အကြောင်းအရာသို့ ကျော်သွားရန်

Edom

80 verses · 3 known names

အခြားအမည်: Idumea, Syria

30.7300, 35.6000 Google Maps တွင် ကြည့်ရန်

Edom ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တဖန်ရှောလမုန် မင်းကြီးသည် ဧဒုံပြည်တွင်၊ ဧဒုံပင်လယ်ကမ်းနား၌၊ ဧလုတ်မြို့နှင့် နီးစပ်သော ဧဇယုန်ဂါဗာမြို့မှာ သင်္ဘောတို့ကို တည်လုပ်၏။

  2. ထိုနောက် ထာဝရဘုရားသည် ရှောလမုန်၌ ရန်ဘက်ပြုသောသူ ဧဒုံအမျိုးသားဟာဒဒ်ကို နှိုးဆော် တော်မူ၏။ ထိုသူသည် ဧဒုံရှင်ဘုရင်အမျိုးဖြစ်၏။

  3. အထက်က ဒါဝိဒ်သည် ဧဒုံပြည်၌ ရှိ၍၊ ဗိုလ် ချုပ်ယွာဘသည် ဧဒုံအမျိုးသားယောက်ျားအပေါင်းတို့ကို ပယ်ဖြတ်မည်ဟု ဣသရေလလူအပေါင်းတို့နှင့် ဧဒုံပြည်၌ ခြောက်လနေပြီးမှ၊ အသေကောင်များကို မြေ၌မြှုပ်စေ ခြင်းငှါ သွားစဉ်အခါ၊

  4. အထက်က ဒါဝိဒ်သည် ဧဒုံပြည်၌ ရှိ၍၊ ဗိုလ် ချုပ်ယွာဘသည် ဧဒုံအမျိုးသားယောက်ျားအပေါင်းတို့ကို ပယ်ဖြတ်မည်ဟု ဣသရေလလူအပေါင်းတို့နှင့် ဧဒုံပြည်၌ ခြောက်လနေပြီးမှ၊ အသေကောင်များကို မြေ၌မြှုပ်စေ ခြင်းငှါ သွားစဉ်အခါ၊

  5. ထိုကာလ၊ ဧဒုံပြည်၌ ရှင်ဘုရင်မရှိ။ ယုဒ ရှင်ဘုရင်ခန့်ထားသော မြို့ဝန်မင်း စီရင်ရ၏။

  6. အဘယ်လမ်းဖြင့် စစ်ချီရမည်နည်းဟုမေးသော်၊ ဧဒုံတောလမ်းဖြင့် ချီရမည်ဟုပြန်ပြော၏။

  7. ထိုသို့ဣသရေလရှင်ဘုရင်၊ ယုဒရှင်ဘုရင်၊ ဧဒုံ ရှင်ဘုရင်တို့သည် ဝိုင်း၍ခုနှစ်ရက် ခရီးသွားကြ၏။ ဗိုလ်ခြေများ သောက်စရာ၊ ပါသော တိရစ္ဆာန် များသောက်စရာ ရေမရှိ။

  8. ယောရှဖတ်က၊ ထာဝရဘုရား၏နှုတ်ကပတ် တော်သည် သူ၌ရှိတော်မူသည်ဟုဆိုလျက်၊ ရှင်ဘုရင် သုံးပါးတို့သည် ဧလိရှဲထံသို့သွားကြ၏။

  9. နံနက်အချိန် ဘောဇဉ်ပူဇော်သက္ကာကို ပူဇော် သောအခါ၊ ရေသည် ဧဒုံလမ်းဖြင့်လာ၍ တပြည်လုံးကို လွှမ်းလေ၏။

  10. မောဘမင်းကြီးသည် အတိုက်မခံနိုင်သည်ကို သိသောအခါ၊ ထားကိုင်သောသူခုနစ်ရာကို ခေါ်၍ ဧဒုံရှင်ဘုရင်၏ တပ်ကိုဖျက်မည်ဟု အားထုတ်သော် လည်း မဖျက်နိုင်။

  11. ထိုမင်းလက်ထက်၌၊ ဧဒုံပြည်သည် ယုဒရှင် ဘုရင်ကို ပုန်ကန်၍ ကိုယ်အမျိုးသားကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။

