အကြောင်းအရာသို့ ကျော်သွားရန်

circa AD 48–96

Letters to the Churches

Paul and other apostles write to strengthen, correct, and encourage the scattered churches across the Roman world.

2,767 အခန်းငယ် · 21 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. မဟုတ်မမှန်ဘဲ ကျန်ဆိုသောသူမှစ၍၊ စင်ကြယ်သောဩဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သမျှတို့အဘို့ ပညတ်တရားကို ထားသည်ဟု သိမှတ်၍၊ ထိုတရားကိုတရားသဖြင့်သုံးသောသူ၌ ပညတ်တရားသည် အကျိုးကိုပေးတတ်သည်ဟု ငါတို့ သိကြ၏။

  2. ထိုသို့ဆိုသော်၊ မင်္ဂလာရှိတော်မူသော ဘုရားသခင်၏ဘုန်းကြီးသော ဧဝံဂေလိတရားနှင့်ညီသတည်း။

  3. ထိုတရားကို ငါ၌အပ်ပေးတော်မူသည်ဖြစ်၍၊ ငါ့ကိုခွန်အားနှင့် ပြည့်စုံစေတော်မူသော ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်ကို ငါချီးမွမ်း၏။

  4. ငါသည်ကဲ့ရဲ့သောသူ၊ ညဉ်းဆဲသောသူ၊ ကြမ်းကြုတ်သောသူဖြစ်ဘူးသော်လည်း၊ သစ္စာရှိသောသူဟု ထိုသခင်သည် မှတ်၍၊ ဓမ္မဆရာအရာ၌ ခန့်ထားတော်မူ၏။ ထိုသို့ငါပြုသောအခါ ယုံခြင်းမရှိ၊ အမှန်မသိဘဲ ပြုသောကြောင့်၊ ကရုဏာတော်ကိုငါခံရပြီ။

  5. ငါတို့သခင်ဘုရား၏ ကျေးဇူးတော်သည်လည်း ယေရှုခရစ်၌ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွ၊ အတိုင်း ထက်အလွန် ကြွယ်ဝပြီ။

  6. ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှါ၊ ဤလောကသို့ကြွလာတော်မူသည် ဟူ သောစကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ခံယူအပ် သောစကားလည်းဖြစ်၏။ အပြစ်ရှိသော သူတို့တွင် ငါသည် အကြီးဆုံးဖြစ်၏။

  7. သို့သော်လည်း၊ ထာဝရအသက်အလိုငှါ ယုံကြည်လတံ့သော သူတို့လိုက်စရာပုံသက်သေ ဖြစ်စေ ခြင်းငှါ၊ အကြီးဆုံးသောအပြစ်ရှိသော ငါ၌၊ ယေရှုခရစ်သည် ခပ်သိမ်းသောခန္တီတော်ကို ပြတော်မူမည် အ ကြောင်း၊ ငါ့ကိုသနားတော်မူပြီ။

  8. လောကဓာတ်တို့၏ ဘုရင်တည်းဟူသော၊ ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းလွတ်တော်မူထသော၊ မျက်မြင်မရ၊ အရူပဖြစ်တော်မူထသော၊ တဆူတည်းသောဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဂုဏ်အသရေ၊ ဘုန်းအာနုဘော်ရှိတော်မူစေသတည်း။ အာမင်။

  9. ငါ့သားတိမောသေ၊ သင့်ကိုရည်မှတ်၍ ဟောပြောခဲ့ပြီးသော အနာဂတ္တိစကားကို သင်သည်အမှီပြု၍၊ ယုံကြည်ခြင်းကို၎င်း၊ ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်ခြင်းကို၎င်း စွဲလမ်း၍ ကောင်းသောစစ်ကို တိုက်စေ ခြင်းငှါ၊ ထားခဲ့ပြီးသော ထိုအနာဂတ္တိစကားနှင့်အညီ၊ အထက် ငါဆိုခဲ့ပြီးသော ပညတ်ထားခြင်းအခွင့်ကိုသင်၌ ငါအပ်ပေး၏။

  10. ထိုယုံကြည်ခြင်းမှ စသည်တို့ကို အချို့သောသူတို့သည် ပယ်ပြီးလျှင်၊ ယုံကြည်ခြင်းသင်္ဘောပျက်၍ ဆုံးရှုံးကြပြီ။

