Skip to content

Ammon

13 verses · 2 known names

အခြားအမည်: Ammonites

31.9500, 35.9200 Google Maps တွင် ကြည့်ရန်

Ammon ကို ဖော်ပြသော အခန်းငယ်များ

  1. အမ္မုန်အမျိုး သားနေသောပြည်ကို သင့်အား ငါအပိုင်မပေး၊ ထိုပြည်ကို လောတအမျိုးသားတို့အား ငါအပိုင်ပေးပြီဟု ငါ့အား မိန့်တော်မူ၏။

  2. သို့ရာတွင် အမ္မုန်အမျိုးသားနေသောမြေ၊ ယဗ္ဗုတ်မြစ်နှင့်ဆိုင်သော မြေ၊ တောင်ရိုးမြို့ အစရှိသော၊ ငါတို့ဘုရားသခင် ထာဝရဘုရား မြစ်တားတော်မူသော အရာတစုံတခုကိုမျှ မချဉ်းရကြ။

  3. သင့်ကို ငါမပြစ်မှား။ သင်သည် စစ်တိုက်၍ ငါ့ကို ညှဉ်းဆဲ၏။ ထာဝရဘုရားသည် တရားသူကြီးလုပ်၍ ဣသရေလအမျိုးသား၊ အမ္မုန်အမျိုးသားတို့ စပ်ကြားမှာ ယနေ့တရားစီရင်ဆုံးဖြတ်တော်မူပါစေသော ဟု မှာလိုက်လေ၏။

  4. အာရော်မြို့မှစ၍ မိန္နိတ်မြို့တိုင်အောင်၎င်း၊ အာဗေလခေရမိမ်မြို့တိုင်အောင်၎င်း၊ မြို့နှစ်ဆယ်တို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သူတို့ကို တိုက်သတ်လေ၏။ ထိုသို့ အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးသားတို့ ရှေ့မှာ ရှုံးရကြ၏။

  5. ယခုတွင်၊ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှထွက်လာသောအခါ၊ တိုက်ရသော အခွင့် ပေးတော်မမူ။ လွှဲရှောင်၍ မဖျက်ဆီးဘဲ ထားခဲ့သော အမ္မန်မျိုးသား၊ မောဘအမျိုးသား၊ စိရတောင်သားတို့ သည်၊

  6. ထိုသူတို့သည် ချီးမွမ်းရာသီချင်းကို ဆိုစပြုကြ သောအခါ၊ ယုဒပြည်ကိုတိုက်အံ့သောငှါ လာသော၊ စိရ တောင်သားတို့ကို အမ္မုန်အမျိုး သား၊ မောဘအမျိုးသား တို့တဘက်၌ ထာဝရဘုရားချောင်းမြောင်းစေတော် မူသဖြင့်၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့သည် အထိအခိုက်ခံရသောကြောင့်၊

  7. တဖန်စိရတောင်သားတို့ကို သုတ်သင်ပယ်ရှင်း ခြင်းငှါ လှန်၍ တိုက်သဖြင့်၊ အကုန်အစင်သတ်ပြီးမှ၊ တယောက်ကိုတယောက်တိုက်ခိုက်၍၊ ပျက်စီးခြင်းသို့ ရောက်ကြ၏။

  8. ထိုကာလ၊ အာဇုတ်အမျိုး၊ အမ္မုန်အမျိုး၊ မောဘ အမျိုးသမီးနှင့် စုံဘက်သော ယုဒလူအချို့တို့ကို ငါမြင်၏။

  9. ဂေဗလပြည်သား၊ အမ္မုန်ပြည်သား၊ အာမလက် ပြည်သား၊ တုရုမြို့သားနှင့်တကွ ဖိလိတ္တိ အမျိုးသားတို့ သည် သင်းဖွဲ့ကြပါ၏။

  10. အဲဂုတ္တုလူ၊ ယုဒလူ၊ ဧဒုံလူ၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသား၊ ပါးမုန်းကို ရိတ်တတ်သော လူမျိုး၊ တော၌နေသော သူအပေါင်းတို့ကို ငါဆုံးမရသော အချိန် ကာလရောက်လိမ့်မည်။ တပါးအမျိုးသားအပေါင်း တို့သည် အရေဖျားလှီးခြင်းကို မခံသောသူဖြစ်ကြ၏။ ဣသရေလအမျိုးသားအပေါင်းတို့သည်လည်း၊ စိတ်နှလုံး အားဖြင့် အရေဖျားလှီးခြင်းကို မခံသောသူဖြစ်ကြ၏။

  11. ဧဒုံပြည်သား၊ မောဘပြည်သား၊ အမ္မုန် ပြည်သား၊

  12. ယုဒရှင်ဘုရင်ဇေဒကိထံ၊ ယေရုရှလင်မြို့သို့ ရောက်လာသော သံတမန်တို့တွင်၊ ထိုကြိုးနှင့် ထမ်းဘိုး တို့ကို ဧဒုံမင်း၊ မောဘမင်း၊ အမ္မုန်မင်း၊ တုရုမင်း၊ ဇိဒုန်မင်း သို့ ပေးလိုက်လော့။

  13. ရဗ္ဗာမြို့ကို ကုလားအုပ်တင်းကုပ်၊ အမ္မုန်ပြည်ကို သိုးကျက်စားရာ ငါဖြစ်စေမည်။ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်။