အကြောင်းအရာသို့ ကျော်သွားရန်

David

968 အခန်းငယ် · 40 မိသားစုဝင်

David ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဣသရေလအမျိုးရှိသမျှကို သွန်သင်၍၊ ထာဝရ ဘုရားအဘို့ သန့်ရှင်းသောလေဝိသားတို့ကိုခေါ်၍၊ ဣသ ရေလရှင်ဘုရင် ဒါဝိဒ်သား ရှောလမုန် တည်ဆောက် သော အိမ်၌သန့်ရှင်းသော သေတ္တာတော်ကို သွင်းထား ကြလော့။ နောက်တဖန် သေတ္တာတော်ကို မထမ်းဘဲ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏အမှု၊ ဘုရား သခင်၏လူ ဣသရေလအမျိုး၏ အမှုကို ထမ်းကြ လော့။

  2. ဣသရေလ ရှင်ဘုရင်ဒါဝိဒ်မှတ်စာ၊ သားတော် ရှောလမုန်မှတ်စာနှင့်အညီ သင်းဖွဲ့သည်အတိုင်း၊ အဆွေ အမျိုးအလိုက် ကိုယ်ကိုပြင်ဆင်၍၊

  3. ဒါဝိဒ်နှင့် ရှင်ဘုရင်၏ ပရောဖက်အာသပ်၊ ဟေမန်၊ ယေဒုသုန်တို့စီရင်သည်အတိုင်း၊ အာသပ် အမျိုးသား သီချင်းသည်တို့သည် မိမိတို့နေရာ၌ရှိကြ၏။ တံခါးစောင့်တို့သည် မိမိတို့အမှုကိုမရှောင်၊ တံခါးရှိသမျှ တို့ ကိုစောင့်ကြ၏။ သူတို့ညီအစ်ကို လေဝိသားတို့သည် သူတို့အဘို့ ပြင်ဆင်ကြ၏။

  4. လုပ်ဆောင်သောသူတို့သည် ထာဝရဘုရား၏ ဗိမာန်တော်တိုက်မြစ်ကိုချသောအခါ၊ ဣသရေလ ရှင်ဘုရင် ဒါဝိဒ်စီရင်သည်အတိုင်း၊ ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းစေခြင်းငှါ၊ တံပိုးကိုင်သော ယဇ် ပုရောဟိတ်များ၊ ခွက်ကွင်းကိုင်သောလေဝိအမျိုး၊ အာသပ်သားများတို့ကို ခန့်ထားကြ၏။

  5. ဖိနဟတ်မျိုး ဂေရရှုံ၊ ဣသမာအမျိုး ဒံယေလ၊ ဒါဝိဒ်အမျိုး ဟတ္တုတ်၊

  6. လေဝိသားအမှုကိုဆောင်ရွက်စေခြင်းငှါ၊ ဒါဝိဒ် နှင့်မှူးတော်မတ် တော်ခန့်ထားသော ဘုရားကျွန်များ၊ စာရင်းဝင်သည်အတိုင်း၊ နှစ်ရာနှစ်ကျိပ်တို့ကို ခေါ်ခဲ့ ကြ၏။

  7. မိဇပါမြို့တပိုင်းကို အုပ်သော ကောလဟောဇ သား ရှလ္လုံသည် စမ်းရေတွင်းတံခါးကိုပြင်၍ တံခါးမိုး၊ တံခါးရွက်၊ သော့ခလောက်၊ ကန့်လန့်ကျင်တို့ကို လုပ်ထား ပြီးလျှင်၊ ဥယျာဉ်တော်နားမှာ၊ ရှိလောင်ရေကန်မြို့ရိုးကို၊ ဒါဝိဒ်မြို့လှေကားတိုင်အောင်တည်၏။

  8. သူ့နောက်မှ ဗက်ဇုရမြို့တပိုင်းကို အုပ်သော အာဇဗုတ်သား နေဟမိသည်၊ ဒါဝိဒ်သင်္ချိုင်းတဘက် တချက်မှစ၍၊ နောက်လုပ်သော ရေကန်နှင့် ဗိုလ်မင်း အိမ်တိုင်အောင် ပြင်၏။

  9. လေဝိသားအကြီးအကဲ၊ ဟာရှဘိ၊ ရှေရဘိ၊ ကပ်မျေလသား ယောရှုတို့သည် ညီအစ်ကိုများနှင့် ဝိုင်း၍ ဘုရားသခင်၏ လူဒါဝိဒ်စီရင်သည်အတိုင်း ဂုဏ်ကျေးဇူး တော်ကို ဘော်ပြချီးမွမ်းခြင်းအမှုကို အလှည့်လှည့် စောင့်ရကြ၏။

  10. သူ၏ညီရှေမာယ၊ အာဇရေလ၊ မိလလဲ၊ ဂိလလဲ၊ မာဣ၊ နာသလေ၊ ယုဒ၊ ဟာနနိတို့သည် ဘုရားသခင်၏ လူဒါဝိဒ်၏ တုရိယာမျိုးကို ကိုင်လျက်လိုက်ကြ၏။ ကျမ်း တတ်ဆရာ ဧဇရသည် သူတို့ရှေ့မှာ သွား၏။

