အကြောင်းအရာသို့ ကျော်သွားရန်

God

11,427 အခန်းငယ် · 2 မိသားစုဝင်

God ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဒါဝိဒ်က၊ ငါ့အသက်ကို ဘေးဥပဒ်အပေါင်းတို့မှ ရွေးတော်မူသော ထာဝရဘုရား အသက်ရှင်တော်မူ သည်အတိုင်း၊

  2. အထက်က ရှောလုသည် ကျွန်တော်တို့၌ ရှင်ဘုရင်ဖြစ်သောအခါ၊ ကိုယ်တော်သည် ဣသရေလ အမျိုးကို ဆောင်သွားလျက်၊ သွင်းပြန်လျက်နေတော်မူပြီ။ ထာဝရဘုရားကလည်း၊ သင်သည်ငါ၏လူ ဣသရေလအမျိုး ကို လုပ်ကျွေးအုပ်စိုးရမည်ဟု ကိုယ်တော်အား မိန့်တော် မူပြီဟု လျှောက်ဆိုကြ၏။

  3. ထိုသို့ ဣသရေလအမျိုးအသက်ကြီးသူအပေါင်း တို့သည် ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ ရောက်လာလျှင်၊ ဒါဝိဒ်မင်းကြီးသည် ဟေဗြုန်မြို့၌ ထာဝရဘုရားရှေ့တော်မှာ သူတို့နှင့် မိဿဟာယဖွဲ့ခြင်း၊ သူတို့သည် ဒါဝိဒ်ကို ဘိတ်သိတ်ပေး၍ ဣသရေလရှင်ဘုရင်အရာ၌ ချီးမြှောက် ကြ၏။

  4. ဒါဝိဒ်တိုးပွား၍ အားကြီးသဖြင့် ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရားသည် သူနှင့် အတူ ရှိတော်မူ၏။

  5. ထာဝရဘုရားသည် ဒါဝဒ်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားတော်မူကြောင်းနှင့် မိမိလူ ဣသရေလအမျိုးအဘို့ အလိုငှါ၊ နိုင်ငံကို ချီးမြှောက်တော်မူကြောင်းကို ဒါဝိဒ်သိမြင်၏။

  6. ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့ ရှိရာသို့ သွားရပါမည်လော။ အကျွန်ုပ်လက်၌ အပ်တော် မူမည်လောဟု ထာဝရဘုရားကို မေးလျှောက်လျှင်၊ ထာဝရဘုရားကသွားလော့။ ငါသည် ဖိလိတ္တိလူတို့ကို သင့်လက်သို့ ဆက်ဆက်အပ်မည်ဟု မိန့်တော်မူသည်အတိုင်း၊

  7. ဒါဝိဒ်သည် ဗာလပေရဇိမ်မြို့သို့ သွား၍ သူတို့ကိုလုပ်ကြံပြီးမှ၊ ထာဝရဘုရားသည် ရေထ၍ ဖြိုဖျက်သကဲ့သို့၊ ငါ့ရန်သူတို့ကို ငါ့ရှေ့မှာ ဖြိုဖျက်တော်မူပြီဟုဆိုလျက်၊ ထိုအရပ်ကို ဗာလပေရဇိမ်အမည်ဖြင့် တွင်စေသတည်း။

  8. ဒါဝိဒ်သည်လည်း မေးလျှောက်သော်၊ ထာဝရဘုရားက၊ တည့်တည့်မတက်ရ။ သူတို့နောက်သို့ဝိုင်း၍ ပိုးစာတောတဘက်၌ ချီရမည်။

  9. ပိုးစာပင်ဖျား၌ စစ်ချီသံကိုကြားသောအခါ ကြိုးစားလော့။ ထိုအခါ ထာဝရဘုရားသည် ဖိလိတ္တိတပ် ကို လုပ်ကြံခြင်းငှါ သင့်ရှေ့မှာ ကြွသွားလိမ့်မည်ဟု မိန့်တော်မူသည်အတိုင်း၊

  10. ဒါဝိဒ်သည်ပြု၍ဖိလိတ္တိလူတို့ကိုဂေဗမြို့မှသည် ဂါဇေရမြို့တိုင်အောင် လုပ်ကြံလေ၏။

  11. ခေရုဗိမ်ကြားမှာကျိန်းဝပ်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နာမတော်နှင့် ဆိုင်သော ဘုရားသခင်၏သေတ္တာတော်ကို ယုဒပြည် ဗာလာမြို့မှဆောင်ခဲ့ခြင်းငှါ၊ မိမိ၌ပါသော သူအပေါင်းတို့ နှင့်တကွ ထသွားလေ၏။

