အကြောင်းအရာသို့ ကျော်သွားရန်

circa 800–400 BC

The Hebrew Prophets

God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.

3,706 အခန်းငယ် · 14 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဇေဖနိအနာဂတ္တိကျမ်း 2:9ခရစ်တော် မပေါ်မီ 630 ခန့်

    သို့ဖြစ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား၊ မောဘပြည်နှင့် အမ္မုန်ပြည်သည်၊ သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့ ဆူးပင်ပေါက်သောအရပ်၊ ဆားချက်ဘို့ မြေတူးရာအရပ်၊ အစဉ်အမြဲပျက်စီးရာ အရပ်ဖြစ်၍၊ ကျန်ကြွင်းသော ငါ၏လူ၊ ငါ၏အမျိုးသားတို့သည် လုယူ သိမ်းစားကြလိမ့်မည်။

  2. ဇေဖနိအနာဂတ္တိကျမ်း 2:10ခရစ်တော် မပေါ်မီ 630 ခန့်

    ထိုသူတို့သည် မာနကြီးသော သူဖြစ်၍၊ ကဲ့ရဲ့ လျက်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ လူမျိုး တဘက်၌ ဝါကြွားသောကြောင့် ထိုသို့သော အပြစ်ကို ခံရကြလိမ့်မည်။

  3. ဇေဖနိအနာဂတ္တိကျမ်း 2:11ခရစ်တော် မပေါ်မီ 630 ခန့်

    ထာဝရဘုရားသည် သူတို့တဘက်၌ ကြောက် မက်ဘွယ်ဖြစ်၍၊ လောကီဘုရားရှိသမျှတို့ကို အငတ်ထား တော်မူလိမ့်မည်။ တပါးအမျိုးသားနေရာ ကျွန်းရှိသမျှတို့ သည် အသီးအသီး မိမိတို့အရပ်၌ ရှိခိုးကြလိမ့်မည်။

  4. ဇေဖနိအနာဂတ္တိကျမ်း 2:12ခရစ်တော် မပေါ်မီ 630 ခန့်

    အို ကုရှပြည်သားတို့၊ သင်တို့သည်လည်း ငါ့ထား ဖြင့် အသေခံရကြလိမ့်မည်။

  5. ဇေဖနိအနာဂတ္တိကျမ်း 2:13ခရစ်တော် မပေါ်မီ 630 ခန့်

    မြောက်မျက်နှာကိုလည်း တိုက်၍ အာရှုရိပြည် ကို ဖျက်ဆီးတော်မူမည်။ နိနေဝေမြို့ကို လူဆိတ်ညံရာ အရပ်၊ လွင်ပြင်ကဲ့သို့ သွေ့ခြောက်သော အရပ်ဖြစ်စေ တော်မူမည်။

  6. ဇေဖနိအနာဂတ္တိကျမ်း 2:14ခရစ်တော် မပေါ်မီ 630 ခန့်

    မြို့အလယ်၌ သိုးစုများနှင့် တပါးအမျိုးသားရဲ အပေါင်းတို့သည် အိပ်ကြလိမ့်မည်။ ဝံပိုနှင့်ဖြူတို့သည် တံခါးထုပ်၌ နေရာကျ၍ ပြတင်းပေါက်၌ မြည်ကြလိမ့် မည်။ တံခါးခုံတို့သည် လူဆိတ်ညံလျက်၊ အာရဇ်သစ်သား ၌ အပြော်ပယ်ရှင်းလျက် ရှိလိမ့်မည်။

  7. ဇေဖနိအနာဂတ္တိကျမ်း 2:15ခရစ်တော် မပေါ်မီ 630 ခန့်

    ထိုမြို့က၊ ငါရှိ၏။ ငါမှတပါး အဘယ်သူမျှ မရှိ ဟု ဆိုလျက် သောကနှင့် ကင်းလွတ်၍ ဝမ်းမြောက်လျက် နေဘူးသော မြို့ဖြစ်ပါသည်တကား။ ယခုမှာ သုတ်သင် ပယ်ရှင်းရာ၊ သားရဲအိပ်ရာ သူအပေါင်းတို့သည် ကဲ့ရဲ့သံ ကို ပြု၍ လက်ဖျားခါကြလိမ့်မည်။

  8. ဇေဖနိအနာဂတ္တိကျမ်း 3:1ခရစ်တော် မပေါ်မီ 630 ခန့်

    ဆန့်ကျင်ဘက်ပြု၍ ညစ်ညူးလျက် ညှဉ်းဆဲ တတ်သော မြို့သည် အမင်္ဂလာရှိ၏။

  9. ဇေဖနိအနာဂတ္တိကျမ်း 3:2ခရစ်တော် မပေါ်မီ 630 ခန့်

    နှုတ်ကပတ်တော်အသံကို နားမထောင်၊ ဆုံးမ တော်မူခြင်းကိုမခံ၊ ထာဝရဘုရားကို မခိုလှုံ၊ မိမိ ဘုရား သခင့်ထံတော်သို့ မချဉ်းကပ်၊