  11. သူတို့တဘက်တချက်၌ ရှိသောစမ်းရေတွင်း တံခါးသို့ရောက်မှ မြို့ရိုးတက်ရာ၊ ဒါဝိဒ်မြို့လှေကားဖြင့် တက်၍၊ ဒါဝိဒ်အိမ်တော်အထက် အရှေ့မျက်နှာ၌ ရေတံခါးတိုင်အောင် သွားကြ၏။

  12. သီချင်းသည်နှင့် တံခါးစောင့်တို့သည်လည်း၊ ဒါဝိဒ်နှင့် သားတော် ရှောလမုန်စီရင်သည်အတိုင်း၊ သူတို့ ဘုရားသခင်အမှုနှင့် စင်ကြယ်ခြင်းအမှုကို စောင့်ရှောက် လျက် နေကြ၏။

  13. ရှေးကာလ၊ ဒါဝိဒ်နှင့် အာသပ်လက်ထက်၌၊ ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ချီးမွမ်းရာ သီချင်းကို ဆိုရသောသူ အကြီးအကဲရှိကြ၏။

  14. အိုထာဝရဘုရား၊ အကျွန်ုပ်၏ရန်သူတို့သည်၊ အလွန်တိုးပွါး၍၊ အကျွန်ုပ်တဘက်၌ ထသောသူတို့သည် များကြပါ၏။

  15. အကျွန်ုပ်ကိုဖြောင့်မတ်စေတော်မူသော ဘုရား၊ အကျွန်ုပ်ခေါ်သောအခါ နားထောင်တော်မူပါ။ အကျွန်ုပ် သည်ဆင်းရဲစဉ်တွင် ကိုယ်တော်သည် ချမ်းသာပေးတော် မူပါပြီ။ ယခုလည်းသနား၍ အကျွန်ုပ်၏ ပဌနာစကား ကို နားထောင်တော်မူပါ။

  16. အိုထာဝရဘုရား၊ အကျွန်ုပ်၏စကားကို နား ထောင်တော်မူ၍၊ အကျွန်ုပ်မြည်တမ်းခြင်းကို ဆင်ခြင် တော်မူပါ။

  17. အိုထာဝရဘုရား၊ အမျက်တော်ထွက်၍ အကျွန်ုပ်ကို အပြစ်တင်တော်မမူပါနှင့်။ ပြင်းစွာအမျက် ထွက်၍ ဆုံးမတော်မမူပါနှင့်။

  18. အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ် တော်ကို အကျွန်ုပ်ခိုလှုံပါ၏။ အကျွန်ုပ်ကို ညှဉ်းဆဲသော သူအပေါင်းတို့၏လက်မှ အကျွန်ုပ်ကို နှုတ်ယူ၍ ကယ်တင် တော်မူပါ။

  19. အိုအကျွန်ုပ်တို့၏ ဘုရားရှင်ထာဝရဘုရား၊ နာမ တော်သည် မြေကြီးတပြင်လုံး၌ အလွန်ကြီးမြတ်တော်မူ ၏။ ဘုန်းအာနုဘော်တော်သည် မိုဃ်းကောင်းကင်ပေါ်မှာ တည်လျက်ရှိပါ၏။

  20. အိုထာဝရဘုရား၊ အကျွန်ုပ်သည် စိတ်နှလုံး အကြွင်းမဲ့ကိုယ်တော်ကို ချီးမွမ်းပါမည်။ အံ့ဘွယ်သော အမှုတော်ရှိသမျှတို့ကို ပြညွှန်ပါမည်။

  21. မတရားသော သူတို့သည် သဘောဖြောင့်သော သူတို့ကို မထင်မရှားပစ်အံ့သောငှါ လေးကို တင်၍၊ လေးညှို့ပေါ်မှာ မြှားကိုပြင်ကြ၏။

  22. အိုထာဝရဘုရား၊ ကယ်တင်တော်မူပါ။ သူတော် ကောင်းမျိုးသည် ပြတ်၍ သစ္စာရှိသောလူမျိုးသည် လူသားတို့တွင် ကွယ်ပျောက်ပါ၏။

  23. အိုထာဝရဘုရား၊ အကျွန်ုပ်ကို အလျှင်းမမှတ်ဘဲ အဘယ်မျှ ကာလပတ်လုံးမေ့လျော့တော်မူမည်နည်း။ အဘယ်မျှကာလပတ်လုံး မျက်နှာတော်ကို ကွယ်ထား တော်မူမည်နည်း။

  24. ဘုရားသခင်မရှိဟု မိုက်သောသူသည် ထင်တတ် ၏။ ထိုသို့သော သူတို့သည် ဆွေးမြေ့ယိုယွင်း၍ စက်ဆုပ် ဘွယ်သော အမှုကို ပြုတတ်ကြ၏။ ကောင်းသောအမှုကို ပြုသော သူတယောက်မျှမရှိ။

  25. အိုထာဝရဘုရား၊ တဲတော်၌ အဘယ်သူသည် တည်းရပါမည်နည်း။ သန့်ရှင်းသောတောင်တော်ပေါ်မှာ အဘယ်သူသည် နေရပါမည်နည်းဟူမူကား၊