အကြောင်းအရာသို့ ကျော်သွားရန်

Servants အကြောင်း ကျမ်းစာအခန်းငယ်များ

291 အခန်းငယ် · 147 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အရှင်မင်းကြီး၊ ကိုယ်တော်ကျွန်သည် ခြေဆွံ့ သောကြောင့် မြည်းစီး ၍ ကိုယ်တော်ထံသို့သွားခြင်းငှါ မြည်းကိုကုန်းနှီးတင်မည်ဟု ကြံစဉ်အခါ၊ ကျွန်တော်ကျွန် သည် ကျွန်တော်ကို လှည့်စားပါ၏။

  2. သို့ရာတွင် သုံးနှစ်လွန်သောအခါ၊ ရှိမိ၏ကျွန် နှစ်ယောက်တို့သည် ဂါသမင်းကြီးမာခါသား အာခိတ်ထံ သို့ပြေး၍ ဂါသမြို့၌ရှိကြောင်းကို ရှိမိသည်ကြားလေသော်၊

  3. ထိုမှတပါးရှောလမုန်၏ ကျွန်တယောက်၊ ဧဖရိမ်အမျိုး၊ ဇေရဒရွာသား၊ နေဗတ်၏သား ယေရောဗောင် သည်လည်း ရှင်ဘုရင်ကို ပုန်ကန်၏။ သူ၏အမိကား၊ ဇေရွာအမည်ရှိသော မုတ်ဆိုးမတည်း။

  4. ရထားစီးသူရဲတဝက်ကိုအုပ်သောသူ၊ မိမိကျွန် ဇိမရိသည်သင်းဖွဲ့၍၊ ဧလာသည် တိရဇမြို့တွင် နန်းတော် အုပ်အာဇ၏ အိမ်၌ယစ်မူးအောင် သောက်လျက်နေစဉ် အခါ၊

  5. လျှော်တေအဝတ်ကိုဝတ်၍၊ ခေါင်းပေါ်မှာ ကြိုးကိုရွက်လျက်၊ ဣသရေလရှင်ဘုရင်ထံသို့ ရောက် လျှင်၊ ကိုယ်တော်ကျွန်ဗင်္ဟာဒဒ်က၊ ကျွန်တော်အသက်ကို ချမ်းသာပေးတော်မူပါဟု တောင်းပန်ကြောင်းကို လျှောက်ကြသော်၊ အာဟပ်မင်းက၊ ငါ့အစ်ကိုသည် အသက်ရှင်သေးသလောဟုမေး၏။

  6. ပရောဖက်အမျိုးသား၏ မယားတယောက် သည် ဧလိရှဲထံသို့လာ၍၊ ကိုယ်တော်ကျွန်၊ ကျွန်မ၏ ခင်ပွန်းသေပါပြီ၊ ကိုယ်တော်ကျွန်သည် ထာဝရဘုရားကို ရိုသေသောသူဖြစ်သည်ကို ကိုယ်တော်သိတော်မူ၏။ ယခုမှာ ကြွေးရှင်သည် ကျွန်မ၏သားနှစ်ယောက်ကို ကျွန်ခံစေခြင်းငှါ လာပါပြီဟု ကြွေးကြော်လေ၏။

  7. ရှုရိလူတို့သည် အလိုအလျောက်တပ်ဖွဲ့၍ ချီသွား စဉ်တွင်၊ ဣသရေလပြည်မှ ဘမ်းခဲ့သော မိန်းမငယ် တယောက်သည် နေမန်၏မယားထံ၌ ကျွန်ခံရ၏။

  8. ထိုကျွန်မကလည်း၊ ကျွန်မသခင်သည် ရှမာရိမြို့ ၌ရှိသော ပရောဖက်ထံသို့ ရောက်ပါစေသော။ ထိုပရော ဖက်သည် သခင်၌ စွဲသော နူနာကို ပျောက်စေလိမ့်မည်ဟု မိမိသခင်မအားဆို၏။

  9. နေမန်သည် မိမိအရှင်ထံသို့ ဝင်၍ဣသရေလ အမျိုးမိန်းမငယ်စကားကို ပြန်လျှောက်၏။

  10. ကျွန်တို့သည် ချဉ်းလာ၍ အဘ၊ ခက်သောအမှု ကို ပြုရမည်ဟု ပရောဖက်စီရင်လျှင် ပြုတော်မူမည် မဟုတ်လော။ ရေချိုး၍သာ သန့်ရှင်းခြင်းသို့ ရောက် လော့ဟု စီရင်လျှင် အဘယ်မျှလောက်သာ၍ ပြုတော်မူ သင့်ပါသည်တကားဟု လျှောက်ကြသော်၊

  11. ဘုရားသခင်၏လူဧလိရှဲ၏ကျွန်ဂေဟာဇိက၊ ဤရှုရိလူနေမန်ဆောင်ခဲ့သော ဥစ္စာကို ငါ့သခင်သည် မခံမယူ။ သူ့ကို အလွန်သနားပြီ။ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ သူ့နောက်သို့ ငါလိုက်၍ တစုံတခုကို ယူမည်ဟု အကြံရှိလျက်၊

