- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
circa 1446 BC
Moses & The Exodus
God raises up Moses to confront Pharaoh; the ten plagues culminate in Israel's dramatic deliverance from four centuries of bondage.
ဤကာလမှ အခန်းငယ်များ
- ထွက်မြောက်ရာကျမ်း 4:7ခရစ်တော် မပေါ်မီ 1491 ခန့်
တဖန်သင်၏လက်ကို သင့်ရင်ခွင်သို့ သွင်းဦးလော့ဟု မိန့်တော်မူသည်အတိုင်း၊ တဖန်လက်ကို ရင်ခွင် သို့သွင်း၍ ထုတ်ပြန်သောအခါ၊ ပကတိအသား ဖြစ်ပြန်လေ၏။
- ထွက်မြောက်ရာကျမ်း 4:8ခရစ်တော် မပေါ်မီ 1491 ခန့်
ထိုသူတို့သည် သင့်ကိုမယုံ၊ ပဌမနိမိတ်သက်သေကို နားမထောင်လျှင်၊ နောက်ဖြစ်သော နိမိတ်သက်သေကို ယုံကြလိမ့်မည်။
- ထွက်မြောက်ရာကျမ်း 4:9ခရစ်တော် မပေါ်မီ 1491 ခန့်
သို့မဟုတ် ထိုနိမိတ်နှစ်ပါးကို မယုံ၊ သင်၏ စကားကို နားမထောင်လျှင်၊ သင်သည် မြစ်ရေအချို့ကို ယူ၍ ကုန်းပေါ်မှာသွန်းလော့။ ထိုသို့ မြစ်ထဲက ယူသော ရေသည် ကုန်းပေါ်မှာအသွေးဖြစ်လိမ့်မည်ဟု မိန့်တော် မူ၏။
- ထွက်မြောက်ရာကျမ်း 4:10ခရစ်တော် မပေါ်မီ 1491 ခန့်
မောရှေကလည်း၊ အိုဘုရားရှင်၊ အကျွန်ုပ်သည် နှုတ်သတ္တိမရှိပါ။ အထက်ကလည်း မရှိပါ။ ကိုယ်တော် ကျွန်အား မိန့်တော်မူသောအခါ၌ပင် မရှိပါ။ နှုတ်လေးသောသူ၊ စကားနှေးနှေးပြောတတ်သော သူဖြစ်ပါ၏ဟု ထာဝရဘုရားအားလျှောက်ဆို၏။
- ထွက်မြောက်ရာကျမ်း 4:11ခရစ်တော် မပေါ်မီ 1491 ခန့်
ထာဝရဘုရားကလည်း၊ လူ၏နှုတ်ကို အဘယ်သူ ဖန်ဆင်းသနည်း။ စကားအသောသူ၊ နားပင်းသောသူ၊ မျက်စိမြင်သောသူ၊ မမြင်သောသူတို့ကို အဘယ်သူ ဖန်ဆင်းသနည်း။ ငါထာဝရဘုရား ဖန်ဆင်းသည် မဟုတ် လော။
- ထွက်မြောက်ရာကျမ်း 4:12ခရစ်တော် မပေါ်မီ 1491 ခန့်
သို့ဖြစ်၍ယခုသွားလော့။ သင်၏ နှုတ်၌ ငါရှိ၍၊ သင်သည် အဘယ်သို့ပြောရမည်ကို သွန်သင်မည်ဟု မိန့်တော်မူ၏။
- ထွက်မြောက်ရာကျမ်း 4:13ခရစ်တော် မပေါ်မီ 1491 ခန့်
မောရှေကလည်း၊ အိုဘုရားရှင်၊ အလိုတော်ရှိသောသူ၏လက်တွင် ပေးလိုက်တော်မူပါဟု လျှောက် သော်၊
- ထွက်မြောက်ရာကျမ်း 4:14ခရစ်တော် မပေါ်မီ 1491 ခန့်
