တော် မပေါ်မီ 1245 ခန့်

    သူတို့သည် အဘယ်သို့ ပြောသည်ကို ကြားလိမ့်မည်။ ထိုနောက်မှ တပ်ချရာသို့ ချီသွားခြင်းငှါ သင့်လက်အားကြီးလိမ့်မည်ဟု မိန့်တော်မူသည်အတိုင်း၊ ဂိဒေါင်သည် မိမိကျွန်ဖုရကို ခေါ်၍ ရန်သူ၏ တပ်ပြင်၌ ကင်းထိုးသော သူရှိရာသို့ သွားလေ၏။

  22. တရားသူကြီးမှတ်စာ 7:12ခရစ်တော် မပေါ်မီ 1245 ခန့်

    မိဒျန်ပြည်သား၊ အာမလက်ပြည်သား၊ အရှေ့ပြည်သားအပေါင်းတို့သည် ချိုင့်၌အိပ်လျက်၊ ကျိုင်းကောင် နှင့်အမျှ များကြ၏။ ကုလားအုပ်တို့သည်လည်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ အတိုင်းမသိ များကြ၏။

  23. တရားသူကြီးမှတ်စာ 7:13ခရစ်တော် မပေါ်မီ 1245 ခန့်

    ဂိဒေါင်သည် ရောက်သောအခါ၊ လူတယောက်သည် မိမိမြင်မက်သော အိပ်မက်ကို မိမိအပေါင်း အဘော်အား ပြန်ပြောသည်မှာ၊ ငါမြင်မက်သည်ကား၊ မုယောမုန့်တပြားသည် မိဒျန်တပ်ထဲသို့ လိမ့်၍ တဲတဆောင်ကို တွေ့လျှင်၊ ထိခိုက်မှောက်လှန် ဖြိုချလေ၏ဟု ဆိုသော်၊

  24. တရားသူကြီးမှတ်စာ 7:14ခရစ်တော် မပေါ်မီ 1245 ခန့်

    သူ၏အပေါင်းအဘော်က၊ ထိုမုန့်ပြားသည် အခြားမဟုတ် ဣသရေလအမျိုးယောရှသားဂိဒေါင်၏ ထားဖြစ်၏။ ထိုသူလက်၌ ဘုရားသခင်သည် မိဒျန်အမျိုး၊ မိဒျန်ဗိုလ်ခြေအပေါင်းကို အပ်တော်မူမည်ဟု ပြန်ပြော၏။

  25. တရားသူကြီးမှတ်စာ 7:15ခရစ်တော် မပေါ်မီ 1245 ခန့်

    ထိုအိပ်မက်နှင့် အိပ်မက်အနက်ကို ဂိဒေါင်သည် ကြားသောအခါ၊ ကိုးကွယ်၍ ဣသရေလတပ်သို့ ပြန်ပြီးလျှင်၊ ထကြ၊ ထာဝရဘုရားသည် မိဒျန်ဗိုလ်ခြေတို့ကို သင်တို့လက်၍ အပ်တော်မူမည်ဟု ဆို၏။