  12. ဂေဟာဇိကကောင်းပါ၏။ ယခုတွင် ပရောဖက် အမျိုးသားလုလင်နှစ်ယောက်သည် ဧဖရိမ်တောင်မှ ရောက်လာပြီ။ ငွေအခွက်တဆယ်နှင့်အဝတ်နှစ်စုံကို သူတို့အဘို့ပေးပါလော့ဟု တောင်းစေခြင်းငှါ၊ ကျွန်တော် သခင်သည် ကျွန်တော်ကိုစေလွှတ်ပါပြီဟု ဆိုလျှင်၊

  13. မြို့ရိုးသို့ ရောက်သောအခါ၊ ထိုဥစ္စာကို ဂေဟာဇိ သည် ယူ၍ အိမ်၌သိုထားသဖြင့်၊ ထမ်းသောသူတို့ကို လွှတ်လိုက်ပြီးမှ၊

  14. မိမိကျွန်တို့သည် သင်းဖွဲ့၍ ရှင်ဘုရင်ကို နန်းတော်၌ လုပ်ကြံကြ၏။

  15. ရှေရှန်၌သားမရှိ။ သမီးသက်သက်ရှိ၏။ ရှေရှန် ၌ ယာဟအမည်ရှိသော အဲဂုတ္တုအမျိုးသား ကျွန် ယောက်ျားတယောက်ရှိ၍၊

  16. ထိုကျွန်နှင့်သမီးတယောက်ကို ပေးစားသဖြင့်။ သမီးသည် အဘတို့သားအတ္တဲကို ဘွားမြင်၏။

  17. နောက်မှ ငါ့ကျွန်တဝက်သည် အလုပ်လုပ်ကြ ၏။ တဝက်သည် လှံ၊ ဒိုင်း၊ လေး၊ သံချပ်တို့ကို ကိုင်ကြ၏။ မင်းတို့သည် ယုဒအမျိုးသားများနောက်မှာ နေကြ၏။

  18. ထိုသို့ ငါနှင့်ငါ့ညီ၊ ငါ့ကျွန်၊ ငါ့နောက်၌ လိုက် သောတပ်သားတို့သည်၊ ကိုယ်အဝတ်ကို မချွတ်ဘဲနေရ ကြ၏။

  19. အချို့ကလည်း၊ ငါတို့သည် အခွန်တော်ကို ပေးစရာရှိခြင်းငှါ လယ်ယာဥယျာဉ်အတွက် ငွေကို ချေးယူပြီ။

  20. ယခုမှာ ငါတို့ ကိုယ်ခန္ဓာသည် အမျိုးသားချင်း တို့၏ ကိုယ်ခန္ဓာ ကဲ့သို့ဖြစ်၏။ ငါတို့သားသမီးသည် သူတို့ သားသမီးကဲ့သို့ဖြစ်ကြ၏။ ငါတို့ သားသမီးကိုရောင်း၍ ကျွန်ခံစေရမည်လော။ ကျွန်ခံပြီးသော သမီးတို့ကိုလည်း ရွေးခြင်းငှါ မတတ်နိုင်။ ပိုင်ရင်းလယ်ယာနှင့် ဥယျာဉ်တို့ သည် သူတပါးလက်သို့ ရောက်လေပြီတကားဟု ဆိုကြ၏။

  21. လူတို့သည် မြေကြီးပေါ်မှာ ပင်ပန်းစွာအမှုထမ်း ရသည် မဟုတ်လော။ သူနေရသော နေ့ရက်တို့သည် အငှါးခံသောသူ၏ နေ့ရက်ကဲ့သို့ ဖြစ်သည်မဟုတ်လော။

  22. ကျွန်ခံရသောသူသည် မိုဃ်းချုပ်သောအချိန်ကို တောင့်တ၍၊ အငှါးခံသောသူသည် အခရမည့်အချိန်ကို မြော်လင့်သကဲ့သို့၊

  23. ငါ့ကျွန်ကိုငါခေါ်သောအခါသူသည် မထူး၊ သူ့ကို နှုတ်ဆက်၍ တောင်းပန်ရ၏။

  24. ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သက္ကာကို အလို တော်မရှိသည် ဖြစ်၍၊ အကျွန်ုပ်နားကို ဖွင့်တော်မူပြီ။ မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ်များကို တောင်းတော် မမူသောအခါ၊

  25. သစ္စာရှိသော ပြည်သားတို့ သည် ငါ့ထံမှာ နေမည် အကြောင်း သူတို့ကို ငါကြည့်ရှုမည်။ စုံလင်သောတရား၌ ကျင်လည်သောသူသည် ငါ၏ အမှုကို ဆောင်ရွက်ရမည်။