အကြောင်းအရာသို့ ကျော်သွားရန်

God

11,427 အခန်းငယ် · 2 မိသားစုဝင်

God ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ကျွန်မ၏သားသည် သင်၏အမျိုးဖြစ်သောကြောင့်၊ သူ့ကိုလည်း လူမျိုးဖြစ်စေမည်ဟု အာဗြံဟံအား မိန့်တော်မူ၏။

  2. ဘုရားသခင်သည် လုလင်၏အသံကို ကြားတော် မူ၍ ဘုရားသခင်၏၊ ကောင်းကင်တမန်က၊ ဟာဂရ၊ သင်၌အဘယ်အမှုရှိသနည်း။ မစိုးရိမ်နှင့်။ လုလင် နေသော အရပ်ထဲက သူ၏အသံကို ဘုရားသခင် ကြား တော်မူပြီ။

  3. ထလော့။ လုလင်ကိုကြွ၍ လက်နှင့်မလော့။ ငါသည်သူ့ကို လူမျိုးကြီးဖြစ်စေမည်ဟု ကောင်းကင်ထဲက ခေါ်၍ ဟာဂရအား မြွက်ဆို၏။

  4. ထိုအခါ ဘုရားသခင်သည် ဟာဂရ၏ မျက်စိကို ဖွင့်တော်မူသဖြင့်၊ သူသည်ရေတွင်းကို မြင်လေသော်၊ သွား၍ဘူးကို ရေဖြည့်ပြီးလျှင်၊ လုလင်အား ရေကို တိုက်လေ၏။

  5. ထိုလုလင်ဘက်၌လည်း၊ ဘုရားသခင် ရှိတော် မူ၏။ သူသည် ကြီးပွား၍ တော၌နေသဖြင့်၊ လေးသမား ဖြစ်လေ၏။

  6. ထိုရောအခါ၊ အဘိမလက်မင်းနှင့် ဗိုလ်ချုပ် မင်းဖိကောလတို့သည် အာဗြဟံကို ခေါ်၍၊ သင်သည် ပြုလေရာရာ၌ သင့်ဘက်မှာ ဘုရားသခင်ရှိတော်မူ၏။

  7. သို့ဖြစ်၍ သင်သည်ငါ့ကို၎င်း၊ ငါ့သားကို၎င်း၊ ငါ့မြေးကို၎င်း၊ မလှည့်စား၊ ငါသည် သင်၌ကျေးဇူးပြု သကဲ့သို့ ငါ၌၎င်း၊ သင်တည်းနေရာ ငါ့ပြည်၌၎င်း၊ ကျေးဇူးပြုမည်ဟု ဘုရားသခင်ကို တိုင်တည်၍ ငါ့အား ကျိန်ဆိုပါလော့ဟုပြောဆို၏။

  8. အာဗြဟံသည် ဗေရရှဘ အရပ်၌ မန်ကျည်း ပင်ကိုစိုက်၍၊ အစဉ်အမြဲတည်တော်မူသော ဘုရားသခင် တည်းဟူသော၊ ထာဝရဘုရား၏ နာမတော်ကို ပဌနာ ပြုလေ၏။

  9. ထိုနောက်မှ ဘုရားသခင်သည်၊ အာဗြဟံကို စုံစမ်းခြင်းငှါ၊ အာဗြဟံဟု ခေါ်တော်မူ၍ အာဗြဟံက၊ အကျွန်ုပ်ရှိပါ၏ဟု လျှောက်လျှင်၊

  10. သင်သည် အလွန်ချစ်သော တယောက်တည်း သော သားဣဇာတ်ကိုယူ၍ မောရိပြည်သို့သွားလော့။ ငါပြလတံ့သော တောင်ပေါ်မှာ သူကိုမီးရှို့ရာ ယဇ်ပြု၍ ပူဇော်လော့ဟု မိန့်တော်မူ၏။

  11. အာဗြဟံသည် နံနက်စောစောထ၍၊ မြည်းကို ကုန်းနှီးတင်ပြီးလျှင်၊ မိမိသားဣဇာက်နှင့် ငယ်သား နှစ်ယောက်ကိုခေါ်၍ ယဇ်ရှို့စရာ ထင်းကိုခွဲပြီးမှ၊ ဘုရားသခင်မိန့်တော်မူသော အရပ်သို့ ထသွားလေ၏။

  12. အာဗြဟံက ငါ့သား၊ ယဇ်ရှို့စရာဘို့ သိုးသငယ်ကို ဘုရားသခင်သည် မိမိအဘို့ ပြင်ဆင်တော်မူလိမ့်မည်ဟု ဆိုလေ၏။

