အကြောင်းအရာသို့ ကျော်သွားရန်

David

968 အခန်းငယ် · 40 မိသားစုဝင်

David ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အို ထာဝရဘုရား၊ သစ္စာတော်နှင့်တကွ ကိုယ် တော်၏ ကျွန်ဒါဝိဒ်အား ကျိန်ဆိုတော်မူသော ရှေး ကရုဏာတော်သည် အဘယ်မှာ ရှိပါသနည်း။

  2. ငါသည် သနားစုံမက်ခြင်း၊ တရားသဖြင့် စီရင် ခြင်းကို အကြောင်းပြု၍ သီချင်းဆိုပါမည်။ အို ထာဝရ ဘုရား၊ ရှေ့တော်၌ သီချင်းဆိုပါမည်။

  3. အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီးပေး လော့။ ငါ၏ အထဲမှာ ရှိသမျှတို့၊ သန့်ရှင်းသော နာမတော် ကို ကောင်းကြီးပေးကြလော့။

  4. အိုဘုရားသခင်၊ အကျွန်ုပ် နှလုံးသည် တည် ကြည်ပါ၏။ သီချင်းဆိုပါမည်။ ဝိညာဉ်ပါလျက် ချီးမွမ်း ထောမနာပြုပါမည်။

  5. အကျွန်ုပ် ချီးမွမ်းသော ဘုရားသခင်၊ တိတ် ဆိတ်စွာနေတော်မမူပါနှင့်။

  6. ထာဝရဘုရားက၊ သင်၏ ရန်သူတို့ကို သင်၏ ခြေတင်ရာ၊ ငါမချထားမှီတိုင်အောင်၊ ငါ့လက်ျာဘက်၌ ထိုင်နေလော့ဟု ငါ၏သခင်အား မိန့်တော်မူ၏။

  7. ငါတို့သည် ထာဝရဘုရား၏ အိမ်တော်သို့ သွားကြကုန်အံ့ဟု သူတပါးတို့သည် ပြောကြသောအခါ၊ ငါသည် ဝမ်းမြောက်ခြင်းရှိ၏။

  8. ထိုမြို့၌ တရားစီရင်ရာပလ္လင်၊ ဒါဝိဒ်မင်းမျိုး၏ ရာဇပလ္လင်တို့ သည်တည်ကြ၏။

  9. ထာဝရဘုရားသည် ငါတို့ဘက်မှာ ရှိတော် မမူလျှင်ဟူသော စကားနှင့် ချီ၍၊ ဣသရေလအမျိုးဆိုရ သောစကား ဟူမူကား၊

  10. အိုထာဝရဘုရား၊ အကျွန်ုပ်သည် စိတ်မမြင့်ပါ။ မျက်နှာလည်း မမော်ပါ။ ကိုယ်နှင့်မတန်၊ ကြီးမြင့်သော အမှုတို့၌ မကျင်လည်ပါ။

  11. အိုထာဝရဘုရား၊ ဒါဝိဒ်မင်းကို၎င်း၊ သူခံရသမျှ သော ဆင်းရဲခြင်းကို၎င်း အောက်မေ့တော်မူပါ။

  12. ကိုယ်တော်၏ ကျွန်ဒါဝိဒ်မင်း၏ မျက်နှာကို ထောက်သဖြင့်၊ ကိုယ်တော်ထံ၌ ဘိသိက်ခံသောသူကို ငြင်းပယ်တော်မမူပါနှင့်။

  13. ထာဝရဘုရားသည် ဒါဝိဒ်အား ဓိဋ္ဌာန်ကျိန်ဆို ခြင်းကိုပြု၍၊ သစ္စာဖျက်တော်မမူသော စကားဟူမူကား၊ သင်၏အမျိုးအနွယ်ကို သင်၏ပလ္လင်ပေါ်မှာ ငါတင်မည်။

  14. ထိုမြို့၌ ဒါဝိဒ်၏ ဦးချိုကို ငါပေါက်စေမည်။ ငါ့ထံ၌ ဘိသိက်ခံ သောသူတို့ မီးခွက်ကို ငါပြင်ဆင်ပြီ။

  15. ညီအစ်ကိုတို့သည် သဘောတူလျက်ပေါင်းဘော် ကြသည်အရာမှာ အလွန်ကောင်းပေ၏။ အလွန်တင့် တယ်လျောက်ပတ်ပေ၏။

  16. အိုထာဝရဘုရား၊ ကိုယ်တော်ကိုစိတ်နှလုံး အကြွင်းမဲ့ အကျွန်ုပ်ချီးမွမ်းပါမည်။ အခြားတပါးသော ဘုရားတို့ရှေ့မှာ ကိုယ်တော်ကို ထောမနာသီချင်း ဆိုပါ မည်။

  17. အိုထာဝရဘုရား၊ကိုယ်တော်သည် အကျွန်ုပ်ကို စစ်ကြော၍ သိတော်မူ၏။

  18. အိုထာဝရဘုရား၊ ဆိုးသောသူ၏လက်မှ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။ ကြမ်းတမ်းသော သူ၏လက်မှ အကျွန်ုပ်ကို ကွယ်ကာစောင့်မတော်မူပါ။

  19. အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် အော်ဟစ်ပါ၏။ အလျင်အမြန် ကြွလာတော်မူပါ။ ကိုယ် တော်ကို အော်ဟစ်သောအခါ၊ အကျွန်ုပ်၏ စကားသံကို နားထောင်တော်မူပါ။

  20. ငါသည် ထာဝရဘုရားထံသို့ အသံကိုလွှင့်၍ အော်ဟစ်၏။ ငါ့အသံကို ထာဝရဘုရားထံသို့လွှင့်၍ ဆုတောင်းပဋ္ဌနာပြု၏။

  21. အိုထာဝရဘုရား၊ အကျွန်ုပ်၏ပဌနာကိုကြား၍၊ ဆုတောင်းသော စကားကိုနားထောင်တော်မူပါ။ သစ္စာ စောင့်ခြင်း၊ ဖြောင့်မတ်ခြင်းရှိတော်မူသည်အတိုင်း ပြန် ပြောတော်မူပါ။

  22. ငါ၏ကျောက်တည်းဟူသော ထာဝရဘုရား သည် မင်္ဂလာရှိတော်မူစေသတည်း။ ငါ့လက်သည် စစ် တိုက်၍၊ လက်ချောင်းတို့လည်းစစ်မှုကို လေ့ကျက်မည် အကြောင်းသွန်သင်တော်မူ၏။

  23. အောင်မြင်ရသောအခွင့်ကို ရှင်ဘုရင်တို့အား ပေးတော်မူ၏။ ကိုယ်တော်၏ ကျွန်ဒါဝိဒ်ကိုဆိုးသော ထားဘေးနှင့် ကင်းလွတ်စေတော်မူ၏။

  24. အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်ချီးမြှောက်ပါမည်။ ကမ္ဘာအဆက်ဆက် နာမတော်ကို ကောင်းကြီးပေးပါမည်။

  25. ပညာတရား၊ နည်းဥပဒေသတရားကိုသိ၍၊ ဉာဏ်နှင့်ယှဉ်သော စကားကို နားလည်မည်အကြောင်း၊