အကြောင်းအရာသို့ ကျော်သွားရန်

Judges of Israel အကြောင်း ကျမ်းစာအခန်းငယ်များ

42 အခန်းငယ် · 17 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သို့ရာတွင် လုယူသော သူတို့လက်မှ ကယ်လွှတ်သော တရားသူကြီးတို့ကို ထာဝရဘုရား ပေါ်ထွန်း စေတော်မူ၏။

  2. ထိုတရားသူကြီးတို့ စကားကိုလည်း သူတို့သည် နားမထောင်၊ အခြားတပါးသော ဘုရားတို့နှင့် မှားယွင်း၍ ဦးညွှတ်ကြ၏။ ဘိုးဘေးတို့သည် ထာဝရဘုရား၏ ပညတ်တော်တို့ကို ကျင့်၍ လိုက်သော လမ်းမှ သူတို့သည် အလျင်အမြန်လွဲသွားသဖြင့်၊ ဘိုးဘေးကျင့်သည်အတိုင်း မကျင့်ကြ။

  3. ထာဝရဘုရားသည် တရားသူကြီးကို ပေါ်ထွန်းစေသောအခါ သူနှင့်အတူရှိ၍၊ သူ့လက်ထက် ပတ်လုံး ဣသရေလလူတို့ကို ရန်သူ၏လက်မှ ကယ်လွှတ်တော်မူ၏။ အကြောင်းမူကား သူတို့သည် နှောင့်ရှက်ညှဉ်းဆဲခြင်းကို ခံရ၍ မြည်တမ်းကြသောအခါ ထာဝရဘုရားသည် နောင်တရတော်မူ၏။

  4. တရားသူကြီး သေသောနောက်၊ သူတို့သည် တဖန်ဘိုးဘေးထက်သာ၍ ဆိုးသဖြင့်၊ အခြားတပါးသော ဘုရားတို့နောက်သို့ လိုက်လျက် ဝတ်ပြု၍ ဦးညွှတ်ကြ၏။ မိမိတို့ အကျင့်ဓလေ့နှင့် ကြမ်းတမ်းသော လမ်းကို မစွန့်မပယ်ကြ။

  5. နောက်တဖန် ထာဝရဘုရားကို အော်ဟစ်ကြသောအခါ၊ ကယ်တင်သောသခင်၊ ကာလက်ညီ၊ ကေနတ်၏သားဩသံယေလကို သူတို့အဘို့ ပေါ်ထွန်းစေတော်မူ၏။

  6. ထာဝရဘုရား၏ ဝိညာဉ်တော်သည် သူ့အပေါ်သို့ သက်ရောက်သဖြင့်၊ သူသည် ဣသရေလအမျိုးကို အုပ်စိုး၍ စစ်ချီလေ၏။ မေသောပေါတာမိရှင်ဘုရင် ခုရှံရိရှသိမ်ကို သူ့လက်၌ ထာဝရဘုရား အပ်တော်မူသဖြင့်၊ သူသည် ထိုရှင်ဘုရင်ကို အောင်လေ၏။

  7. အနှစ်လေးဆယ်တိုင်တိုင် တပြည်လုံးငြိမ်းပြီးမှ၊ ကေနတ်၏သား ဩသံယေလသည် သေလေ၏။

  8. အဘိမလက်လက်ထက် နောက်မှ၊ ဣသရေလအမျိုးကို ကယ်တင်သောသူ ဣသခါအမျိုး၊ ဒေါဒေါသား ဖုဝါ၏သား တောလသည် ပေါ်ထွန်း၍၊ ဧဖရိမ်တောင်ပေါ်၊ ရှမိရမြို့မှာ နေလေ၏။

  9. ထိုသူသည် ဣသရေလအမျိုးကို အနှစ်နှစ်ဆယ်သုံးနှစ်ပတ်လုံး အုပ်စိုးပြီးမှ သေ၍၊ ရှိမရမြို့မှာ သင်္ဂြိုဟ်လေ၏။

  10. ထိုသူလက်ထက်နောက်မှ၊ ဂိလဒ်ပြည်သား ယာဣရသည် ပေါ်ထွန်း၍၊ ဣသရေလအမျိုးကို အနှစ်နှစ်ဆယ်နှစ်နှစ်ပတ်လုံး အုပ်စိုး၏။

  11. ထိုမင်း၌ကား သားသုံးဆယ်ရှိ၍၊ သူတို့သည် မြည်းသငယ်သုံးဆယ်တို့ကို စီးလျက် ဂိလဒ်ပြည်၌ ယာဝုတ်ယာဣရအမည်ဖြင့် ယနေ့တိုင်အောင် ခေါ်ဝေါ်သော မြို့သုံးဆယ်တို့ကို ကံကျွေးပြုကြ၏။