  13. ထိုသို့နှစ်ယောက်အတူသွား၍၊ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ရောက်ကြသောအခါ၊ အာဗြဟံ သည် ယဇ်ပလ္လင်ကိုတည်၍ ထင်းကိုခင်းပြီးလျှင်၊ သား ဣဇာက်ကိုချည်နှောင်၍၊ ယဇ်ပလ္လင်၌ ထင်းပေါ်မှာ တင်ထား၏။

  14. ထိုအခါ၊ ထာဝဘုရား၏ ကောင်းကင်တမန်က၊ အာဗြဟံ၊ အာဗြဟံဟု ကောင်းကင်ပေါ်က ခေါ်လေ၏။ အာဗြဟံက၊ အကျွန်ုပ်ရှိပါ၏ဟု လျှောက်လျှင်၊

  15. ထိုလုလင်ကို မထိမခိုက်နှင့်။ အလျှင်းမပြုနှင့်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည်ဟု ယခု ငါသိ ၏။ အကြောင်းမူကား၊ သင်၏သား သင်၌တယောက် တည်းသောသားကိုငါတောင်း၍ သင်သည် ငါ့ကိုမငြင်းဟု မိန့်တော်မူ၏။

  16. ထိုအရပ်ကို ယေဟောဝါယိရဟု အာဗြဟံ သမုတ်လေ၏။ ထိုသို့နှင့်အညီ တောင်ပေါ်မှာ ထာဝရ ဘုရားပြင်ဆင်တော်မူမည်ဟု ယနေ့တိုင်အောင် ဆိုလေ့ ရှိသတည်း။

  17. တဖန် ထာဝရဘုရား၏ ကောင်းကင်းတမန် သည် ကောင်းကင်ပေါ်က အာဗြဟံကို ခေါ်လျက်၊

  18. သင်သည် ဤအမှုကိုပြု၍၊ သင်၏သားသင်၌ တယောက်တည်းသောသားကို၊ ငါ့အား မငြင်း သောကြောင့်၊

  19. အာဗြဟံသည်အို၍၊ အသက်အရွယ်ကြီးရင့်လှပြီ။ ထာဝရဘုရားသည်၊ အရာရာ၌ သူ့ကို ကောင်းကြီး ပေးတော်မူပြီ။

  20. သင်သည်၊ ငါနေသော ခါနာန်အမျိုးသမီးတို့ တွင်၊ ငါ့သားဘို့ မယားကို မရွေးမယူဘဲ၊

  21. ငါ့အဘ၏အိမ်မှ၎င်း၊ ငါ့အမျိုးသားနေရာပြည်မှ ၎င်း ငါ့ကိုခေါ်၍၊ သင်၏အမျိုးအနွယ်အား ဤပြည်ကို ငါပေးမည်ဟု၊ငါ့အား ဗျာဒိတ်တော်ပေး၍ ကျိန်ဆိုတော်မူ သော ကောင်းကင်ဘုံရှင်ဘုရားသခင် ထာဝရဘုရားသည်၊ မိမိကောင်းကင်တမန်ကို သင့်ရှေ့၌ စေလွှတ်တော်မူ သဖြင့်၊ သင်သည်ထိုပြည်မှ ငါ့သားဘို့ မယားကို ယူရလိမ့် မည်။

  22. အကျွန်ုပ်၏သခင်၊ အာဗြဟံ၏ ဘုရားသခင် ထာဝရဘုရား ယနေ့ အကျွန်ုပ်အကြံကို ထမြောက်စေ၍၊ အကျွန်ုပ်၏သခင် အာဗြဟံ၌ ကျေးဇူးပြုတော်မူပါဟု၊ အကျွန်ုပ်ဆုတောင်းပါ၏။

  23. ယောက်ျားသည် ထိုမိန်းမကို အံ့ဩ၍၊ မိမိ ရောက်လာသော အမှုကို ထာဝရဘုရားပြုစုတော်မူသည်၊ မမူသည်ကို သိလို၍၊ တိတ်ဆိတ်စွာ နေလေ၏။

  24. ထိုအခါယောက်ျားသည် ဦးညွှတ်ချ၍ ထာဝရ ဘုရားကိုကိုးကွယ်လျက်၊

  25. ကရုဏာ၊ သစ္စာတော်ကို အကျွန်ုပ်သခင်မှ ရုပ်သိမ်းတော်မမူသော၊ အကျွန်ုပ်သခင်အာဗြဟံ၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း။ လမ်းမှာ သွားလျက်ရှိသော အကျွန်ုပ်ကို ထာဝရဘုရားသည် အကျွန်ုပ်သခင်၏ညီအစ်ကိုတို့အိမ်သို့ ပို့ဆောင်တော်မူပါသည်တကားဟု မြွက်ဆို၏။