Servants အကြောင်း ကျမ်းစာအခန်းငယ်များ: To honour them
To honour them အကြောင်း အခန်းငယ်များ
သားသည် အဘကို ရိုသေတတ်၏။ ကျွန်သည် သခင်ကို ကြောက်ရွံ့တတ်၏။ ငါသည် အဘမှန်လျှင်၊ ငါ့ကို အဘယ်သူရိုသေသနည်း။ သခင်မှန်လျှင်၊ အဘယ် သူ ကြောက်ရွံ့သနည်းဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် နာမတော်ကို မထီမဲ့မြင်ပြုသော ယဇ် ပုရောဟိတ်တို့အား မေးတော်မူ၏။ အကျွန်ုပ်တို့သည် နာမတော်ကို အဘယ်သို့ မထီမဲ့မြင်ပြုပါသနည်းဟု သင် တို့မေးရာတွင်၊
ဘုရားသခင်၏ နာမတော်နှင့်တရားတော်သည် ကဲ့ရဲ့ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ အစေခံကျွန် မည်သည်ကား၊ မိမိသခင်ကို အလွန်ရိုသေထိုက်သော သူဟူ၍ မှတ်စေ။