  10. ဇေဖနိအနာဂတ္တိကျမ်း 3:3ခရစ်တော် မပေါ်မီ 630 ခန့်

    မြို့အလယ်၌ မင်းများတို့သည် ဟောက်သော ခြင်္သေ့ဖြစ်ကြ၏။ တရားသူကြီးတို့သည် နံနက်တိုင်အောင် အဘယ်အရာကိုမျှမချန်မထား၊ ညဉ့်၌ လှည့်လည်တတ် သောတောခွေးဖြစ်ကြ၏။

  11. ဇေဖနိအနာဂတ္တိကျမ်း 3:4ခရစ်တော် မပေါ်မီ 630 ခန့်

    ပရောဖက်တို့သည် လျှပ်ပေါ်သောသူ၊ သစ္စာ ပျက်သောသူဖြစ်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် သန့် ရှင်းရာဌာနတော်ကို ညစ်ညူးစေ၍ တရားတော်ကိုလည်း ရှုတ်ချကြ၏။

  12. ဇေဖနိအနာဂတ္တိကျမ်း 3:5ခရစ်တော် မပေါ်မီ 630 ခန့်

    သို့သော်လည်း၊ ထာဝရဘုရားသည် မြို့အလယ် ၌ တရားသဖြင့် ပြုတော်မူ၏။ မတရားသော အမှုကို ပြုတော်မမူ။ နံနက်အစဉ်အတိုင်း မိမိဖြောင့်မတ်ကြောင်း ကို မချွတ်မယွင်း ဘော်ပြတော်မူ၏။ သို့သော်လည်းဒ၊ အဓမ္မလူတို့သည် ရှက်ကြောက်ခြင်းမရှိကြ။

  13. ဇေဖနိအနာဂတ္တိကျမ်း 3:6ခရစ်တော် မပေါ်မီ 630 ခန့်

    လူအမျိုးမျိုးတို့ကို ငါပယ်ဖြတ်၍ သူတို့ရဲတိုက် များကို ဖျက်ဆီးလေပြီ။ လမ်းတို့၌ အဘယ်သူမျှ မသွား မလာစေခြင်းငှါ လူဆိတ်ညံစေပြီ။ မြို့တို့ကိုလည်း လူတစုံ တယောက်မျှ မနေစေခြင်းငှါ ဖျက်ဆီးလေပြီ။

  14. ဇေဖနိအနာဂတ္တိကျမ်း 3:7ခရစ်တော် မပေါ်မီ 630 ခန့်

    ထိုအခါ ငါက၊ အကယ်စင်စစ် ဤမျှလောက် ငါဆုံးမပြီးမှ သင်သည် ကိုယ်နေရာကို မပယ်ရှင်းစေခြင်း ငှါ၊ ငါ့ကို ကြောက်ရွံ့၍ နည်းခံလိမ့်မည်ဟု ဆိုသော်လည်း၊ သူတို့သည် ကြိုးစား၍ မှားယွင်းသော အကျင့်ကိုသာ ကျင့်ကြ၏။

  15. ဇေဖနိအနာဂတ္တိကျမ်း 3:8ခရစ်တော် မပေါ်မီ 630 ခန့်

    သို့သော်လည်း၊ ထာဝရဘုရား မိန့်တော်မူသည် ကား၊ ဘမ်းဆီးလုယက်ခြင်းငှါ ငါမထမှီတိုင်အောင် ငါ့ကို ငံ့လင့်ကြလော့။ တိုင်းနိုင်ငံပြည်သားအမျိုးမျိုးတို့ကို စုဝေး စေ၍၊ ငါ့အမျက်၊ ငါ့ဒေါသအရှိန်ကို အကုန်အစင် သွန်း လောင်းမည်ဟု ငါအကြံရှိ၏။ ငါ့ဒေါသမီးသည် မြေ တပြင်လုံးကို လောင်ရလိမ့်မည်။

  16. ဇေဖနိအနာဂတ္တိကျမ်း 3:9ခရစ်တော် မပေါ်မီ 630 ခန့်

    အကယ်စင်စစ် လူမျိုးအပေါင်းတို့သည် ထာဝရ ဘုရား၏အမှုတော်ကို တညီတညွတ်တည်း ဆောင်ရွက် မည်အကြောင်း၊ နာမတော်ကို ပဌနာပြုစေခြင်းငှါ သန့် ရှင်းသော ဘာသာစကားကို သူတို့အား ငါပြန်ပေးမည်။

