အကြောင်းအရာသို့ ကျော်သွားရန်

The Edomites အကြောင်း ကျမ်းစာအခန်းငယ်များ

89 အခန်းငယ် · 62 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. မင်းအရာ၌ ချီးမြှောက်ရသော မှူးတော်မတ် တော် မရှိရ။ မင်းရိုးပြတ်ရလိမ့်မည်။

  2. ဘုံဗိမာန်တို့၌၎င်း၊ ရဲတိုက်တို့၌၎င်း၊ ဆူးပင်အ မျိုးမျိုးပေါက်ကြလိမ့်မည်။ မြေခွေးခိုရာ၊ ကုလားအုတ်ငှက် နေရာ ဖြစ်ရလိမ့်မည်။

  3. ထိုအရပ်၌ တောသားရဲတို့သည် တောခွေးတို့ နှင့် တွေ့ကြုံကြလိမ့်မည်။ မျောက်တို့သည် အချင်းချင်း တကောင်ကို တကောင် မြည်ကြလိမ့်မည်။ ထိုအရပ်၌ လိလိတ်ငှက်သည်လည်း နား၍ခိုလှုံရာကို တွေ့လိမ့်မည်။

  4. ခုန်တတ်သော မြွေသည်လည်း၊ ထိုအရပ်၌ အ သိုက်လုပ်၍ ဥလိမ့်မည်။ အဥပေါက်ပြီးမှ မြွေသငယ်တို့ကို စုသိမ်း၍ ကွယ်ကာလိမ့်မည်။ လင်းတတို့သည်လည်း ထို အရပ်၌ စုဝေး၍၊ အထီး အမများ ပေါင်းကြလိမ့်မည်။

  5. ထာဝရဘုရား၏ ကျမ်းစာကို ကြည့်ရှု၍ ဘတ် ကြလော့။ ထိုတိရစ္ဆာန်တကောင်မျှ မပေါ်ဘဲမနေရ။ အမ တကောင်မျှ မိမိအဘော်ကို မလိုရ။ ထာဝရဘုရား၏ နှုတ်တော်ထွက် အမိန့်ရှိ၏။ ဝိညာဉ်တော်သည်လည်း သူ တို့ကို စုဝေးစေတော်မူ၏။

  6. သူတို့ကို စာရေးတံပြုလျက်၊ လက်တော်နှင့် မျဉ်း ကြိုးကို တန်းလျက်၊ သူတို့နေရာကို ခွဲဝေတော်မူ၏။ သူ တို့သည် ထိုပြည်ကို အမြဲအမွေခံ၍၊ အမျိုးအနွယ်အစဉ် အဆက်နေရကြလိမ့်မည်။

  7. တင့်တယ်သော အဝတ်တန်ဆာဆင်ခြင်း၊ ကြီးသောတန်ခိုးကြောင့် ဝါကြွားခြင်းရှိ၍၊ ပန်းဆိုးသော အဝတ်ကိုဝတ်လျက်၊ ဧဒုံပြည်ဗောဇရမြို့မှလာသော ဤသူကား၊ အဘယ်သူဖြစ်ပါလိမ့်မည်နည်း။

  8. ကိုယ်တော်သည် အဘယ်ကြောင့် နီသောအဝတ်ကို ဝတ်တော်မူသနည်း။ အဝတ်တော်သည် စပျစ်သီးကို နင်းနယ်သော သူ၏အဝတ်နှင့် အဘယ် ကြောင့် တူပါသနည်း။

  9. စပျစ်သီးကို ငါတယောက်တည်းနင်းနယ်ရပြီ။ လူများအထဲကတယောက်မျှမပါ။ သူတို့ကို ငါအမျက်ထွက်၍ ကျော်နင်းပြီ။ ပြင်းစွာအမျက်ထွက်၍ နှိပ်နင်းပြီ။ သူတို့အသွေးသည် ငါ့အဝတ်ပေါ်မှာ ဖျန်းလျက်ရှိပြီ။ ငါ့ အဝတ်တန်ဆာရှိသမျှကို ငါဆိုးပြီ။

  10. အပြစ်ပေးသော နေ့ရက်ကို ငါအောက်မေ့ပြီ။ ငါရွေးနှုတ်သော သူတို့၏ နှစ်သည် ရောက်လာပြီ။