  12. ယာဣရသေ၍ ကာမုန်မြို့မှာ သင်္ဂြိုဟ်လေ၏။

  13. ဧဖရိမ်အမျိုးသားတို့သည် စည်းဝေး၍ မြောက်သို့ ချီသွားလျှင်၊ ယေဖသအား သင်သည် ငါတို့ကို မခေါ်ဘဲ၊ အမ္မုန်အမျိုးသားတို့ကို အဘယ်ကြောင့် တိုက်ခြင်းငှါ သွားသနည်း။ သင့်အိမ်ကို သင့်အပေါ်မှာ မီးရှို့မည်ဟု ဆိုကြသော်၊

  14. ယေဖသက၊ ငါနှင့် ငါ၏လူတို့သည် အမ္မုန်အမျိုးသားတို့နှင့် ကြီးသောအမှု ရှိစဉ်အခါ၊ သင်တို့ကို ငါခေါ်သော်လည်း၊ သင်တို့သည် အမ္မုန်လူတို့လက်မှ ငါ့ကို မကယ်မနှုတ်ဘဲ နေကြ၏။

  15. မကယ်မနှုတ်ကြောင်းကို ငါသည် သိမြင်သောအခါ၊ ကိုယ်အသက်ကို စွန့်စားလျက် အမ္မုန်အမျိုးသား တို့ကို တိုက်ခြင်းငှါ သွား၍ ထာဝရဘုရားသည် သူတို့ကို ငါ့လက်၌ အပ်တော်မူ၏။ သင်တို့သည် ငါ့ကို တိုက်ခြင်းငှါ အဘယ်ကြောင့် ယနေ့ လာကြသနည်းဟု ပြောဆိုပြီးလျှင်၊

  16. ဂိလဒ်ပြည်သားအပေါင်းတို့ကို စုဝေးစေ၍ ဧဖရိမ်အမျိုးကို တိုက်ကြ၏။ ဧဖရိမ်လူတို့က၊ သင်တို့သည် ဧဖရိမ်အမျိုး၊ မနာရှေအမျိုးထဲက ထွက်ပြေး၍ အမျိုးမစစ်သောသူ ဖြစ်သည်ဟု ဂိလဒ်ပြည်သားတို့ကို ကဲ့ရဲ့ဘူးသောကြောင့်၊ ဧဖရိမ်လူတို့ကို လုပ်ကြံကြ၏။

  17. ဂိလဒ်လူတို့သည် ဧဖရိမ်လူတို့ရှေ့မှာ ယော်ဒန်မြစ်ကူးရာအရပ်တို့ကို ဆီးတား၍ ပြေးလွတ်သော ဧဖရိမ်လူက၊ ကူးပါရစေဟု အခွင့်တောင်းသောအခါ၊ ဂိလဒ်လူတို့က၊ သင်သည် ဧဖရိမ်အမျိုးသား ဖြစ်သလောဟု မေးစစ်သော်၊ သူက မဟုတ်ပါဟု ဆိုလျှင်၊

  18. သူတို့က၊ ရှိဗောလက်ဟူသော စကားကို ပြောတော့ဟုဆိုသော်၊ ဧဖရိမ်လူသည် ထိုစကားကို ပြီအောင် မပြောတတ်ဘဲ သိဗောလက်ဟု ပြော၏။ ထိုသို့ပြောသောသူကို ဘမ်းဆီး၍ ယော်ဒန်မြစ်ကူးရာအရပ် ၌ သတ်ကြ၏။ ထိုအခါ ဧဖရိမ်အမျိုးသား လေးသောင်းနှစ်ထောင် သေကြ၏။

  19. ဂိလဒ်ပြည်သားယေဖသသည် ဣသရေလအမျိုးကို ခြောက်နှစ်အုပ်စိုးပြီးမှ သေ၍ ဂိလဒ်မြို့တမြို့၌ သင်္ဂြိုဟ်လေ၏။

  20. ယေဖသနောက်မှ ဗက်လင်မြို့သား ဣဗဇန်သည်၊ ဣသရေလအမျိုးကို အုပ်စိုး၏။

  21. ထိုမင်းသည် သားသုံးဆယ်၊ သမီးသုံးဆယ် ရှိ၏။ သမီးများကို အခြားတပါးသို့ စေလွှတ်၍ ချွေးမ သုံးဆယ်ကို သိမ်းထား၏။

  22. ဣဗဇန်သည် ဣသရေလအမျိုးကို ခုနစ်နှစ်အုပ်စိုးပြီးမှ သေ၍ ဗက်လင်မြို့၌ သင်္ဂြိုဟ်လေ၏။

  23. ဣဗဇန်နောက်မှ ဇာဗုလုန်အမျိုးသားဧလုန်သည်၊ ဣသရေလအမျိုးကို ဆယ်နှစ်အုပ်စိုး၏။

  24. ထိုမင်းသေ၍ ဇာဗုလုန်ခရိုင်၊ အာဇလုန်မြို့၌ သင်္ဂြိုဟ်လေ၏။

  25. ဧလုန်နောက်မှ ပိရသုန်မြို့နေ ဟိလေလ၏သား အာဗဒုန်သည်၊ ဣသရေလအမျိုးကို အုပ်စိုး၏။