  12. သို့သော်လည်း၊ ဧဒုံပြည်သည်ယနေ့တိုင်အောင် ယုဒရှင်ဘုရင်ကို ပုန်ကန်၏။

  13. သင်သည် ဧဒုံပြည်ကို လုပ်ကြံသောကြောင့် စိတ်မြင့်လှ၏။ ကိုယ်နေရာ၌ တတ်တိုင်းဝါကြွားလျက် နေလော့။ သင့်ကိုယ်တိုင်နှင့် ယုဒပြည်သည် ဘေးရောက် ၍ ဆုံးရှုံးစေခြင်းငှါ အဘယ်ကြောင့်အမှုရှာသနည်းဟု ယုဒရှင်ဘုရင် အာမဇိကိုပြန်၍ မှာလိုက်လေ၏။

  14. ဣသရေလအမျိုး၌ အစိုးရသောမင်းကြီး မရှိမှီ ဧဒုံပြည်၌ အစိုးရသော မင်းကြီးဟူမူကား၊ ဗောရသား ဗေလသည် ဒိန္နာဗာမြို့၌မင်းပြု၏။

  15. ဟာဒါမင်းသေသောနောက် ဧဒုံပြည်၌ ဗိုလ်လုပ်သောသူဟူမူကား၊ ဗိုလ်တိမနာ၊ ဗိုလ်အာလဝ၊ ဗိုလ် ယေသက်၊

  16. ဗိုလ် မာဂဒေလ၊ ဗိုလ်ဣရံတည်းဟူသော ဤသူတို့သည် ဧဒုံဗိုလ်များဖြစ်သတည်း။

  17. ထိုဖလားတို့ကို ဒါဝိဒ်မင်းကြီးသည် ထာဝရ ဘုရားအား ပူဇော်၏။ ထိုအတူရှုရိပြည်၊ မောဘပြည်၊ အမ္မုန်ပြည်၊ ဖိလိတ္တိပြည်၊ အာမလက်ပြည်၊ အပြည်ပြည် တို့မှ ဆောင်ခဲ့သော ရွှေငွေကိုလည်း ပူဇော်၏။

  18. ဧဒုံပြည်၌မြို့စောင့်တပ်တို့ကို ထား၍၊ ဧဒုံပြည် သားအပေါင်းတို့သည် ဒါဝိဒ်၌ ကျွန်ခံကြ၏။ ဒါဝိဒ် သွားလေရာရာ၌ ထာဝရဘုရားသည် စောင့်မတော်မူ၏။

  19. တဖန်ရှောလမုန်သည် ဧဒုံပြည်တွင်၊ ပင်လယ် ကမ်းနား၌ ဧဇယုန်ဂါဗာမြို့နှင့် ဧလုတ်မြို့သို့သွား၏။

  20. အိုင်ကြီးတဘက်၊ ဧဒုံပြည်ဘက်က များစွာသော အလုံးအရင်းစစ်ချီလာ၍၊ အင်္ဂေဒိအမည်ရှိသော ဟာဇဇုန္တာမာမြို့မှာရှိကြပါသည်ဟု ယောရှဖတ်အား ကြာလျှောက်လျှင်၊

  21. ထိုစကားကို အာမဇိသည် နားမထောင်။ အကြောင်းမူကား၊ ဧဒုံပြည်ဘုရားတို့ကို ဆည်းကပ်သော ကြောင့်၊ ရန်သူလက်သို့ အပ်ခြင်းငှါ၊ ဘုရားသခင် စီရင်တော်မူ၏။

  22. အိုဘုရားသခင်၊ ကိုယ်တော်သည် အမျက်ထွက်သဖြင့်၊ အကျွန်ုပ်တို့ကို စွန့်ပစ်၍ အရပ်ရပ်သို့ ကွဲပြားစေတော်မူပြီ။ တဖန် အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူပါ။

  23. မောဘပြည်ကား၊ ငါ့ရေချိုးအိုးဖြစ်ရ၏။ ဧဒုံပြည်ကား၊ ငါ့ခြေနင်းရာ ဖြစ်ရ၏။ ဖိလိတ္တိပြည်အပေါ်မှာ အောင်သံနှင့် ကြွေးကြော်မည်။

  24. အားကြီးသော မြို့ထဲသို့ ငါ့ကို အဘယ်သူသွင်းပေးမည်နည်း။ ဧဒုံပြည်သို့ ငါကို အဘယ်သူ လမ်းပြမည်နည်း။

  25. ဧဒုံပြည်၌နေသောသူ၊ ဣရှမေလအမျိုးသား၊ မောဘပြည်သား၊ ဟာဂရပြည်သား၊