ထာဝရဘုရားသည် မောရှေအား အမျက်တော်ထွက်၍၊ လေဝိလူ အာရုန်သည် သင်၏အစ်ကိုဖြစ်သည် မဟုတ်လော။ သူသည် ကောင်းမွန်စွာပြောတတ်သည်ကို ငါသိ၏။ သူသည်လည်း သင့်ကိုခရီးဦးကြိုပြုခြင်းငှါ ယခုလာ၏။ တွေ့မြင်သောအခါ ဝမ်းမြောက်လိမ့်မည်။
- ထွက်မြောက်ရာကျမ်း 4:15ခရစ်တော် မပေါ်မီ 1491 ခန့်
သင်သည် သူနှင့်စကားပြော၍၊ သူပြောစရာစကားကို ပေးရမည်။ သင်၏နှုတ်၌၎င်း၊ သူ၏နှုတ်၌၎င်း ငါရှိ၍၊ သင်တို့သည် အဘယ်သို့ပြုရမည်ကို သွန်သင်မည်။
- ထွက်မြောက်ရာကျမ်း 4:16ခရစ်တော် မပေါ်မီ 1491 ခန့်
သူသည်လည်း လူတို့ရှေ့မှာ သင်၏စကားပြန်လုပ်၍၊ သင်၏ နှုတ်ကိုယ်စားဖြစ်လိမ့်မည်။ သင်သည် လည်း သူ၏ဘုရားသခင်ကိုယ်စား ဖြစ်လိမ့်မည်။
- ထွက်မြောက်ရာကျမ်း 4:17ခရစ်တော် မပေါ်မီ 1491 ခန့်
သင်သည် နိမိတ်သက်သေတို့ကို ပြလတံ့သော ဤလှံတံကိုလည်း၊ သင်၏လက်၌ကိုင်ရမည်ဟု မိန့်တော် မူ၏။
- ထွက်မြောက်ရာကျမ်း 4:18ခရစ်တော် မပေါ်မီ 1491 ခန့်
မောရှေသည်လည်း ယောက္ခမ ယေသရောထသို့ ပြန်သွား၍၊ အဲဂုတ္တုပြည်၌ရှိသော ကျွန်ုပ်အမျိုးသား ချင်းတို့သည် အသက်ရှင်သေးသလောဟု ကြည့်ရှုခြင်းငှါ၊ သူတို့ရှိရာသို့ ကျွန်ုပ်သွားရသောအခွင့်ကို ပေးပါလော့ဟု ဆိုသော်၊ ယေသရောက၊ ငြိမ်ဝပ်စွာသွားလော့ဟု ပြန်ဆိုလေ၏။
- ထွက်မြောက်ရာကျမ်း 4:19ခရစ်တော် မပေါ်မီ 1491 ခန့်
ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်သို့ ပြန်သွားလော့။ သင်၏အသက်ကို ရှာသောသူအပေါင်း တို့သည် သေကြပြီဟု မိဒျန်ပြည်၌ မောရှေအား မိန့်တော်မူ၏။
- ထွက်မြောက်ရာကျမ်း 4:20ခရစ်တော် မပေါ်မီ 1491 ခန့်
ထိုအခါ၊ မောရှသည် မယားနှင့်သား နှစ်ယောက်တို့ကို ယူ၍ မြည်းကိုစီးစေသဖြင့်၊ ဘုရားသခင်၏ လှံတံတော်ကိုလက်စွဲလျက်၊ အဲဂုတ္တုပြည်သို့ ပြန်လေ၏။
- ထွက်မြောက်ရာကျမ်း 4:21ခရစ်တော် မပေါ်မီ 1491 ခန့်
ထာဝရဘုရားကလည်း၊ သင်သည် အဲဂုတ္တုပြည်သို့သွား၍ ရောက်လျှင်၊ သင်၌ ငါအပ်သော အံ့ဘွယ် သော အမှုအလုံးစုံတို့ကို ဖါရောဘုရင်ရှေ့မှာ ပြလော့။ ထိုသို့ပြသော်လည်း သူ၏နှလုံးကို ငါခိုင်မာစေ၍၊ သူသည် ဣသရေလလူတို့ကို မလွှတ်ဘဲ နေလိမ့်မည်။
- ထွက်မြောက်ရာကျမ်း 4:22ခရစ်တော် မပေါ်မီ 1491 ခန့်
ဖါရောဘုရင်ကိုလည်း ထာဝရဘုရားက ဣသရေလသည် ငါ့သားဖြစ်၏။ ငါ့သားဦးဖြစ်၏။
- ထွက်မြောက်ရာကျမ်း 4:23ခရစ်တော် မပေါ်မီ 1491 ခန့်
