အကြောင်းအရာသို့ ကျော်သွားရန်

David

968 အခန်းငယ် · 40 မိသားစုဝင်

David ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုသူကိုအကြောင်းပြုလျက် ဒါဝိဒ်မင်းက၊ ငါသည်ထာဝရဘုရားကို အစဉ်မပြတ် မျက်မှောက်ပြု၏။ အကြောင်းမူကား ငါ့လက်ျာဘက်၌ တည်ရှိတော်မူသည်ဖြစ်၍ ငါသည်လှုပ်ရှားခြင်းမရှိရ။

  2. ညီအစ်ကိုတို့၊ အမျိုး၏အဘဖြစ်သော ဒါဝိဒ်၏အကြောင်းကို ငါသည် သင်တို့အား အတည့်အလင်း ပြောပါရစေ။ ထိုဒါဝိဒ်သည် သေ၍ သင်္ဂြိုဟ်သောတွင်းသည် ယခုတိုင်အောင် ငါတို့၌ရှိ၏။

  3. ဒါဝိဒ်သည် ကောင်းကင်သို့မတက်သေး၊

  4. ကိုယ်တော်ကလည်း၊ လူမျိုးတို့သည် အဘယ် ကြောင့် ရုန်းရင်းခတ် ပြုကြသနည်း။ လူစုတို့သည် အဘယ်ကြောင့် အချည်းနှီး ကြံစည်ကြသနည်း။

  5. နောက်ကျသော ငါတို့အဘများသည် ထိုတဲ တော်ကို တပါးအမျိုးသားတို့ ပိုင်သော မြေထဲသို့ ယောရှုနှင့်အတူ ဆောင်သွင်းကြ၏။ ထိုတပါး အမျိုးသား တို့ကို ဘုရားသခင်သည် ဒါဝိဒ်မင်းလက်ထက်တိုင်အောင် ငါတို့အဘများထံမှ နှင်ထုတ်တော်မူ၏။

  6. နောက်မှထိုသူကိုပယ်၍၊ ဣသရေလရှင်ဘုရင်အရာ၌ ဒါဝိဒ်ကို ချီးမြောက်တော်မူ၏။ ထိုသူ အားသက်သေခံတော်မူလျက်၊စိတ်နှလုံး၌ ညီညွတ်သည် ဖြစ်၍ ငါ့အလိုကိုပြည့်စုံစေမည့်သူ၊ ယေရှ၏ သားဒါဝိဒ်ကို ငါတွေ့ရပြီဟု မိန့်တော်မူ၏။

  7. ယနေ့ပင်သင့်ကိုငါဖြစ်သွားစေပြီဟု လာသည် နှင့်အညီ၊ ဘုရားသခင်သည် ယေရှုကို ထမြောက်စေ တော်မူသဖြင့်၊ ငါတို့ဘိုးဘေး များ၌ရှိသော ဂတိတော်ကို ထိုသူတို့၏ သားဖြစ်သောငါတို့အား ပြည့်စုံတော်မူ သည်ဟူ၍၎င်း၊ ဒါဝိဒ်၌မြဲမြံသော ကျေးဇူးတော်ကို သင်တို့အား ငါပေးမည်ဟူသောဗျာဒိတ်တော်နှင့်အညီ၊ ထိုသခင်ကို သေခြင်းမှ ထမြောက်စေ၍၊ နောက်တဖန် ပုပ်စပ်ခြင်းသို့ မပြန်ဘဲ အစဉ်ကင်းလွတ် ရမည်အခွင့်ကို ပေးတော်မူသည်ဟူ၍၎င်း၊ ဝမ်းမြောက်စရာသိတင်း ဧဝံဂေလိတရားကို ငါတို့သည် သင်တို့အား ကြားပြော ကြ၏။

  8. ဒါဝိဒ်သည်မိမိကာလ၌ ဘုရားသခင်၏ အလို တော်ကို ဆောင်ရွက်ပြီးလျှင်၊ ကျိန်းစက်၍ မိမိဘိုးဘေး စုထဲသို့ဝင်သဖြင့် ပုပ်စပ်ခြင်း သို့ ရောက်လေ၏။

  9. ကျမ်းစာလာသည်ကား၊ ငါ၏နာမဖြင့် သမုတ်သော တပါးအမျိုးသားအပေါင်းတည်းဟူသော ကျန်ကြွင်းရစ်သော သူတို့သည် ထာဝရ ဘုရားကိုရှာစေခြင်းငှါ နောက်မှငါပြန်လာမည်။

  10. သန့်ရှင်းသောဝိညာဉ်အားဖြင့် ၊

  11. ထိုအတူ၊ ဘုရားသခင်သည် အကျင့်ကို မထောက်ဘဲလျက်ပေးတော်မူသော ဖြောင့်မတ်ခြင်းကို ရသော သူ၏မင်္ဂလာကို ဒါဝိဒ်သည် ရည်မှတ်၍ ဆိုသည်ကား၊

  12. ဒါဝိဒ်၏စကားဟူမူကား၊ သူတို့စားပွဲသည် သူတို့၌ ကျော့ကွင်းသော်၎င်း၊ ဂျမ်းသော်၎င်း၊ ထောင် ချောက်သော်၎င်း၊ ခံထိုက်သော အပြစ်သော်၎င်း ဖြစ်ပါစေ။

  13. ဒါဝိဒ်အမျိုးဖြစ်သော ယေရှုခရစ်သည်၊ ငါဟောသောဧဝံဂေလိတရားအတိုင်း၊ သေခြင်းမှ ထမြောက်တော်မူသည်ဟု အောက်မေ့လော့။

  14. တဖန်တုံ၊ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက်ရှိသည်ဖြစ်၍ ခိုင်မာ စိတ်နှလုံး မရှိကြနှင့်ဟုဆိုသည်ဖြစ်၍၊ ဤမျှလောက် ကာလကြာပြီးမှ၊ ယနေ့ဟု ဒါဝိဒ်ကျမ်းစာ၌ လာသောအခါ၊ တစုံတခု သော နေ့ရက်ကို သေချာစွာမှတ်သားသတည်း။

  15. ထိုမှတပါး၊ အဘယ်သို့ပြောစရာရှိသေးသနည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုံ၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေ လမှစ၍ ပရောဖက်တို့အကြောင်းများကို ပြော၍မကုန်နိုင်။

  16. ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏ တမန်ကိုဤသို့ရေး၍ မှာလိုက်လော့။ သန့်ရှင်းသောသူ၊ ဟုတ်မှန်သောသူ၊ ဒါဝိဒ်မင်း၏ တံခါးသော့ကို ကိုင်သော သူ၊ အဘယ်သူမျှ မပိတ်နိုင်အောင် ဖွင့်၍၊ အဘယ်သူမျှ မဖွင့်နိုင်အောင် ပိတ်သောသူ၏ အမိန့်တော်ကား။

  17. တံဆိပ် ခုနစ် ချက်တို့ကို၎င်း၊ ဖွင့်ခြင်းငှါ အောင်မြင်လေပြီဟု ငါ့ကို ပြောဆို၏။

  18. ငါယေရှုသည် အသင်းတော်တို့အဘို့ ဤအရာ များကို သင်တို့အားသက်သေခံစေခြင်းငှါ၊ ငါ၏ ကောင်း ကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏ အမြစ် ဖြစ်၏။ အနွယ်လည်းဖြစ်၏။ ထွန်းတောက်သော မိုဃ်း သောက်ကြယ်လည်းဖြစ်၏။