အကြောင်းအရာသို့ ကျော်သွားရန်

David

968 အခန်းငယ် · 40 မိသားစုဝင်

David ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အကျွန်ုပ်ကို စောင့်မတော်မူပါဘုရား။ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏။

  2. အိုထာဝရဘုရား၊ တရားသော ဘက်မှာနေ၍ အကျွန်ုပ်အော်ဟစ်ခြင်းကို မှတ်တော်မူပါ။ မလှည့်စား တတ်သော နှုတ်နှင့် ဆုတောင်းသော ပဌနာစကားကို နားထောင်တော်မူပါ။

  3. အိုထာဝရဘုရား၊ အကျွန်ုပ်၏ ခွန်အားဗလ တည်းဟူသော ကိုယ်တော်ကို အကျွန်ုပ်ချစ်ပါ၏။

  4. ဘုရားသခင်သည် မိမိခန့်ထားသော မင်းကြီးကို အထူးသဖြင့် ကယ်လွှတ်တော်မူ၏။ ဘိသိက်တော်ကို ခံရသော ဒါဝိဒ်မှမစ၍ အမျိုးအနွယ်အား ကာလအစဉ် အဆက် ကရုဏာကျေးဇူးကို ပြုတော်မူ၏။

  5. မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ ဘုန်း အသရေတော်ကို ကြားပြော၍၊ မိုဃ်းမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကိုပြသ၏။

  6. ဘေးအန္တရာယ်ရောက်သောကာလ၌၊ ထာဝရ ဘုရားသည် ကိုယ်တော်စကားကို နားထောင်၍၊ ယာကုပ် ၏ ဘုရားသခင်နာမတော်သည် ချီးမြှောက်တော်မူပါစေ သော။

  7. အိုထာဝရဘုရား၊ မင်းကြီးသည် ကိုယ်တော်၏ အစွမ်းသတ္တိကြောင့် ဝမ်းမြောက်၍၊ ကယ်တင်တော်မူ ခြင်းအားဖြင့် အလွန်ရွှင်လန်းပါ၏။

  8. အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ် ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း။ အကျွန်ုပ်ကို မကယ်တင်ဘဲ အကျွန်ုပ်အော်ဟစ်သော စကားကို နား မထောင်ဘဲ အဘယ်ကြောင့် အဝေးမှာနေတော်မူ သနည်း။

  9. ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော် မူ၏။ ငါသည် ဆင်းရဲမခံရ။

  10. ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာ ကို၎င်း၊ လောကဓာတ်နှင့်လောကသားတို့ကို၎င်း၊ ပိုင်တော်မူ၏။

  11. အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် တသလျက်နေပါ၏။

  12. အိုထာဝရဘုရား၊ အကျွန်ုပ်သည် ဖြောင့်မတ် ခြင်းလမ်းသို့ လိုက်သောကြောင့်၊ အကျွန်ုပ်ဘက်၌ တရား စီရင်တော်မူပါ။ အကျွန်ုပ်သည် ထာဝရဘုရားကို ခိုလှုံ၍၊ ရွေ့လျားခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။

  13. ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကို ကယ်တင်သော အရှင်ဖြစ်တော်မူ၏။ ငါသည် အဘယ် သူကို ကြောက်ရအံ့နည်း။ ထာဝရဘုရားသည် ငါ့၏ အသက်ခိုလှုံရာဖြစ်တော်မူ၏။ ငါသည် အဘယ်သူကိုမျှ ကြောက်လန့်ရအံ့နည်း။

  14. အကျွန်ုပ်၏ ကျောက်ဖြစ်တော်မူသော ထာဝရ ဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ မထူးဘဲ နေတော်မမူပါနှင့်။ မထူးဘဲနေတော်မူလျှင်၊ အကျွန်ုပ် သည် သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူ ကဲ့သို့ဖြစ်ရ ပါမည်။

  15. အိုဘုရားသခင်သားတို့၊ ထာဝရဘုရားသည် ဘုန်းတန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့။

  16. အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် ချီးမွမ်းပါမည်။ အကျွန်ုပ်ကိုနှုတ်ဆက်တော်မူ၏။ ရန်သူ တို့သည် အကျွန်ုပ်အကြောင်းကြောင့်၊ ဝမ်းမြောက်ရသော အခွင့်ကို ပေးတော်မမူ။

  17. အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခုံလှုံပါ ၏။ ရှက်ကြောက်ခြင်းနှင့် အစဉ်ကင်းလွတ် ပါစေသော။ တရားတော်နှင့်အညီ အကျွန်ုပ်ကို ကယ်မတော်မူပါ။

  18. အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ် ခြင်းသို့ ရောက်သောသူသည် မင်္ဂလာရှိ၏။

  19. ငါသည် ခပ်သိမ်းသောကာလတို့၌ ထာဝရ ဘုရားကို ကောင်းကြီးပေးမည်။ ဂုဏ်ကျေးဇူးတော်ကို အစဉ်မပြတ် မြွက်ဆိုမည်။

  20. အိုထာဝရဘုရား၊ အကျွန်ုပ်၌ဆန့်ကျင်ဘက်ပြု သောသူတို့ကို ဆန့်ကျင်ဘက်ပြုတော်မူပါ။ အကျွန်ုပ်ကို စစ်တိုက်သောသူတို့ကို တိုက်တော်မူပါ။

  21. ဘုရားသခင်ကို ကြောက်ရွံ့ရသောအကြောင်း သည် မတရားသောသူ၏ မျက်စိ၌မထင်ဟု၊ ထိုသူပြု တတ်သော ဒုစရိုက်ကို ငါထောက်၍ သဘောကျ၏။

  22. လူဆိုးတို့အကြောင်းကြောင့် စိတ်မပူနှင့်။ မတရား သဖြင့် ပြုသောသူတို့ကို မငြူစူနှင့်။

  23. အိုထာဝရဘုရား၊ အမျက်တော်ထွက်၍ အကျွန်ုပ်ကို အပြစ်တင်တော်မမူပါနှင့်။ ပြင်းစွာသော စိတ်တော်ရှိ၍ ဆုံးမတော်မမူပါနှင့်။

  24. ငါသည်စကားဖြင့်မျှ မပြစ်မှားမည်အကြောင်း၊ ကိုယ်ကျင့်ကို သတိပြုမည်။ မတရားသောသူသည် ငါ့ရှေ့ မှာရှိစဉ်၊ ငါသည်ကိုယ်နှုတ်ကို ချည်နှောင်မည်ဟု ငါပြော ထား၏။

  25. ငါသည် ထာဝရဘုရားကို စေ့စေ့မြော်လင့်သည် ကာလ၊ ငါ့ကို မျက်နှာပြု၍ ငါအော်ဟစ်သောအသံကို ကြားတော်မူ၏။