  11. ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား ကလည်း၊ အမျက်တော်စပျစ်ရည်ဖလားကို ငါ့လက်မှ မခံယူ လော့။ ငါသည်သင့်ကို စေလွှတ်သော လူမျိုးအပေါင်း တို့ကို သောက်စေလော့။

  12. သူတို့အလယ်သို့ ငါစေလွှတ်သော ထားကြောင့် သူတို့သည် သောက်၍ ယစ်မူးတိမ်းယိမ်းခြင်းသို့ ရောက် ကြလိမ့်မည်ဟု ငါ့အား မိန့်တော်မူသည်အတိုင်း၊

  13. ငါသည် ထာဝရဘုရား၏ လက်တော်မှ ထို ဖလားကိုခံယူ၍၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ် တော်မူသော လူမျိုးအပေါင်းတို့ကို သောက်စေ၏။

  14. ထိုလူမျိုးများဟူမူကား၊ ယနေ့ရှိသည်အတိုင်း လူဆိတ်ညံရာ၊ အံ့ဩဘွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ ကျိန်ဆဲ ရာဖြစ်စေခြင်းငှါ၊ သောက်ရသော ယေရုရှလင်မြို့သူ၊ ယုဒပြည်သား၊ ယုဒရှင်ဘုရင်များ၊ မှူးမတ်များ၊

  15. အဲဂုတ္တုပြည်ကို အစိုးရသော ဖာရောဘုရင် အစရှိသော သူ၏ ကျွန်၊ မှူးမတ်၊ ပြည်သူပြည်သား၊ သူတို့နှင့် ရောနှောသော တပါးအမျိုး သားရှိသမျှ၊

  16. ဥဇမင်းအပေါင်း၊ ဖိလိတ္တိမင်းအပေါင်း၊ အာရှ ကေလုန်ပြည်သား၊ ဂါဇပြည်သား၊ ဧကြုန်ပြည်သား၊ ကျန်ကြွင်းသော အာဇုတ်ပြည်သား၊

  17. ဧဒုံပြည်သား၊ မောဘပြည်သား၊ အမ္မုန် ပြည်သား၊

  18. တုရုမင်းအပေါင်း၊ ဇိဒုန်မင်းအပေါင်း၊ ပင်လယ် တဘက်၌ အစိုးရသောမင်းများ၊

  19. ဒေဓန်ပြည်သား၊ တေမပြည်သား၊ ဗုဇပြည်သား၊ ပါးမုန်းကို ရိတ်တတ်သော ပြည်သားရှိသမျှ၊

  20. အာရပ်မင်းအပေါင်း၊ တော၌နေ၍ အမျိုးမစစ် သော လူများကို အစိုးရသော မင်းအပေါင်း၊

  21. ဇိမရိမင်းအပေါင်း၊ ဧလံမင်းအပေါင်း၊ မေဒိမင်း အပေါင်း၊

  22. တပါးနှင့်တပါးနီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ၊ မြောက်ပြည်မင်းရှိသမျှတို့နှင့်၊ မြေကြီးတပြင်လုံး၌ ရှိသမျှ သော လောကီနိုင်ငံ အပေါင်းပါကြသတည်း။ နောက်ဆုံး ၌ ရှေရှက်ရှင်ဘုရင်သောက်ရမည်။

  23. သင်တို့အလယ်သို့ ငါစေလွှတ်သော ထား ကြောင့် သောက်၍ ယစ်မူးကြ။ အော့အန်ကြ၊ လဲကြ၊ နောက်တဖန် မထကြနှင့်ဟု ဣသရေလအမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူကြောင်းကို သူတို့အား ဆင့်ဆိုလော့။

  24. ယုဒရှင်ဘုရင်ဇေဒကိထံ၊ ယေရုရှလင်မြို့သို့ ရောက်လာသော သံတမန်တို့တွင်၊ ထိုကြိုးနှင့် ထမ်းဘိုး တို့ကို ဧဒုံမင်း၊ မောဘမင်း၊ အမ္မုန်မင်း၊ တုရုမင်း၊ ဇိဒုန်မင်း သို့ ပေးလိုက်လော့။

  25. ထိုသံတမန်တို့အားလည်း၊ သင်တို့သည် သင်တို့ အရှင်များတို့အား ဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