  12. ဘုရားသခင်၏ သေတ္တာတော်ကို လှည်းသစ် ပေါ်မှာတင်၍ တောင်ပေါ်အဘိနဒပ်အိမ်ထဲက ထုတ်ကြ ၏။ အဘိနဒပ်၏သား ဩဇနှင့်အဟိဩတို့သည် လှည်းသစ်ကိုနှင်ရကြ၏။

  13. ဩဇသည်ဘုရားသခင်၏ သေတ္တာတော်အနား၌၎င်း၊ အဟိဩသည် သေတ္တာတော်ရှေ့၌၎င်း သွားကြ၏။

  14. ဒါဝိဒ်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် စောင်း၊ တယော၊ ပတ်သာ၊ နှဲခရာ၊ ခွက်ကွင်းတို့ကို ကိုင်လျက်၊ ထာဝရဘုရားရှေ့တော်၌ အားထုတ်၍ တီးမှုတ်ကြ၏။

  15. နာခုန်ကောက်နယ်သလင်းသို့ ရောက်သောအခါ၊ နွားတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို လှုပ်ရှားသောကြောင့်၊ ဩဇသည် လက်ကိုဆန့်၍ သေတ္တာတော်ကို ကိုင်၏။

  16. ထာဝရဘုရားသည် ဩဇကိုအမျက်ထွက်၍ သူ၏အပြစ်ကြောင့် ဘုရားသခင်ဒဏ်ခတ်တော်မူသဖြင့်၊ သူသည် သေတ္တာတော်နားမှာ သေလေ၏။

  17. ဩဇကို ထာဝရဘုရား ဒဏ်ခတ်တော်မူသောကြောင့်၊ ဒါဝိဒ်သည် ညှိုးငယ်သောစိတ်ရှိ၏။ ထိုအရပ် သည် ယနေ့တိုင်အောင် ပေရဇာဇအမည်ဖြင့်တွင် သတည်း။

  18. ထိုနေ့၌ ဒါဝိဒ်သည် ထာဝရဘုရားကိုကြောက်၍၊ ထာဝရဘုရား၏ သေတ္တာတော်သည် အဘယ်သို့ ငါ့ထံသို့ ရောက်ရမည်နည်းဟု ဆိုလျက်၊

  19. မိမိနေရာဒါဝိဒ်မြို့ထဲသို့ သေတ္တာတော်ကို မဆောင်ဘဲ ဂိတ္တိလူဩဗဒေဒုံအိမ်သို့ လမ်းလွဲ၍ ဆောင် သွားလေ၏။

  20. ထာဝရဘုရား၏သေတ္တာတော်သည် သုံးလပတ်လုံး ဂိတိလူဩဗဒေဒုံအိမ်၌ရှိ၏။ ထာဝရဘုရားသည် လည်း၊ ဩဗဒေဒုံနှင့် အိမ်သူအိမ်သားအပေါင်းတို့ကို ကောင်းကြီးပေးတော်မူ၏။

  21. ထာဝရဘုရားသည် သေတ္တာတော်ကြောင့် ဩဗဒေဒုံနှင့် သူ၌ရှိသမျှကို ကောင်းကြီးပေးတော်မူကြောင်း ကို ဒါဝိဒ်မင်းကြီးကြားသောအခါ၊ တဖန်သွား၍ ဘုရားသခင်၏ သေတ္တာတော်ကိုဩဗဒေဒုံအိမ်မှ ဒါဝိဒ်မြို့သို့ ဝမ်းမြောက်သောစိတ်နှင့် ဆောင်ခဲ့လေ၏။

  22. ထာဝရဘုရား၏ သေတ္တာတော်ကို ထမ်းသောသူတို့သည်ခြောက်လှမ်းသွားပြီးမှ၊ နွားနှင့်ဆူဖြိုးသော အကောင်တို့ကို ယဇ်ပူဇော်လေ၏။

  23. ဒါဝိဒ်သည်လည်း ပိတ်သင်တိုင်းကိုဝတ်လျက်၊ ထာဝရဘုရားရှေ့တော်၌ အားထုတ်၍ကလေ၏။

  24. ထိုသို့ဒါဝိဒ်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် ကြွေးကြော်လျက်၊ တံပိုးမှုတ်လျက်၊ ထာဝရ ဘုရား၏သေတ္တာတော်ကို ဆောင်ခဲ့ကြ၏။

  25. ထာဝရဘုရား၏သေတ္တာတော်သည် ဒါဝိမြို့ထဲသို့ရောက်သောအခါ၊ ရှောလု၏သမီးမိခါလသည် ပြတင်းပေါက်ဖြင့် ကြည့်၍၊ ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်၌ ကလျက်ခုန်လျက်လာသည်ကိုမြင်၍ စိတ်နှလုံးထဲ၌ မထီမဲ့မြင်ပြု၏။