  17. ဇေဖနိအနာဂတ္တိကျမ်း 3:10ခရစ်တော် မပေါ်မီ 630 ခန့်

    ကုရှပြည်၏မြစ်တို့တဘက်၊ အရပ်ရပ်၌ ကွဲပြား လျက်နေသော ငါ၏လူမျိုးသတို့သမီး၊ ငါ့ကို တောင်းပန် သော သူတို့သည် ငါ့အဘို့ ပူဇော်သက္ကာကို ဆောင်ခဲ့ကြ လိမ့်မည်။

  18. ဇေဖနိအနာဂတ္တိကျမ်း 3:11ခရစ်တော် မပေါ်မီ 630 ခန့်

    ငါ့ကို ပြစ်မှားသောအပြစ်များကြောင့် ထိုအခါ သင်သည် အရှက်ကွဲခြင်းကို မခံရ။ သင်၏ဂုဏ်အသရေ ကြောင့် ဝါကြွားသော သူတို့ကို သင့်အလယ်၌ ငါပယ်ရှား မည်။ သင်သည်လည်း ငါ၏သန့်ရှင်းသော တောင်ကို အမှီပြု၍ နောက်တဖန်မာနမထောင်လွှားရ။

  19. ဇေဖနိအနာဂတ္တိကျမ်း 3:12ခရစ်တော် မပေါ်မီ 630 ခန့်

    နှိမ့်ချဆင်းရဲသော အမျိုးကို သင့်အလယ်၌ ငါချန်ထားမည်။ ထိုသူတို့သည် ထာဝရဘုရား၏ နာမ တော်ကို ခိုလှုံကြလိမ့်မည်။

  20. ဇေဖနိအနာဂတ္တိကျမ်း 3:13ခရစ်တော် မပေါ်မီ 630 ခန့်

    ကျန်ကြွင်းသော ဣသရေလအမျိုးသားတို့သည် မတရားသောအမှုကို မပြုရကြ။ မုသာမပြောရကြ။ သူတို့ နှုတ်၌ လှည့်စားတတ်သော လျှာမရှိရ။ အဘယ်သူမျှ မကြောက်စေဘဲ စားသောက်လျက်၊ အိပ်လျက်နေရကြ လိမ့်မည်။

  21. ဇေဖနိအနာဂတ္တိကျမ်း 3:14ခရစ်တော် မပေါ်မီ 630 ခန့်

    အိုဇိအုန်သတို့သမီး၊ သီချင်းဆိုလော့။ အို ဣသ ရေလအမျိုး၊ ကြွေးကြော်လော့။ အိုယေရုရှလင်သတို့သမီး၊ စိတ်နှလုံးအကြွင်းမဲ့ ဝမ်းမြောက်ရွှင်လန်းလော့။

  22. ဇေဖနိအနာဂတ္တိကျမ်း 3:15ခရစ်တော် မပေါ်မီ 630 ခန့်

    ထာဝရဘုရားသည် သင်၏အပြစ်ဒဏ်တို့ကို ပပျောက်စေ၍၊ သင်၏ရန်သူတို့ကို ပယ်ရှားတော်မူပြီ။ ဣသရေလအမျိုး၏ ရှင်ဘုရင်ထာဝရဘုရားသည် သင့် အလယ်၌ ရှိတော်မူ၏။ သင်သည် နောက်တဖန်ဘေး ဥပဒ်နှင့်မတွေ့မကြုံရ။

  23. ဇေဖနိအနာဂတ္တိကျမ်း 3:16ခရစ်တော် မပေါ်မီ 630 ခန့်

    မစိုးရိမ်ပါနှင့်ဟု၊ ယေရုရှလင်မြို့အား၎င်း၊ လက် အား မလျှော့စေနှင့်ဟု၊ ဇိအုန်တောင်အား၎င်း ထိုအခါ ဆိုရ၏။

  24. ဇေဖနိအနာဂတ္တိကျမ်း 3:17ခရစ်တော် မပေါ်မီ 630 ခန့်

    သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့် အလယ်၌ရှိ၍၊ တန်ခိုးကြီးသောဘုရားသည် သင့်ကို ကယ်တင်တော်မူလိမ့်မည်။ သင်၌ အားရ၍ ဝမ်းမြောက် တော်မူလိမ့်မည်။ ချစ်ခြင်းမေတ္တာ၌ ကျိန်းဝပ်၍၊ သီချင်း ဆိုခြင်းနှင့်တကွ သင်၌ ဝမ်းမြောက်တော်မူလိမ့်မည်။

  25. ဇေဖနိအနာဂတ္တိကျမ်း 3:18ခရစ်တော် မပေါ်မီ 630 ခန့်

    ကဲ့ရဲ့ခြင်းဝန်ကို သင်ထမ်းရာအကြောင်းတည်း ဟူသော၊ သင်နှင့်ဝေး၍ ဓမ္မပွဲကို မခံရဘဲ ညှိုးငယ်လျက် ရှိသော သူတို့ကို ငါစုဝေးစေမည်။