အကြောင်းအရာသို့ ကျော်သွားရန်

circa 1050–1010 BC

Samuel & King Saul

Israel demands a king; Samuel anoints Saul, whose disobedience leads to his rejection as God chooses a man after his own heart.

810 အခန်းငယ် · 1 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

  1. ဓမ္မရာဇဝင်ပဌမစောင် 16:18ခရစ်တော် မပေါ်မီ 1063 ခန့်

    ကျွန်တယောက်က၊ ကျွန်တော်တွေ့ဘူးသော ဗက်လင်မြို့သား ယေရှဲသားသည် စောင်းတီးသောအတတ်၊ ရဲရင့်ခြင်းအစွမ်းသတ္တိနှင့် ပြည့်စုံ၍၊ စစ်မှု၌၎င်း၊ ပညာစကား၌၎င်း လေ့ကျက်ပါ၏။ အဆင်းလည်း လှပါ၏။ ထာဝရဘုရားသည်သူနှင့်အတူ ရှိတော်မူ၏ဟု လျှောက်သောကြောင့်၊

  2. ဓမ္မရာဇဝင်ပဌမစောင် 16:19ခရစ်တော် မပေါ်မီ 1063 ခန့်

    ရှောလုက၊ ယေရှဲရှိရာသို့ လူကိုစေလွှတ်၍၊ သိုးထိန်းဖြစ်သော သင်၏သားဒါဝိဒ်ကို ငါ့ထံသို့ စေလွှတ် ရမည်ဟု အမိန့်တော်ရှိ၏။

  3. ဓမ္မရာဇဝင်ပဌမစောင် 16:20ခရစ်တော် မပေါ်မီ 1063 ခန့်

    ယေရှဲသည် မုန့်တင်သော မြည်း၊ စပျစ်ရည်ဘူး၊ ဆိတ်သငယ်ကို ယူ၍ မိမိသားဒါဝိဒ်တွင် ရှောလုထံ သို့ ပေးလိုက်လေ၏။

  4. ဓမ္မရာဇဝင်ပဌမစောင် 16:21ခရစ်တော် မပေါ်မီ 1063 ခန့်

    ဒါဝိဒ်သည် ရှောလုထံသို့ ရောက်၍ ခစားသဖြင့်၊ ရှောလုသည် အလွန်ချစ်၍ လက်နက်တော်ဆောင် အရာ၌ ခန့်ထား၏။

  5. ဓမ္မရာဇဝင်ပဌမစောင် 16:22ခရစ်တော် မပေါ်မီ 1063 ခန့်

    ရှောလုသည်လည်း ယေရှဲရှိရာသို့ လူကိုစေလွှတ်၍၊ ဒါဝိဒ်ကို ငါ့စိတ်နှင့်တွေ့သောကြောင့် ငါ့ထံ၌ ခစားပါစေဟု အခွင့်တောင်းလေ၏။

  6. ဓမ္မရာဇဝင်ပဌမစောင် 16:23ခရစ်တော် မပေါ်မီ 1063 ခန့်

    ဘုရားသခင့်ထံတော်က ဆိုးသောဝိညာဉ်သည် ရှောလုအပေါ်မှာ ရောက်သောအခါ၊ ဒါဝိဒ်သည် စောင်းကိုယူ၍ တီးသဖြင့် ဆိုးသောဝိညာဉ်ထွက်သွား၍၊ ရှောလုသည် သက်သာလျက် ပကတိ ကျန်းမာ လျက်ရှိတတ်၏။

  7. ဓမ္မရာဇဝင်ပဌမစောင် 17:1ခရစ်တော် မပေါ်မီ 1063 ခန့်

    ဖိလိတ္တိ လူတို့သည် ဗိုလ်ခြေများကို နှိုးဆော်၍ ယုဒခရိုင် ရှောခေါမြို့၌ စုဝေးသဖြင့်၊ ရှောခေါမြို့နှင့် အဇေကာမြို့စပ်ကြား ဒမိမ်အရပ်မှာ တပ်ချကြ၏။

  8. ဓမ္မရာဇဝင်ပဌမစောင် 17:2ခရစ်တော် မပေါ်မီ 1063 ခန့်

    ရှောလုနှင့်ဣသရေလ လူတို့သည် စုဝေး၍ ဧလာချိုင့်နားမှာ တပ်ချ၍ ဖိလိတ္တိလူတို့ကို တိုက်မည်ဟု စစ်ခင်းကျင်းကြ၏။

