အကြောင်းအရာသို့ ကျော်သွားရန်

The Holy Trinity အကြောင်း ကျမ်းစာအခန်းငယ်များ

85 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သို့သော်လည်း ဘုရားသခင် ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ သင်တို့သည် ဇာတိပကတိဘက်၌ရှိကြသည်မဟုတ်။ ဝိညာဉ်ပကတိဘက်၌ ရှိကြ၏။ ခရစ်တော်၏ဝိညာဉ်ကိုမရသော သူမည်သည်ကား ခရစ်တော်နှင့်မဆိုင်။

  2. ခရစ်တော်သည် သင်တို့အထဲ၌ရှိတော်မူလျှင်၊ ကိုယ်ကာယသည် အပြစ်ကြောင့်အသေဖြစ်သော်လည်း ဝိညာဉ်မူကား ဖြောင့်မတ်ခြင်းကြောင့် အသက်ရှင်လျက်ရှိ၏။

  3. ထိုမျှမက၊ ယေရှုကိုသေခြင်းမှ ထမြောက်စေတော်မူသော ဘုရား၏ဝိညာဉ်တော်သည် သင်တို့ အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူသော ဘုရားသည် သင်တို့အထဲ၌ ကျိန်းဝတ်သောမိမိဝိညာဉ်တော်အားဖြင့်၊ သေတတ်သော သင်တို့၏ ကိုယ်ကာယကိုပင် ရှင်စေတော်မူမည်။

  4. ထိုမှတပါး၊ ငါတို့မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည်ဆုတောင်း သင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟုမသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။

  5. စိတ်နှလုံးကို စစ်တော်မူသောသူသည်လည်း ဝိညာဉ်တော်၏ စိတ်သဘောကိုသိတော်မူ၏။ အကြောင်း မူကား ဝိညာဉ်တော်သည် သန့်ရှင်းသူတို့၏ ဆုတောင်းခြင်းအမှုကို ဘုရားသခင်၏အလိုတော်နှင့် အညီစောင့်မ တော်မူ၏။

  6. ထိုအရာတို့ကို ဘုရားသခင်သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အားဘော်ပြတော်မူ၏။ ဝိညာဉ်တော် သည် ဘုရားသခင်၏ နက်နဲသော အရာတိုင်အောင် ခပ်သိမ်းသော အရာတို့ကိုစစ်တော်မူ၏။

  7. လူ၏နက်နဲသော အရာကို လူ၌ရှိသော မိမိစိတ် ဝိညာဉ်မှတပါး အဘယ်သူသိသနည်း။ ထိုနည်းတူ ဘုရားသခင်၏ နက်နဲသောအရာကို ဘုရားသခင်၏ ဝိညာဉ်တော်မှ တပါးအဘယ်သူမျှမသိ။

  8. အဘယ်သို့နည်း။ သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင် ပေးသနားတော်မူသော ဝိညာဉ်တော်တည်း ဟူသော၊ သင်တို့အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကို မိမိတို့မပိုင်ကြောင်းကို၎င်း၊ မသိကြသလော။

  9. အကြင်ဘုရားသခင်အထဲက ခပ်သိမ်းသော အရာဖြစ်၍၊ အကြင်ဘုရားသခင်အဘို့အလိုငှါ ငါတို့သည် ဖြစ်ကြ၏။ ထိုခမည်းတော်ဘုရားသခင်တပါးတည်းသာ ငါတို့၌ ရှိတော်မူ၏။ အကြင်သခင်အားဖြင့် ငါတို့မှစ၍ ခပ်သိမ်းသောအရာဖြစ်ကြ၏။ ထိုသခင်ယေရှုခရစ်တပါးတည်းသာငါတို့၌ရှိတော်မူ၏။

  10. ထိုကြောင့် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဟောပြော၍ အဘယ်သူမျှယေရှုကို မကျိန်ဆဲ နိုင်သည်ကို၎င်း၊ ယေရှုသည် သခင်ဘုရား ဖြစ်တော်မူ၏ဟု သန့်ရှင်းသောဝိညာဉ်တော်ကို အမှီမပြုလျှင်၊ အဘယ်သူမျှ မပြောနိုင်သည်ကို၎င်း၊ သင်တို့သည် သိနားလည် စေခြင်းငှါ ငါသတိပေး၏။

  11. ဆုကျေးဇူးတော် အထူးထူးအထွေထွေ ရှိငြားသော်လည်း ဝိညာဉ်တော်တပါးတည်း ရှိ၏။

  12. ဓမ္မဆရာအမှု အထူးထူးအထွေထွေရှိငြားသော်လည်း သခင်တပါးတည်းရှိ၏။

  13. ပြုပြင်ခြင်းအမှု အထူးထူးအထွေထွေရှိငြားသော်လည်း၊ ခပ်သိမ်းသော သူတို့၌ ပြုပြင်သမျှကို ပြုပြင် တော်မူသော ဘုရားသခင်တပါးတည်းရှိ၏။

