အကြောင်းအရာသို့ ကျော်သွားရန်

circa 800–400 BC

The Hebrew Prophets

God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.

3,706 အခန်းငယ် · 14 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဟောရှေအနာဂတ္တိကျမ်း 7:11ခရစ်တော် မပေါ်မီ 780 ခန့်

    ဧဖရိမ်သည် ဉာဏ်မရှိ၊ မိုက်သော ချိုးနှင့်တူ၏။ အဲဂုတ္တုပြည်ကို ဟစ်ခေါ်တတ်၏။ အာရှုရိပြည်သို့ ပြေး တတ်၏။

  2. ဟောရှေအနာဂတ္တိကျမ်း 7:12ခရစ်တော် မပေါ်မီ 780 ခန့်

    သွားလေရာရာတွင် ငါ့ပိုက်နှင့်သူတို့ကို ငါအုပ်မိ မည်။ မိုဃ်းကောင်းကင်ငှက်ကိုကဲ့သို့ မြေသို့နှိပ်ချမည်။ သူတို့စည်းဝေးရာ၌ ကြားသည်အတိုင်းငါဆုံးမမည်။

  3. ဟောရှေအနာဂတ္တိကျမ်း 7:13ခရစ်တော် မပေါ်မီ 780 ခန့်

    သူတို့သည် ငါ့ထံမှ ထွက်၍ လည်သောကြောင့် အမင်္ဂလာရှိကြ၏။ ငါ့ကိုပြစ်မှားသောကြောင့် ဖျက်ဆီး ဘို့ရာ ဖြစ်ကြ၏။ သူတို့ကို ငါရွေးနှုတ်သော်လည်း၊ ငါ့တဘက်၌ မုသာစကားကို ပြောကြ၏။

  4. ဟောရှေအနာဂတ္တိကျမ်း 7:14ခရစ်တော် မပေါ်မီ 780 ခန့်

    သူတို့သည် အိပ်ရာပေါ်မှာ မြည်တမ်းသော် လည်း၊ စေတနာစိတ်နှင့် ငါ့ကို မအော်ဟစ်ကြ။ ဆန်စပါး၊ စပျစ်ရည်ကို ရခြင်းငှါ စည်းဝေး၍ ငါ့ကိုပုန်ကန်ကြ၏။

  5. ဟောရှေအနာဂတ္တိကျမ်း 7:15ခရစ်တော် မပေါ်မီ 780 ခန့်

    ငါသည် ဆုံးမသော်၎င်း၊ သူတို့ကို ခိုင်ခံ့စေသော်၎င်း၊ ငါ့တဘက်၌ မကောင်းသော အကြံကိုကြံစည်ကြ၏။

  6. ဟောရှေအနာဂတ္တိကျမ်း 7:16ခရစ်တော် မပေါ်မီ 780 ခန့်

    အကျိုးနည်းရှိကြ၏။ လိမ်တတ်သောလေးကဲ့သို့ ဖြစ်ကြ၏။ မင်းတို့သည် စော်ကားသောကြောင့် ထားဖြင့် သေ၍ အဲကုတ္တုပြည်သားတို့၏ ကဲ့ရဲ့ခြင်းကို ခံရကြလိမ့် မည်။

  7. ဟောရှေအနာဂတ္တိကျမ်း 8:1ခရစ်တော် မပေါ်မီ 780 ခန့်

    တံပိုးမှုတ်လော့။ ရန်သူသည် ရွှေလင်းတကဲ့သို့ ထာဝရဘုရား၏အိမ်တော်သို့ လာလိမ့်မည်။ အကြောင်း မူကား၊ သူတို့သည် ငါ့ပဋိညာဉ်ကို ဖျက်၍ ငါ့တရားကို လွန်ကျူးကြပြီ။

  8. ဟောရှေအနာဂတ္တိကျမ်း 8:2ခရစ်တော် မပေါ်မီ 780 ခန့်

    သို့ရာတွင် သူတို့က၊ အကျွန်ုပ်တို့၏ ဘုရားသခင်၊ အကျွန်ုပ်တို့သည် ဣသရေလအမျိုးဖြစ်၍ ကိုယ်တော်ကို သိကြပါ၏ဟု ငါ့အား ကြွေးကြော်ကြသည်တကား။

  9. ဟောရှေအနာဂတ္တိကျမ်း 8:3ခရစ်တော် မပေါ်မီ 780 ခန့်

    ဣသရေလအမျိုးသည် ကောင်းသောအရာကို စွန့်ပစ်သောကြောင့်၊ ရန်သူညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။

