အကြောင်းအရာသို့ ကျော်သွားရန်

circa 1446 BC

Moses & The Exodus

God raises up Moses to confront Pharaoh; the ten plagues culminate in Israel's dramatic deliverance from four centuries of bondage.

415 အခန်းငယ် · 1 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

  1. မိမိတို့ အိမ်သူအိမ်သားပါလျက်၊ အဘယာကုပ်နှင့်အတူ အဲဂုတ္တုပြည်သို့ရောက်လာသော ဣသရေလ သားတို့၏အမည်ဟူမူကား၊

  2. ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊

  3. ဣသခါ၊ ဇာဗုလုန်၊ ဗင်္ယာမိန်၊

  4. ဒန်၊ နဿလိ၊ ဂဒ်၊ အာရှာတည်း။

  5. ယာကုပ် အမျိုးသားပေါင်းကား၊ ခုနစ်ဆယ်တည်း။ ယောသပ်သည် အဲဂုတ္တုပြည်၌ရှိနှင့်သတည်း။

  6. ထွက်မြောက်ရာကျမ်း 1:6ခရစ်တော် မပေါ်မီ 1635 ခန့်

    ယောသပ်နှင့် အစ်ကိုများမှစ၍၊ ထိုကာလ အမျိုးသားအပေါင်းတို့သည် သေကြကုန်၏။

  7. ထွက်မြောက်ရာကျမ်း 1:7ခရစ်တော် မပေါ်မီ 1635 ခန့်

    ဣသရေလအမျိုးသားတို့သည် သားကိုဘွား၍ အလွန်တိုးပွားများပြားသဖြင့်၊ အလွန်အားကြီး၍ တပြည်လုံး၌ နှံ့ပြားကြလေ၏။

  8. ထွက်မြောက်ရာကျမ်း 1:8ခရစ်တော် မပေါ်မီ 1635 ခန့်

    ထိုနောက်မှ အဲဂုတ္တုပြည်၌ ယောသပ်ကို မသိသော ရှင်ဘုရင်သစ်ပေါ်လာ၏။

  9. ထွက်မြောက်ရာကျမ်း 1:9ခရစ်တော် မပေါ်မီ 1635 ခန့်

    ထိုရှင်ဘုရင်ကလည်း၊ ဣသရေလအမျိုးသားတို့သည် ငါတို့ထက် သာ၍များကြ၏။ သာ၍အားကြီး ကြ၏။

  10. ထွက်မြောက်ရာကျမ်း 1:10ခရစ်တော် မပေါ်မီ 1635 ခန့်

    လာကြ၊ သူတို့ကို လိမ္မာစွာ ပြုကြစို့။ သို့မဟုတ် သူတို့သည် များပြားကြလိမ့်မည်။ နောက်တခါ စစ်မှု ရောက်လျှင် ငါတို့ရန်သူဘက်သို့ ဝင်စား၍ ငါတို့ကို တိုက်သဖြင့်၊ ပြည်တော်ထဲက ထွက်သွားကြလိမ့်မည်ဟု မိမိလူတို့အား ဆိုလေ၏။

  11. ထွက်မြောက်ရာကျမ်း 1:11ခရစ်တော် မပေါ်မီ 1635 ခန့်

    ထို့ကြောင့်အဲဂုတ္တုမင်းတို့သည်၊ ကျပ်တည်းစွာ နှိပ်စက်ညှဉ်းဆဲစေခြင်းငှါ အအုပ်အချုပ်ခန့်ထားကြ၏။ ဣသရေလလူတို့သည်၊ ဘဏ္ဍာတော်သိုထားဘို့၊ ပိသုံမြို့နှင့် ရာမသက်မြို့ကို တည်ဆောက်ရကြ၏။

  12. ထွက်မြောက်ရာကျမ်း 1:12ခရစ်တော် မပေါ်မီ 1635 ခန့်

    သို့သော်လည်း၊ နှိပ်စက်ခြင်းကို ခံရသည်အတိုင်း၊ တိုးပွားများပြားလျက် ရှိကြ၏။ သူတို့ကြောင့် အဲဂုတ္တု လူတို့သည် စိတ်ညစ်၍၊

  13. ထွက်မြောက်ရာကျမ်း 1:13ခရစ်တော် မပေါ်မီ 1635 ခန့်

    အလွန်ကြမ်းတမ်းစွာညှဉ်းဆဲကြ၏။

  14. ထွက်မြောက်ရာကျမ်း 1:14ခရစ်တော် မပေါ်မီ 1635 ခန့်

    သရွတ်နှင့်အုတ်လုပ်သောအမှု၊ လယ်လုပ်သောအမှုအမျိုးမျိုး၌ ခဲယဉ်းစွာစေခိုင်း၍ အလွန်ဆင်းရဲ ပင်ပန်းစေကြ၏။ စေခိုင်းလေရာရာ၌လည်း ခဲယဉ်းစွာ စေခိုင်းကြ၏။

