Skip to content

Eliab

5 အခန်းငယ် · 9 မိသားစုဝင်

Eliab ကို ဖော်ပြသော အခန်းငယ်များ

  1. သူတို့သည် ရောက်လာသောအခါ ဧလျာဘကို ကြည့်ရှု၍၊ စင်စစ်ထာဝရဘုရားအခွင့်နှင့် ဘိသက်ခံရသော သူသည် ငါ့ရှေ့မှာရှိ၏ဟု ဆိုလေသော်၊

  2. ယေရှဲ၏သားတို့တွင် အသက် အကြီးဆုံးသောသူ သုံးယောက်တို့သည် စစ်မှုကို ထမ်း၍ ရှောလုနောက် သို့ လိုက်ကြ၏။ သူတို့အမည်ကား သားဦးဧလျာဘ၊ ဒုတိယသားအဘိနဒပ်၊ တတိယသားရှိမာတည်း။

  3. ထိုသူတို့နှင့် ဒါဝိဒ်ပြောသည်ကို အစ်ကိုအကြီး ဧလျာဘကြားလျှင် ဒါဝိဒ်ကို အမျက်ထွက်၍၊ သင်သည် အဘယ်ကြောင့် ဤအရပ်သို့ လာသနည်း။ ထိုနည်းသော သိုးတို့ကို တောတွင် အဘယ်သူလက်၌ အပ်ခဲ့သနည်း။ သင့်မာနကြီးခြင်း၊ သင့်စိတ်နှလုံးဆိုးညစ်ခြင်းကို ငါသိ၏။ စစ်ပွဲကို ကြည့်ရှုခြင်းငှါ သာလာပြီဟု ဆို၏။

  4. ယေရှဲသားဦးကား ဧလျာဘ၊ ဒုတိယသား အဘိနဒပ်၊ တတိယသားရှိမာ၊

  5. ရောဗောင်သည်လည်း ဒါဝိဒ်သား ယေရိမုတ် သမီး မဟာလတ်၊ ယေရှဲသား ဧလျာဘသမီး အဘိဟဲလ နှင့်စုံဘက်၍၊