  10. ဟောရှေအနာဂတ္တိကျမ်း 8:4ခရစ်တော် မပေါ်မီ 780 ခန့်

    သူတို့သည် ငါ၏အခွင့်မရှိဘဲ ကိုယ်အလို အလျောက် ရှင်ဘုရင်တို့ကို ချီးမြှောက်ကြပြီ။ ငါမသိရဘဲ မင်းတို့ကို ခန့်ထားကြပြီ။ ကိုယ်အကျိုးနည်းစေခြင်းငှါ၊ ကိုယ်ရွှေငွေနှင့်ကိုယ်အဘို့ ရုပ်တုများကိုလုပ်ကြပြီ။

  11. ဟောရှေအနာဂတ္တိကျမ်း 8:5ခရစ်တော် မပေါ်မီ 780 ခန့်

    အိုရှမာရိ၊ သင်၏ နွားသငယ်ကို စွန့်ပစ်လော့။ ကိုးကွယ်သော သူများကို ငါအမျက်ထွက်၏။ သူတို့သည် အဘယ်မျှကာလပတ်လုံး သန့်ရှင်းခြင်းတရားကို မမှီနိုင် ဘဲ နေရကြလိမ့်မည်နည်း။

  12. ဟောရှေအနာဂတ္တိကျမ်း 8:6ခရစ်တော် မပေါ်မီ 780 ခန့်

    ထိုနွားသငယ်သည် ဣသရေလအမျိုး ကြံစည် ၍ ဖြစ်၏။ ဆရာသမားလုပ်သောကြောင့် ဘုရားမဟုတ်။ အကယ်စင်စစ် ရှမာရိနွားသငယ်သည် အပိုင်းပိုင်း ကျိုးပဲ့ ရလိမ့်မည်။

  13. ဟောရှေအနာဂတ္တိကျမ်း 8:7ခရစ်တော် မပေါ်မီ 780 ခန့်

    လေမျိုးစေ့ကို ကြဲ၍ လေဘွေစပါးကို ရိတ်ရကြ လိမ့်မည်။ စပါးပင် မရှိရ။ အနှံထဲက မုန့်ညက်မထွက်ရ။ ထွက်သော်လည်း တကျွန်းတနိုင်ငံသားတို့သည် စားကြ လိမ့်မည်။

  14. ဟောရှေအနာဂတ္တိကျမ်း 8:8ခရစ်တော် မပေါ်မီ 780 ခန့်

    ဣသရေလအမျိုးသည် တိမ်မြုပ်လေပြီ။အဘယ် သူမျှ မနှစ်သက်သော တန်ဆာကဲ့သို့ တပါးအမျိုးသားတို့ တွင် ရှိရလိမ့်မည်။

  15. ဟောရှေအနာဂတ္တိကျမ်း 8:9ခရစ်တော် မပေါ်မီ 780 ခန့်

    အာရှုရိပြည်သို့ အလိုလိုသွားလေပြီတကား။ ဧဖရိမ်သည် ကိုယ်အဘို့တကောင်တည်းနေသော မြည်း ရိုင်းကဲ့သို့ဖြစ်၍၊ ရည်းစားတို့အား ဆုချလေပြီ။

  16. ဟောရှေအနာဂတ္တိကျမ်း 8:10ခရစ်တော် မပေါ်မီ 780 ခန့်

    တပါးအမျိုးသားတို့အား ဆုချသော်လည်း၊ ချက် ခြင်းလူများကို ငါစုဝေးစေမည်။ မကြာမမြင့်မှီ ရှင်ဘုရင် နှင့် မင်းများတင်သော ဝန်ကို ပင်ပန်းစွာ ထမ်းရကြလိမ့် မည်။

  17. ဟောရှေအနာဂတ္တိကျမ်း 8:11ခရစ်တော် မပေါ်မီ 780 ခန့်

    ဧဖရိမ်သည် များစွာသော ယဇ်ပလ္လင်တို့ကို အပြစ်အဘို့ လုပ်သောကြောင့်၊ ယဇ်ပလ္လင်တို့ကို သူ၏ အပြစ်ဟူ၍ မှတ်ရလိမ့်မည်။

  18. ဟောရှေအနာဂတ္တိကျမ်း 8:12ခရစ်တော် မပေါ်မီ 780 ခန့်

    ငါ့တရား၏ ထူးဆန်းသောအရာတို့ကို သူ့အဘို့ ငါရေးထားပြီ။ သို့သော်လည်း၊ ရိုင်းသော အရာဟူ၍ သူသည် မှတ်လေပြီတကား။