  11. ထိုသူတို့တွင် ဟုမေနဲနှင့်အာလေဇန္ဒြုပါသတည်း။ ထိုသူတို့သည် ကဲ့ရဲ့သောစကားကို ကြဉ်ရှောင် ခြင်းငှါ သင်ရမည်အကြောင်း၊ စာတန်၏ လက်သို့ငါအပ်လိုက်ခဲ့ပြီ။

  12. ငါတို့သည် ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ လျောက်ပတ်စွာ ကျင့်ခြင်းအမျိုးမျိုးကိုပြု၍၊

  13. ငြိမ်ဝပ်ဆိတ်ညံစွာနေရမည်အကြောင်း၊ ရှင်ဘုရင်မှစ၍ မင်းအာဏာရှိသော သူအပေါင်းတို့နှင့် လူ အမျိုးမျိုးတို့အဘို့ ဆုတောင်းပဌာနာပြုခြင်း၊ မေတ္တာပို့ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းကို ရှေ့ဦးစွာ ပြုစေခြင်းငှါ ငါတိုက်တွင်း သွေးဆောင်၏။

  14. အကြောင်းမူကား၊ ထိုသို့သော အမှုသည် ကောင်းသောအမှုဖြစ်၏။ ငါတို့ကိုကယ်တင်တော်မူသော အရှင်ဘုရားသခင်နှစ်သက် တော်မူသောအမှုလည်းဖြစ်၏။

  15. လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ၊ ဘုရားသခင်အလိုတော် ရှိ၏။

  16. ဘုရားသခင် တဆူတည်းရှိတော်မူ၏။ ဘုရားသခင်နှင့် လူတို့၏ စပ်ကြားမှာ၊ လူဖြစ်သော ယေရှုခရစ် တည်းဟူသော အာမခံတဦးတည်းရှိ၏။

  17. ထိုအာခံသည် လူအပေါင်းတို့ကို ရွေးအံ့သောငှါ ကိုယ်ကိုကိုယ် စွန့်တော်မူပြီ။ ကာလအချိန်တန်မှ သက်သေခံခြင်းရှိ၏။

  18. ငါသည်ထိုသက်သေခံသောသူ အရာ၌၎င်း၊ တမန်တော်အရာ၌၎င်း၊ ယုံကြည်ခြင်းတရားနှင့် သမ္မာ တရားကို တပါးအမျိုးသားတို့အား ဟောပြောသောဆရာ အရာ၌၎င်း ခန့်ထားတော်မူသောသူ ဖြစ်သည်ဟု ငါဆိုသော်၊ မုသားစကားကိုမဆို၊ မှန်သောစကားကိုဆို၏။

  19. သို့ဖြစ်၍၊ အရပ်ရပ်တို့၌ ယောက်ျားတို့သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်းမရှိဘဲ၊ သန့်ရှင်းသောလက် ကိုချီ၍ ဆုတောင်းစေခြင်းငှါ ငါအလိုရှိ၏။

  20. ထိုနည်းတူ၊ မိန်းမတို့သည် ကျစ်သောဆံပင်၊ ရွှေတန်ဆာ၊ ကျောက်ပုလဲအဘိုးထိုက်သော အဝတ်နှင့် ကိုယ်ကို မဆင်ဘဲ၊ ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းအားဖြင့်၊ လျောက်ပတ်သော အဝတ်နှင့်၎င်း၊

  21. ဘုရားသခင်အားရိုသေလေးမြတ်ခြင်းကို ဝန်ခံပြုစုသော မိန်းမဆင်သင့်သည်အတိုင်း ကောင်းသော အကျင့်နှင့်၎င်း၊ ကိုယ်ကို တန်ဆာဆင်စေခြင်းငှါ ငါအလိုရှိ၏။

  22. မိန်းမသည်အုပ်စိုးခြင်းကို အစဉ်ဝန်ခံ၍ တိတ်ဆိတ်စွာသင်စေ။

  23. မိန်းမသည်ဆုံးမဩဝါဒပေးခြင်း၊ ယောက်ျားကို အစိုးတရပြုစေခြင်း အခွင့်ကိုငါမပေး။ သူသည် တိတ် ဆိတ်စွာ နေအပ်၏။

  24. အကြောင်းမူကား၊ အာဒံကို ရှေ့ဦးစွာ ဖန်ဆင်းတော်မူ၍၊ နောက်မှ ဧဝကိုဖန်ဆင်းတော်မူ၏။

  25. ထိုမှတပါး၊ အာဒံသည်လှည့်ဖြားခြင်းကိုမခံ၊ မိန်းမသည် လှည့်ဖြားခြင်းကိုခံ၍ လွန်ကျူး၏။