အကြောင်းအရာသို့ ကျော်သွားရန်

The Edomites အကြောင်း ကျမ်းစာအခန်းငယ်များ

89 အခန်းငယ် · 62 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ငါသည် မဟာတန်ခိုးနှင့်လက်ရုံးကို ဆန့်လျက် မြေကြီးကို၎င်း၊ မြေကြီးပေါ်မှာရှိသော လူနှင့် တိရစ္ဆာန်တို့ကို၎င်း ဖန်ဆင်းသည်ဖြစ်၍၊ ငါသည် ပေးလိုသောသူတို့အား ပေး၏။

  2. ယခုမှာ ဤပြည်ရှိသမျှတို့ကို ငါ့ကျွန်ဗာဗုလုန် ရှင်ဘုရင်၊ နေဗုခဒ်နေဇာလက်သို့ ငါအပ်ပေးပြီ။ သူစေစားဘို့ရာ တောတိရစ္ဆာန်များကိုလည်း ငါပေးပြီ။

  3. ထိုသို့စိရတောင်ကို ငါသုတ်သင်ပယ်ရှင်းသဖြင့် ထွက်သွားသောသူ၊ ပြန်လာသောသူတို့ကို ပယ်ဖြတ်မည်။

  4. သင်၏တောင်တို့ကိုလည်း သင်၏သူရဲအသေ ကောင်တို့နှင့် ငါပြည့်စေမည်။ သင့်နေရာကုန်း၊ ချိုင့်၊ မြစ်နား၌ထားဖြင့် အသေခံရသော သူတို့သည် ရှိကြ လိမ့်မည်။

  5. သင့်ကိုအစဉ်မပြတ် သုတ်သင်ပယ်ရှင်းသဖြင့်၊ သင်၏မြို့တို့၌ အဘယ်သူမျှမနေရ။ ငါသည်ထာဝရ ဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်။

  6. သင်က၊ ဤတိုင်းပြည်နှစ်ပြည်ကိုငါတို့သည် သိမ်း၍ပိုင်မည်ဟု ထိုပြည်၌ ထာဝရဘုရားရှိလျက်နှင့် ဆိုမိသောကြောင့်၊

  7. အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ သင်သည်သူတို့ကို ရန်ငြိုးဖွဲ့၍ ဒေါသစိတ်၊ ငြူစူသောစိတ် တိုက်တွန်းသည် နှင့်အညီ သင်၌ ငါပြုမည်။ သင့်ကို စီရင်သောအခါ သူတို့တွင် ငါထင်ရှားလိမ့်မည်။

  8. သင်က၊ ဣသရေလတောင်တို့သည် ပျက်စီး၍ ငါတို့စားစရာရဘို့ဖြစ်ကြ၏ဟု ကဲ့ရဲ့၍ပြောဆိုသော စကားအလုံးစုံတို့ကို ငါထာဝရဘုရားကြားကြောင်းကို သင်သိရလိမ့်မည်။

  9. ထိုသို့သင်သည် ငါ့တဘက်၌ဝါကြွား၍ ပြောမိ သောစကား အလုံးစုံတို့ကို ငါကြားပြီဟု မိန့်တော်မူ၏။

  10. အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ တပြည်လုံးရွှင်လန်းသောအခါ သင့်ကိုငါဖျက်ဆီးမည်။

  11. ဣသရေလအမျိုးသားတို့ အမွေမြေ ပျက်စီး သည်ကို သင်သည် ဝမ်းမြောက်သောကြောင့်၊ ထိုအတူ သင်၌ငါပြုမည်။ အိုစိရတောင်၊ သင်နှင့်တကွ ဧဒုံပြည် သည် အကုန်အစင်ပျက်စီး၍ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

  12. ဇိအုန်တောင်ပေါ်မှာ ဘေးလွတ်သောသူအချို့ ရှိကြလိမ့်မည်။ သန့်ရှင်းသောအရပ်ဖြစ်လိမ့်မည်။ ယာ ကုပ်အမျိုးသည် မိမိပိုင်ထိုက်သောမြေကို ပိုင်ရလိမ့်မည်။

  13. ယာကုပ်အမျိုးသည် မီး၊ ယောသပ်အမျိုးသည် မီးလျှံ၊ ဧသောအမျိုးသည် အမှိုက်ဖြစ်လျက် မီးညှိ၍ လောင်သဖြင့်၊ ဧသောအမျိုးသား မကျန်ကြွင်းရ။ ထာဝရ ဘုရားမိန့်တော်မူပြီ။

  14. တောင်မျက်နှာသားတို့သည် ဧသော၏တောင် ကို၎င်း၊ မြေညီသောအရပ်သားတို့သည် ဖိလိတ္တိပြည်ကို ၎င်း၊ ဧဖရိမ်လယ်ပြင်နှင့် ရှမာရိလယ်ပြင်ကို၎င်း၊ ဗင်္ယာ မိန်အမျိုးသည် ဂိလဒ်ပြည်ကို၎င်း သိမ်းယူကြလိမ့်မည်။