  19. ဟောရှေအနာဂတ္တိကျမ်း 8:13ခရစ်တော် မပေါ်မီ 780 ခန့်

    ငါနှင့်ဆိုင်သော ပူဇော်သက္ကာတို့ကို ယဇ်ပူဇော် သော သူတို့သည် ပူဇော်၍ ကိုယ်တိုင်စားကြ၏။ ထာဝရ ဘုရားသည် သူတို့ကို လက်ခံတော်မမူ။ သူတို့အပြစ်များ ကို ချက်ခြင်းအောက်မေ့၍ စစ်ကြောတော်မူသော အားဖြင့်၊ သူတို့သည် အဲဂုတ္တုပြည်သို့ ပြန်သွားရကြလိမ့် မည်။

  20. ဟောရှေအနာဂတ္တိကျမ်း 8:14ခရစ်တော် မပေါ်မီ 780 ခန့်

    ဣသရေလသည် သူ့ကို ဖန်ဆင်းတော်မူသော သခင်ကိုမေ့လျော့၍ ဘုံဗိမာန်များကို တည်ဆောက်တတ် ၏။ ယုဒသည်လည်း ခိုင်ခံ့သော မြို့တို့ကို များပြားစေ တတ်၏။ သို့ရာတွင်၊ ငါသည် ထိုမြို့များတို့ကို မီးရှို့၍ ဘုံဗိမာန်များတို့ကို မီးလောင်ရလိမ့်မည်။

  21. ဟောရှေအနာဂတ္တိကျမ်း 9:1ခရစ်တော် မပေါ်မီ 760 ခန့်

    အိုဣသရေလအမျိုး၊ တပါးအမျိုးသားကဲ့သို့ ဝမ်းမြောက်ရွှင်မြူးသော စိတ်ရှိ၍မခုန်နှင့်။ ကိုယ်ဘုရား သခင်၌ မဆည်းကပ်၊ အခြားသော ဘုရားနှင့် မှားယွင်း ပြီ။ ကောက်နယ်တလင်းရှိသမျှတို့၌ မှားယွင်းခကို နှစ် သက်တတ်၏။

  22. ဟောရှေအနာဂတ္တိကျမ်း 9:2ခရစ်တော် မပေါ်မီ 760 ခန့်

    ကောက်နယ်တလင်းအားဖြင့် အသက်မမွေးရ။ စပျစ်သီးနယ်ရာ ကျင်းအားဖြင့်လည်း အသက်မမွေးရ။ စပျစ်ရည်သစ်လည်း သူတို့ မြော်လင့်သည်အတိုင်း မထွက် ရ။

  23. ဟောရှေအနာဂတ္တိကျမ်း 9:3ခရစ်တော် မပေါ်မီ 760 ခန့်

    ဧဖရိမ်အမျိုးတို့သည် ထာဝရဘုရား၏ မြေ တော်၌ မနေရဘဲ အဲဂုတ္တုပြည်သို့ ပြန်သွား၍၊ အာရှုရိ ပြည်၌ မစင်ကြယ်သောအစာကို စားရကြမည်။

  24. ဟောရှေအနာဂတ္တိကျမ်း 9:4ခရစ်တော် မပေါ်မီ 760 ခန့်

    စပျစ်ရည်သွန်းလောင်းရာ ပူဇော်သက္ကာကို ထာဝရဘုရားအား မပြုရကြ။ ပူဇော်သော ယဇ်တို့ကို နှစ်သက်တော်မမူရ။ ထိုယဇ်အသားသည် မသာလိုက်၍ ငိုကြွေးမြည်တမ်းသော သူတို့၏အစာကဲ့သို့ဖြစ်၍၊ စား သောသူအပေါင်းတို့သည် ညစ်ညူးခြင်းသို့ ရောက်ကြလိမ့် မည်။ သူတို့အစာကို ကိုယ်တိုင်စားကြစေ။ ထာဝရဘုရား ၏အိမ်တော်ထဲသို့ မသွင်းစေနှင့်။

  25. ဟောရှေအနာဂတ္တိကျမ်း 9:5ခရစ်တော် မပေါ်မီ 760 ခန့်

    ဓမ္မပွဲနေ့၊ ထာဝရဘုရားအဘို့ဆောင်သော ပွဲနေ့ တို့၌ သင်တို့သည် အဘယ်သို့ ပြုကြလိမ့်မည်နည်း။