Self-Denial အကြောင်း ကျမ်းစာအခန်းငယ်များ: Becomes strangers and pilgrims
Becomes strangers and pilgrims အကြောင်း အခန်းငယ်များ
ယခုဆိုခဲ့ပြီးသောသူအပေါင်းတို့သည်၊ ဂတိတော်နှင့်စပ်ဆိုင်သော အကျိုးကျေးဇူးကိုမခံရဘဲ၊ အဝေး ကမြော်မြင်လျက်၊ စိတ်နှလုံးနှင့် ဘက်ယမ်းလျက်၊ မိမိတို့သည် မြေကြီးပေါ်မှာ တကျွန်းသူတနိုင်ငံသား၊ ဧည့်သည် အာဂန္တုဖြစ်သည်ကို ထင်ရှားစွာဝန်ခံလျက်၊ ယုံကြည်ခြင်းစိတ်နှင့်သေလွန်ကြ၏။
ထိုသို့ဝန်ခံသောသူတို့သည် မိမိတို့အဘပြည်ကို ရှာကြသည်ဟု အတည့်အလင်းပြောဆိုကြ၏။
ထိုသူတို့သည် အထက်ကထွက်သွားသော ပြည်ကို အောက်မေ့သည်မှန်လျှင်၊ ထိုပြည်သို့ ပြန်ရသော အခွင့်ရှိကြ၏။
ချစ်သူတို့၊ ဝိညာဉ်နှင့်စစ်ပြိုင်တတ်သော ကိုယ်ကာယတပ်မက်ခြင်းတို့ကို ရှောင်မည်အကြောင်း၊ ဧည့်သည်အာဂန္တုကဲ့သို့သော သင်တို့ကို ငါတောင်းပန်၏။