Servants အကြောင်း ကျမ်းစာအခန်းငယ်များ: To participate in all national rejoicings
To participate in all national rejoicings အကြောင်း အခန်းငယ်များ
သင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေး ကောက်တော်မူသော အရပ်၌၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားရှေ့မှာ ကိုယ်တိုင်မှစ၍သားသမီး၊ ကျွန်ယောက်ျားမိန်းမ၊ တည်းခိုသော လေဝိ သားတို့သည် စားရကြမည်။ ပြုလေရာရာ၌ သင်တို့၏ဘုရား သခင် ထာဝရဘုရားရှေ့တော်မှာ ရွှင်လန်းခြင်းကို ပြုရကြမည်။
သင်၏ဘုရားသခင် ထာဝရဘုရားသည် နာမ တော်တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ် တွင်၊ သင်၏ဘုရားသခင် ထာဝရဘုရားအဘို့ ခုနှစ် သိတင်းပွဲကိုခံ၍ သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ သင့်နေရာ၌ တည်းခိုသော လေဝိသား၊ ဧည့်သည်အာဂန္တု၊ မိဘမရှိသောသူ၊ မုတ်ဆိုးမတို့သည် ရွှင်လန်းခြင်းကို ပြုရကြမည်။
ထိုပွဲခံစဉ်၊ ကိုယ်တိုင်မှစ၍၊ သား သမီး၊ ကျွန် ယောက်ျား မိန်းမ၊ သင့်နေရာ၌ တည်းခိုသော လေဝိသား၊ ဧည့်သည် အာဂန္တု၊ မိဘမရှိသောသူ၊ မုတ်ဆိုးမတို့သည် ရွှင်လန်းခြင်းကို ပြုရကြမည်။