ငါ့သားသည် ငါ့အားဝတ်ပြုသောအခွင့် ရှိစေခြင်းငှါ လွှတ်လော့။ မလွှတ်ဘူးဟု ငြင်းလျှင်၊ သင်၏သား၊ သင်၏သားဦးကိုပင် ငါကွပ်မျက်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မောရှအား မှာထားတော်မူ၏။
- ထွက်မြောက်ရာကျမ်း 4:24ခရစ်တော် မပေါ်မီ 1491 ခန့်
ခရီးသွားစဉ်တွင်၊ စားခန်းစရပ်၌ ထာဝရဘုရားသည် မောရှေကိုတွေ့၍ ကွပ်မျက်ခြင်းငှါ ရှာကြံတော် မူ၏။
- ထွက်မြောက်ရာကျမ်း 4:25ခရစ်တော် မပေါ်မီ 1491 ခန့်
ထိုအခါ၊ ဇိပေါရသည် ထားကိုယူ၍ သား၏ အရေဖျားကို လှီးဖြတ်ပြီးမှ၊ လင်၏ခြေရင်း၌ပြပ်ဝပ်လျက်၊ အကယ်စင်စစ်သင်သည် အကျွန်ုပ်၌ အသွေးနှင့်ယှဉ်သော လင်ဖြစ်သည်ဟု ဆို၏။
- ထွက်မြောက်ရာကျမ်း 4:26ခရစ်တော် မပေါ်မီ 1491 ခန့်
ထိုအခါ မောရှေကို လွှတ်တော်မူ၏။ မယားကလည်း၊ အရေဖျားလှီးမင်္ဂလာကြောင့်၊ သင်သည် အကျွန်ုပ်၌ အသွေးနှင့်ယှဉ်သောလင်ဖြစ်၏ဟု ဆိုသတည်း။
- ထွက်မြောက်ရာကျမ်း 4:27ခရစ်တော် မပေါ်မီ 1491 ခန့်
ထာဝရဘုရားကလည်း၊ မောရှေကို ခရီးဦးကြိုပြုခြင်းငှါ တောသို့သွားလော့ဟု အာရုန်အား မိန့်တော်မူ သည်အတိုင်း၊ အာရုန်သည်သွားလျှင်၊ ဘုရားသခင်၏ တောင်ပေါ်၌ မောရှေကို တွေ့၍နမ်းခြင်းကို ပြု၏။
- ထွက်မြောက်ရာကျမ်း 4:28ခရစ်တော် မပေါ်မီ 1491 ခန့်
မောရှေသည်လည်း၊ မိမိကိုစေလွှတ်တော်မူသော ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကို၎င်း၊ မှာထားတော်မူသမျှသော နိမိတ်သက်သေတို့ကို၎င်း၊ အာရုန်အားကြားပြောလေ၏။
- ထွက်မြောက်ရာကျမ်း 4:29ခရစ်တော် မပေါ်မီ 1491 ခန့်
ထိုသူညီနောင်နှစ်ပါးတို့သည် သွား၍ ဣသရေလအမျိုးသား အသက်ကြီးသူတို့ကို စုဝေးစေပြီးလျင်၊
- ထွက်မြောက်ရာကျမ်း 4:30ခရစ်တော် မပေါ်မီ 1491 ခန့်
အာရုန်သည် မောရှေအား ထာဝရဘုရား မိန့်တော်မူသော စကားတော်အလုံးစုံတို့ကို ပြန်ပြော၍၊ လူတို့ရှေ့မှာ နိမိတ်သက်သေတို့ကိုပြလေ၏။
- ထွက်မြောက်ရာကျမ်း 4:31ခရစ်တော် မပေါ်မီ 1491 ခန့်
ထိုလူများတို့သည် ယုံကြ၏။ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို အကြည့်အရှုကြွတော်မူ သည်ကို၎င်း၊ သူတို့ခံရသော ဆင်းရဲခြင်းကို မှတ်တော်မူသည်ကို၎င်း ကြားသောအခါ၊ ဦးညွှတ်ချ၍ ကိုးကွယ် ကြ၏။