  9. ဓမ္မရာဇဝင်ပဌမစောင် 17:3ခရစ်တော် မပေါ်မီ 1063 ခန့်

    ဖိလိတ္တိလူအချို့တို့သည် ချိုင့်တဘက်၌ တောင်ပေါ်မှာရပ်လျက်၊ ဣသရေလလူအချို့တို့သည် ချိုင့်တဘက်၌ တောင်ပေါ်မှာ ရပ်လျက်ရှိကြ၏။

  10. ဓမ္မရာဇဝင်ပဌမစောင် 17:4ခရစ်တော် မပေါ်မီ 1063 ခန့်

    ခြောက်တောင်နှင့်တထွာ အရပ်မြင့်သော ဂါသမြို့သားဂေါလျတ် အမည်ရှိသော သူရဲသည် ဖိလိတ္တိ တပ်ထဲက ထွက်လာ၏။

  11. ဓမ္မရာဇဝင်ပဌမစောင် 17:5ခရစ်တော် မပေါ်မီ 1063 ခန့်

    သူသည် ခေါင်းပေါ်မှာ ကြေးဝါခမောက်လုံးကို ဆောင်း၍ အခွက်ငါးဆယ် အချိန်ရှိသော ကြေးဝါ ချပ်အင်္ကျီကို ဝတ်၏။

  12. ဓမ္မရာဇဝင်ပဌမစောင် 17:6ခရစ်တော် မပေါ်မီ 1063 ခန့်

    ကြေးဝါခြေစွပ်ကို စွပ်လျက် ပခုံးကြားမှာ ကြေးဝါကိဒုန် လက်နက်ကို ဆွဲလျက်ရှိ၏။

  13. ဓမ္မရာဇဝင်ပဌမစောင် 17:7ခရစ်တော် မပေါ်မီ 1063 ခန့်

    လှံရိုးကား ရက်ကန်းလက်လိပ်နှင့် အမျှကြီး၏။ လှံကိုယ်ကား သံခြောက်ပိဿာ အချိန်ရှိ၏။ သူ့ရှေ့ မှာ ဒိုင်းလွှားကို ဆောင်သောသူတယောက်သည် သွားရ၏။

  14. ဓမ္မရာဇဝင်ပဌမစောင် 17:8ခရစ်တော် မပေါ်မီ 1063 ခန့်

    ထိုသူရဲသည် ရပ်လျက် သင်တို့သည် စစ်ပြိုင်ခြင်းငှါ အဘယ်ကြောင့် ထွက်လာကြသနည်း။ ငါသည် ဖိလိတ္တိလူ၊ သင်တို့သည် ရှောလု၏ ကျွန်ဖြစ်ကြသည် မဟုတ်လော။ လူတယောက်ကို ရွေးကောက် ၍ ငါနှင့်တိုက်ခြင်းငှါ လာပါစေ။

  15. ဓမ္မရာဇဝင်ပဌမစောင် 17:9ခရစ်တော် မပေါ်မီ 1063 ခန့်

    သူသည် ငါ့ကို တိုက်၍ သတ်နိုင်လျှင် ငါတို့သည် သင်တို့၏ ကျွန်ခံမည်။ သို့မဟုတ် ထိုသူကို ငါနိုင် ၍ သတ်လျှင်၊ သင်တို့သည် ငါတို့၏ ကျွန်ခံ၍ ငါတို့အမှုကို ဆောင်ရွက်ရကြမည်ဟု ဣသရေလ ဗိုလ်ခြေတို့ကို ဟစ်၍ ပြောဆို၏။

  16. ဓမ္မရာဇဝင်ပဌမစောင် 17:10ခရစ်တော် မပေါ်မီ 1063 ခန့်

    တဖန် ထိုဖိလိတ္တိလူက၊ ဣသရေလဗိုလ်ခြေတို့ကို ယနေ့ ငါကြိမ်းပ၏။ လူချင်းတိုက်စေခြင်းငှါ လူတယောက်ကို ပေးကြလော့ဟု ဆို၏။