  15. ထွက်မြောက်ရာကျမ်း 1:15ခရစ်တော် မပေါ်မီ 1635 ခန့်

    ရှိဖရနှင့်ပုအာအမည်ရှိသော ဟေဗြဲဝမ်းဆွဲမ တို့ကို၊ အဲဂုတ္တုရှင်ဘုရင်က၊

  16. ထွက်မြောက်ရာကျမ်း 1:16ခရစ်တော် မပေါ်မီ 1635 ခန့်

    သင်တို့သည် ဟေဗြဲမိန်းမတို့အား ဝမ်းဆွဲလုပ်၍ မွေးရာအရပ်၌ စောင့်နေသောအခါ၊ ယောက်ျားဖြစ်လျှင် သေစေ၊ မိန်းမဖြစ်လျှင် အသက်ရှင်စေဟု အမိန့်တော် ရှိ၏။

  17. ထွက်မြောက်ရာကျမ်း 1:17ခရစ်တော် မပေါ်မီ 1635 ခန့်

    ဝမ်းဆွဲမတို့သည် ဘုရားသခင်ကိုကြောက်ရွံ၍၊ အဲဂုတ္တုရှင်ဘုရင် မိန့်တော်မူသည်အတိုင်းမပြု၊ ယောက်ျားတို့ကို အသက်ချမ်းသာပေးကြ၏။

  18. ထွက်မြောက်ရာကျမ်း 1:18ခရစ်တော် မပေါ်မီ 1635 ခန့်

    အဲဂုတ္တုရှင်ဘုရင်သည်လည်း၊ ဝမ်းဆွဲမတို့ကို ခေါ်၍ သင်တို့သည် အဘယ်ကြောင့် ဤသို့ပြုသနည်း။ ယောက်ျားတို့ကိုအဘယ်ကြောင့် အသက်ချမ်းသာပေးသနည်းဟု မေးစစ်သော်၊

  19. ထွက်မြောက်ရာကျမ်း 1:19ခရစ်တော် မပေါ်မီ 1635 ခန့်

    ဝမ်းဆွဲမတို့က၊ ဟေဗြဲမိန်းမတို့သည်၊ အဲဂုတ္တု၊ မိန်းမကဲ့သို့မဟုတ်၊ သန်စွမ်းသောကြောင့်၊ ဝမ်းဆွဲမ မရောက်မှီ သားကိုဘွားတတ်ကြ၏ဟု ပြန်လျှောက်လေ၏။

  20. ထွက်မြောက်ရာကျမ်း 1:20ခရစ်တော် မပေါ်မီ 1635 ခန့်

    ထိုကြောင့် ဘုရားသခင်သည် ဝမ်းဆွဲမတို့ကို ကျေးဇူးပြုတော်မူ၏။ ထိုလူအမျိုးသည်လည်း များပြား၍ အလွန်အားကြီးကြလေ၏။

  21. ထွက်မြောက်ရာကျမ်း 1:21ခရစ်တော် မပေါ်မီ 1635 ခန့်

    ဝမ်းဆွဲမတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့်၊ သူတို့အိမ်သူအိမ်သားများကို ပြုစုတော် မူ၏။

  22. ထွက်မြောက်ရာကျမ်း 1:22ခရစ်တော် မပေါ်မီ 1573 ခန့်

    ဖာရောဘုရင်ကလည်း၊ ဣသရေလအမျိုးသားတို့တွင်၊ ဘွားမြင်သောသူငယ် ယောက်ျားအပေါင်းတို့ကို မြစ်ထဲသို့ချပစ်စေ။ မိန်းမကိုမူကား အသက်ရှင်စေဟု မိမိလူအပေါင်းတို့ကို မှာထားတော်မူ၏။

  23. ထွက်မြောက်ရာကျမ်း 2:1ခရစ်တော် မပေါ်မီ 1572 ခန့်

    ထိုကာလ၌ လေဝိအမျိုးသားတယောက်သည်၊ လေဝိအမျိုးသမီးနှင့် အိမ်ထောင်ဘက်ပြု၍၊

  24. ထွက်မြောက်ရာကျမ်း 2:2ခရစ်တော် မပေါ်မီ 1571 ခန့်

    မိန်းမသည် ပဋိသန္ဓေယူသဖြင့် သားယောက်ျားကို ဘွားမြင်လေ၏။ ထိုသားသည် အဆင်းလှကြောင်းကို အမိမြင်လျှင်၊ သုံးလပတ်လုံး ဖွက်ထားလေ၏။

  25. ထွက်မြောက်ရာကျမ်း 2:3ခရစ်တော် မပေါ်မီ 1571 ခန့်

    နောက်တဖန် ဖွက်၍မထားနိုင်သောအခါ၊ ဂမာကိုင်းပင်ဖြင့် ရက်သောပုခက်ကိုယူ၍ ရေညှိနှင့်သစ်စေး ဖြင့် လူးပြီးလျှင်၊ ပုခက်ထဲတွင် သူငယ်ကိုထည့်၍ မြစ်ကမ်းနားကိုင်းတော၌ ထားလေ၏။