အကြောင်းအရာသို့ ကျော်သွားရန်

Judges of Israel အကြောင်း ကျမ်းစာအခန်းငယ်များ: The sons of Samuel

5 အခန်းငယ် · 17 ရှုထောင့်

The sons of Samuel အကြောင်း အခန်းငယ်များ

  1. ရှမွေလသည် အသက်ကြီးသောအခါ၊ မိမိသားတို့ကို ဣသရေလအမျိုး၌ အုပ်စိုးရသော အခွင့်နှင့် ခန့်ထား၏။

  2. သားဦးအမည်ကား ယောလ၊ ဒုတိယသားအမည်ကား အဘိရတည်း။ ထိုသူတို့သည် ဗေရရှေဗမြို့၌ တရားသူကြီးလုပ်ကြ၏။

  3. သို့ရာတွင် အဘလမ်းသို့မလိုက်။ ငွေကို တပ်မက်သော စိတ်နှင့် လွဲသွား၍ တံစိုးစားလျက် တရားကို ဖျက်ကြ၏။

  4. ထိုအခါ ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့သည် စည်းဝေး၍၊ ရှမွေလရှိရာ အရပ် ရာမမြို့သို့လာပြီးလျှင်၊

  5. ကိုယ်တော်သည် အသက်ကြီးပါ၏။ ကိုယ်တော်၏သားတို့သည် ကိုယ်တော်လမ်းသို့ မလိုက်ကြပါ။ လူမျိုးအပေါင်းတို့၏ ထုံးစံရှိသည်အတိုင်း အကျွန်ုပ်တို့ကို အုပ်စိုးရသော ရှင်ဘုရင်ကို ချီးမြှောက်ပါ လော့ဟု လျှောက်ကြ၏။