  17. ဓမ္မရာဇဝင်ပဌမစောင် 17:11ခရစ်တော် မပေါ်မီ 1063 ခန့်

    ဖိလိတ္တိလူပြောသော ထိုစကားကို ရှောလုနှင့် ဣသရေလလူအပေါင်းတို့သည် ကြားလျှင် စိတ်ပျက်၍ အလွန်ကြောက်ရွံ့ကြ၏။

  18. ဓမ္မရာဇဝင်ပဌမစောင် 17:12ခရစ်တော် မပေါ်မီ 1063 ခန့်

    ယုဒပြည်၊ ဗက်လင်မြို့၊ ဧဖရတ်အရပ်သားဖြစ်သော ဒါဝိဒ်၏ အဘယေရှဲသည် သားရှစ်ယောက် ရှိ၏။ ရှောလုလက်ထက်၌ ထိုသူသည် အသက်ကြီးသော သူ၏ အရာရှိ၏။

  19. ဓမ္မရာဇဝင်ပဌမစောင် 17:13ခရစ်တော် မပေါ်မီ 1063 ခန့်

    ယေရှဲ၏သားတို့တွင် အသက် အကြီးဆုံးသောသူ သုံးယောက်တို့သည် စစ်မှုကို ထမ်း၍ ရှောလုနောက် သို့ လိုက်ကြ၏။ သူတို့အမည်ကား သားဦးဧလျာဘ၊ ဒုတိယသားအဘိနဒပ်၊ တတိယသားရှိမာတည်း။

  20. ဓမ္မရာဇဝင်ပဌမစောင် 17:14ခရစ်တော် မပေါ်မီ 1063 ခန့်

    ဒါဝိဒ်သည် အငယ်ဆုံးသော သားဖြစ်၏။ သားကြီးသုံးယောက်တို့သည် ရှောလုနောက်တော်သို့ လိုက်ကြသော်လည်း၊ -

  21. ဓမ္မရာဇဝင်ပဌမစောင် 17:15ခရစ်တော် မပေါ်မီ 1063 ခန့်

    ဒါဝိဒ်သည် မလိုက်၊ ဗက်လင်မြို့မှာ မိမိအဘ၏ သိုးတို့ကို ထိန်းကျောင်းခြင်းငှါ ပြန်သွားလေ၏။

  22. ဓမ္မရာဇဝင်ပဌမစောင် 17:16ခရစ်တော် မပေါ်မီ 1063 ခန့်

    ဖိလိတ္တိလူသည် အရက်လေးဆယ်ပတ်လုံး၊ နံနက်တခါ၊ ညဦးတခါ ချဉ်းကပ်၍ ကိုယ်ကို ပြ၏။

  23. ဓမ္မရာဇဝင်ပဌမစောင် 17:17ခရစ်တော် မပေါ်မီ 1063 ခန့်

    ထိုအခါ ယေရှဲသည် မိမိသား ဒါဝိဒ်ကို ခေါ်၍၊ သင့်အစ်ကိုတို့အဘို့ ဤပေါက်ပေါက် တဧဖာနှင့် ဤမုန့်ဆယ်လုံးတို့ကို ယူ၍ အစ်ကိုတို့ရှိရာ တပ်တော်သို့ ပြေးသွားလော့။

  24. ဓမ္မရာဇဝင်ပဌမစောင် 17:18ခရစ်တော် မပေါ်မီ 1063 ခန့်

    ဤဒိန်ခဲဆယ်လုံးကိုလည်း ယူ၍ သူတို့တပ်မှူးအား ဆက်လော့။ သင့်အစ်ကိုတို့သည် ကျန်းမာခြင်း ရှိသည် မရှိသည်ကို ကြည့်ရှုပြီးမှ၊ သူတို့ထံမှာ သက်သေတစုံတခုကို ခံယူလော့ဟုမှာလိုက်လေ၏။

  25. ဓမ္မရာဇဝင်ပဌမစောင် 17:19ခရစ်တော် မပေါ်မီ 1063 ခန့်

    ထိုကာလ၌ ရှောလုမှစ၍ ဒါဝိဒ်အစ်ကိုတို့နှင့် ဣသရေလလူအပေါင်းတို့သည် ဧလာချိုင့်မှာ ဖိလိတ္တိ လူတို့ကို စစ်တိုက်လျက် ရှိကြ၏။