အကြောင်းအရာသို့ ကျော်သွားရန်

The Edomites အကြောင်း ကျမ်းစာအခန်းငယ်များ: Punishment for persecuting Israel

8 အခန်းငယ် · 62 ရှုထောင့်

Punishment for persecuting Israel အကြောင်း အခန်းငယ်များ

  1. အကြောင်းမူကား၊ ငါ့ထားသည် မိုဃ်းကောင်း ကင်၌ ရောင့်ရဲပြီးမှ၊ တဖန် ဧဒုံပြည် အပေါ်မှာ၎င်း၊ ငါ ကျိန်သောလူများတို့အပေါ်မှာ၎င်း၊ ဒဏ်ပေးခြင်းငှါ ရောက်လိမ့်မည်။

  2. ထာဝရဘုရား၏ ထားတော်သည် အသွေးနှင့် ဝပြီ။ ဆီဥနှင့် ဆူပြီ။ သိုးသငယ်နှင့် ဆိတ်တို့၏ အသွေး၊ သိုးထီးတို့၏ ကျောက်ကပ် ဆီဥနှင့် ဆူဝပြီ။ ထာဝရဘုရား သည် ဗောဇရမြို့၌ ယဇ်ပွဲကို၎င်း၊ ဧဒုံပြည်၌ ကြီးစွာသော သတ်ခြင်းပွဲကို၎င်း ခံတော်မူ၏။

  3. ကြံ့များနှင့် နွားလားဥသဘများတို့သည် လဲကြ သဖြင့်၊ သူတို့နေရာမြေသည် သူတို့အသွေးနှင့် ယစ်မူး၍၊ မြေမှုန့်သည်လည်း ဆီဥနှင့် ဆူဝလိမ့်မည်။

  4. ထာဝရဘုရား ဒဏ်ပေးတော်မူရာနေ့၊ ဇိအုန်မြို့ ၏ အမှုကိုစောင့်၍ အပြစ်ပေးတော်မူရာ နှစ်ရောက်လေ ပြီ။

  5. တင့်တယ်သော အဝတ်တန်ဆာဆင်ခြင်း၊ ကြီးသောတန်ခိုးကြောင့် ဝါကြွားခြင်းရှိ၍၊ ပန်းဆိုးသော အဝတ်ကိုဝတ်လျက်၊ ဧဒုံပြည်ဗောဇရမြို့မှလာသော ဤသူကား၊ အဘယ်သူဖြစ်ပါလိမ့်မည်နည်း။

  6. ကိုယ်တော်သည် အဘယ်ကြောင့် နီသောအဝတ်ကို ဝတ်တော်မူသနည်း။ အဝတ်တော်သည် စပျစ်သီးကို နင်းနယ်သော သူ၏အဝတ်နှင့် အဘယ် ကြောင့် တူပါသနည်း။

  7. စပျစ်သီးကို ငါတယောက်တည်းနင်းနယ်ရပြီ။ လူများအထဲကတယောက်မျှမပါ။ သူတို့ကို ငါအမျက်ထွက်၍ ကျော်နင်းပြီ။ ပြင်းစွာအမျက်ထွက်၍ နှိပ်နင်းပြီ။ သူတို့အသွေးသည် ငါ့အဝတ်ပေါ်မှာ ဖျန်းလျက်ရှိပြီ။ ငါ့ အဝတ်တန်ဆာရှိသမျှကို ငါဆိုးပြီ။

  8. အပြစ်ပေးသော နေ့ရက်ကို ငါအောက်မေ့ပြီ။ ငါရွေးနှုတ်သော သူတို့၏ နှစ်သည် ရောက်လာပြီ။