Servants အကြောင်း ကျမ်းစာအခန်းငယ်များ: Christ condescended to the office of
Christ condescended to the office of အကြောင်း အခန်းငယ်များ
သူတပါးအစေကို ခံခြင်းငှါ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှါ၎င်း၊ ကြွလာသည်ဖြစ်၍၊ ထိုနည်းတူ သင်တို့တွင်အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ။ သင်တို့တွင်အထွဋ်အမြတ် လုပ်ချင် သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေဟု မိန့်တော်မူ၏။
အဘယ်သူသည် သာ၍ ကြီးမြတ်သနည်း။ စားပွဲ၌ လျောင်းသောသူသည် ကြီးမြတ်သလော။ လုပ် ကျွေးသောသူသည် ကြီးမြတ်သလော။ စားပွဲ၌ လျောင်းသောသူသည်ကြီးမြတ်သည်မဟုတ်လော။ သို့သော် လည်း ငါသည် သင်တို့တွင် လုပ်ကျွေးသောသူကဲ့သို့ဖြစ်၏။
ထိုနောက်မှ ရေကိုအင်တုံ၌လောင်း၍ တပည့်တော်တို့၏ခြေကို ဆေးပြီးမှခါး၌စည်းထားသောပုဝါနှင့် သုတ်တော်မူ၏။
မိမိအသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကို ယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဘွားမြင်ခြင်းကို ခံတော်မူ၏။