အကြောင်းအရာသို့ ကျော်သွားရန်

Self-Denial အကြောင်း ကျမ်းစာအခန်းငယ်များ

198 အခန်းငယ် · 41 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုကုန်သည်သည် အလွန်အဘိုးထိုက်သောပုလဲကိုတွေ့သောအခါ၊ သွား၍ မိမိ၌ရတတ်သမျှကို ရောင်းပြီးလျှင် ထိုပုလဲကိုဝယ်လေ၏။

  2. ထိုအခါ ယေရှုက၊ ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ် တိုင်ကိုထမ်း၍ ငါ့နောက်သို့လိုက်ရမည်။

  3. အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာအလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။

  4. လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။

  5. သင်၏လက်ခြေသည် သင့်ကို မှားယွင်းစေလျှင် လက်ခြေကိုဖြတ်ပစ်လော့။ လက်ခြေအစုံနှင့် ထာဝရ မီးထဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါချို့တဲ့၍ အသက်ရှင်ခြင်းသို့ ဝင်စားသော်သာ၍ကောင်း၏။

  6. သင်၏မျက်စိသည်လည်း သင့်ကိုမှားယွင်းစေလျှင်၊ မျက်စိကိုထုတ်ပစ်လော့။ မျက်စိနှစ်ဘက်စုံနှင့် ငရဲမီးထဲသို့ချခြင်းကို ခံရသည်ထက် မျက်စိတဘက်နှင့် အသက်ရှင်ခြင်းသို့ဝင်စားသော် သာ၍ကောင်း၏။

  7. လူအချို့တို့သည် အမိဝမ်းတွင်းကပင် မိန်းမလျှာဖြစ်ကြ၏။ အချို့တို့သည် သူတပါးဆုံးမ၍ မိန်းမလျှာ ဖြစ်ကြ၏။ အချို့တို့သည် ကောင်းကင်နိုင်ငံတော်အဘို့အလို့ငှာ မိမိကိုယ်ကိုဆုံးမ၍ မိန်းမလျှာဖြစ်ကြ၏။ ထို စကားကို ခံယူနိုင်သောသူသည် ခံယူစေဟုမိန့်တော်မူ၏။

  8. ယေရှုကလည်း၊ သင်သည်စုံလင်ခြင်းသို့ ရောက်လိုလျှင်သွားလော့။ ကိုယ်ဥစ္စာများကိုရောင်း၍ ဆင်းရဲ သောသူတို့အား ပေးလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုရလိမ့်မည်။ သို့ပြီးမှ ငါ့နောက်သို့ လိုက် လော့ဟု မိန့်တော်မူ၏။

  9. ထိုအခါ ပေတရုက၊ အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်ပစ်၍ ကိုယ်တော်နောက်သို့လိုက်ကြပါပြီ။ အဘယ် အကျိုးကို ရကြပါမည်နည်းဟု လျှောက်လေသော်၊

  10. ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်သောကာလ၌ လူသားသည် ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာထိုင်တော်မူသောအခါ၊ ငါ့နောက်သို့လိုက်ကြသောသင်တို့သည် တဆယ်နှစ်ခု သော ပလ္လင်ပေါ်မှာထိုင်လျက်၊ ဣသရေလ လူတဆယ်နှစ်မျိုးကို စစ်ကြောစီရင်ရကြလတံ့။

  11. အကြင်သူသည် ငါ၏နာမကြောင့် အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တပါး ပါးကိုစွန့်၏။ ထိုသူသည် အဆတရာသောအကျိုးကိုရ၍ ထာဝရအသက်ကို အမွေခံရလတံ့။

  12. ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ရှိမုန်နှင့် အန္ဒြေညီအစ်ကိုနှစ်ယောက်သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊

  13. ထိုသူတို့အား ငါ့နောက်သို့လိုက်ကြလော့။ သင်တို့သည် လူကို မျှားသောတံငါဖြစ်စေခြင်းငှါ ငါပြုမည် ဟု အမိန့်တော်ရှိသော်၊

  14. ထိုသူတို့သည် ချက်ခြင်းပိုက်ကွန်ကိုစွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။

  15. ထိုမှအနည်းငယ်လွန်ပြန်လျှင် ဇေဗေဒဲ၏သား ယာကုပ်နှင့် ယောဟန်ညီအစ်ကိုနှစ်ယောက်တို့သည် လှေပေါ်မှာ ပိုက်ကွန်ပြင်နေသည်ကိုမြင်၍ ချက်ခြင်းခေါ်တော်မူ၏။

  16. ထိုသူတို့သည်လည်း လှေပေါ်မှာရှိသော သူငှါးတို့နှင့်တကွ အဘဇေဗေဒဲကိုစွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။

  17. လမ်း၌ကြွတော်မူစဉ်၊ အာလဖဲ၏သား လေဝိသည် အခွန်ခံရာတဲ၌ထိုင်နေသည်ကိုမြင်သော်၊ ငါ့နောက် သို့ လိုက်လော့ဟု မိန့်တော်မူ၏။

  18. ထိုအခါ တပည့်တော်တို့နှင့် ပရိတ်သတ်များကို ခေါ်တော်မူပြီးလျှင်၊ အကြင်သူသည် ငါ၌ဆည်းကပ် ခြင်းငှါ အလိုရှိ၏။ ထိုသူသည် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။

  19. အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါအလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင် သူသည် ငါ့ကြောင့်၎င်း၊ ဧဝံဂေလိတရားကြောင့်၎င်း အသက်ရှုံး၏။ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့် မည်။

  20. သင်၏လက်သည်သင့်ကိုမှားယွင်းစေလျှင် လက်ကိုဖြတ်လော့။

  21. ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ငါ့ကြောင့်၎င်း၊ ဧဝံဂေလိတရားကြောင့်၎င်း၊ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တပါးပါးကိုစွန့်၏။

  22. ကိုယ်တော်သည် တပည့်တော်တို့ကိုခေါ်၍ ငါမှန်ဆိုသည်ကား၊ ဘဏ္ဍာတိုက်ထဲသို့ သွင်းချသော သူ အပေါင်းတို့ထက် ထိုဆင်းရဲသားမုတ်ဆိုးမသည်သာ၍ သွင်းချခဲ့ပြီ။

  23. အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနှုတ်၍သွင်းချကြ၏။ ထို မိန်းမမူကားအလွန်ဆင်းရဲလျက်ပင်၊ မိမိအသက် မွေးစရာဥစ္စာရှိသမျှကို သွင်းချလေပြီဟုမိန့်တော်မူ၏။

  24. ယောဟန်က၊ အင်္ကျီနှစ်ထည်ရှိသောသူသည် အင်္ကျီမရှိသောသူအား မျှစေ။ စားစရာရှိသောသူသည် လည်း ထိုနည်းတူပြုစေဟု ပြန်ပြော၏။

  25. ကမ်းနားမှာလှေကိုဆိုက်ပြီးလျှင်၊ ထိုသူတို့သည် ရှိသမျှတို့ကို စွန့်ပစ်၍ နောက်တော်သို့လိုက်ကြ၏။