  14. သင်တို့နှင့်ငါတို့ကို ခရစ်တော်၌တည်စေ၍ ဘိသိက်ပေးသော သူကား၊ ဘုရားသခင်ဖြစ်သတည်း။

  15. ထိုဘုရားသခင်သည် ငါတို့ကိုတံဆိပ်ခတ်၍ ငါတို့စိတ်နှလုံးထဲ၌ ဝိညာဉ်တော်တည်းဟူသော စားရန်ကိုသွင်းပေးတော်မူ၏။

  16. သခင်ဘုရားဟုဆိုသော် ဝိညာဉ်တော်တရားကို ဆိုလိုသတည်း။ သခင်ဘုရား၏ ဝိညာဉ်တော်တရားသည် လွှတ်ခြင်းချမ်းသာကို ပေးတတ်၏။

  17. ထိုသို့သော အကျိုးကိုခံစေခြင်းငှါ ငါတို့ကို ပြင်ဆင်သောသူကား၊ ဘုရားသခင်ပေတည်း။ ထိုဘုရား သခင်သည် ဝိညာဉ်တော်တည်းဟူသော စားရန်ကို ငါတို့အား ပေးတော်မူပြီ။

  18. သခင်ယေရှုခရစ်၏ ကျေးဇူးတော်၎င်း၊ ဘုရားသခင်၏ မေတ္တာတော်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မိဿဟာယတော်၎င်း၊ သင်တို့အပေါင်း၌ရှိစေသတည်း။ အာမင်။ ကောရိန္သုဩဝါဒဒုတိယစောင်ပြီး၏။

  19. အချိန်ကာလစေ့သောအခါ၊ ငါတို့သည်သား၏အခွင့်အရာကို ခံရမည်အကြောင်း၊

  20. ထိုသို့သင်တို့သည်သားဖြစ်သောကြောင့် အဗ္ဗအဘဟု ခေါ်တတ်သော သားတော်၏ဝိညာဉ်တော်ကို သင်တို့စိတ်နှလုံးထဲသို့ ဘုရားသခင် စေလွှတ်တော်မူ၏။

  21. အဘယ်သို့နည်းဟူမူကား၊ ငါသည်အလျှင်းရှက်ကြောက်ခြင်းမရှိ၊ ရဲရင့်ခြင်းနှင့်ပြည့်စုံ၍ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ့ကိုယ်ခန္ဓာ၌ ခရစ်တော်သည် အစဉ်မပြတ် ဂုဏ်အသရေထင်ရှား တော်မူသကဲ့သို့၊

  22. မေတ္တာချင်းထုံးဖွဲ့၍၊ ခမည်းတော်ဘုရားနှင့် ခရစ်တော်၏ နက်နဲသောအရာကို နားလည်နိုင်သော ဝိစိကိစ္ဆာနှင့် ကင်းစင်သော ဉာဏ်၏စည်းစိမ်အပေါင်းနှင့် ပြည့်စုံ၍၊ စိတ်နှလုံးသက်သာစေမည်အကြောင်း အဘယ်မျှလောက်ကြီးသော တိုက်လှန်ခြင်းကို ငါခံရသည်ဟု သင်တို့သိစေခြင်းငှါ ငါအလိုရှိ၏။

  23. သို့သော်လည်း၊ သခင်ဘုရား ချစ်တော်မူသော ညီအစ်ကိုတို့၊ သင်တို့သည် စိတ်သန့်ရှင်းခြင်း၊ သမ္မာ တရားကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်စိမ့်သောငှါ၊ ဘုရားသခင်သည် ရှေ့ဦးစွာပင် သင်တို့ကို ရွေးကောက်တော်မူသည်ဖြစ်၍၊ ငါတို့သည် သင်တို့ကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းရကြမည်။

  24. ထိုသို့အလိုငှါ ငါတို့ဧဝံဂေလိတရားအားဖြင့် သင်တို့ကိုခေါ်တော်မူပြီ။ အကြောင်းမူကား၊ သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ ဘုန်းကို ပိုင်ရမည် အကြောင်းတည်း။

  25. ငါတို့ကိုချစ်တော်မူ၍၊ ထာဝရသက်သာခြင်းအကြောင်းကို၎င်း၊ ကျေးဇူးတော်အားဖြင့် ကောင်းသော မြော်လင့်ခြင်းအကြောင်းကို၎င်း ပေးတော်မူသော ငါတို့အဘတည်းဟူသော ဘုရားသခင်နှင့်၊ ငါတို့သခင် ယေရှု ခရစ်သည် ကိုယ်တော်တိုင်၊