အကြောင်းအရာသို့ ကျော်သွားရန်

Reubenites အကြောင်း ကျမ်းစာအခန်းငယ်များ

74 အခန်းငယ် · 7 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထာဝရဘုရားသည် သင်တို့အား နေရာချသည် အတိုင်း၊ ညီအစ်ကိုတို့အား နေရာချတော်မမူမှီ သင်တို့၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်ကို သူတို့သည် မသိမ်းမယူမှီတိုင်အောင်၊ သင်တို့တွင် ခွန်အား ကြီးသော စစ်သူရဲအပေါင်းတို့သည် လက်နက်ကိုင်လျက်၊ သင်တို့ညီအစ်ကိုများရှေ့မှာ ကူး၍ မစရကြမည်ဟူသော စကားကို အောက်မေ့ကြလော့။ ထိုနောက်မှ ထာဝရ ဘုရား၏ကျွန် မောရှေသည် ယော်ဒန်မြစ် နေထွက်ရာ ဘက်၌ပေး၍၊ သင်တို့ပိုင်သောပြည်သို့ ပြန်၍ ဝင်စားရကြ မည်ဟု ပြောဆို၏။

  2. ထိုသူတို့ကလည်း၊ ကိုယ်တော်မှာထားတော်မူ သမျှကို ကျွန်တော်တို့ပြုပါမည်။ စေလွှတ်တော်မူသမျှ သော အရပ်သို့ သွားပါမည်။

  3. အရာရာတို့၌ မောရှေ၏စကားကို နားထောင် သည်နည်းတူ ကိုယ်တော်စကားကိုလည်း နားထောင်ပါ မည်။ သို့ဖြစ်၍ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရား သည် မောရှေနှင့်အတူ ရှိသကဲ့သို့ ကိုယ်တော်နှင့်အတူ ရှိတော်မူပါစေသော။

  4. အာဏာတော်ကို ဆန်၍၊ မှာထားတော်မူသမျှ သောစကားကို နားမထောင်သောသူ မည်သည်ကား၊ အသေသတ်ခြင်းကို ခံစေရမည်။ သို့ဖြစ်၍ အားယူတော် မူပါ။ ရဲရင့်ခြင်းရှိတော်မူပါဟု ယေရှုအား ပြန်လျှောက် ကြ၏။

  5. မောရှေသည်၊ ရုဗင်အမျိုးသား အဆွေအမျိုး အသီးသီးတို့အား အမွေပေးသောပြည်များ ဟူမူကား၊

  6. အာနုန်မြစ်နား၌ရှိသော အာရော်မြို့၊ မြစ်အ ကွေ့၌ ရှိသမျှသောမြို့တို့နှင့်တကွ၊ မေဒဘလွင်ပြင် တရှောက်လုံး၊

  7. ဟေရှဘုန်မြို့နှင့်တကွ လွင်ပြင်၌ ရှိသမျှသော မြို့၊ ဒိဘုန်မြို့၊ ဗာမုတ်ဗာလမြို့၊ ဗက်ဗာလမောင်မြို့၊

  8. ယဟာဇမြို့၊ ကေဒမုတ်မြို့၊ မေဖတ်မြို့၊

  9. ကိရယသိမ်မြို့၊ စိဗမာမြို့၊ ချိုင့်တွင်တောင်ပေါ် မှာရှိသော ဇာရက်ရှာဟာမြို့၊

  10. ဗက်ပေဂုရမြို့၊ အာဇုတ်ပိသကာမြို့၊ ဗက်ယေရှိ မုတ်မြို့၊

  11. လွင်ပြင်၌ရှိသမျှသော မြို့တို့နှင့်တကွ၊ ဟေရှဘုန် မြို့၌မင်းပြုရသော အာမောရိရှင်ဘုရင် ရှိဟုန်၏နိုင်ငံ တရှောက်လုံးကို ပေးသတည်း။ ထိုရှင်ဘုရင်ကို၎င်း၊ ထိုရှင်ဘုရင်ချီးမြှောက်၍ သူ့ပြည်၌နေသော မိဒျန်မင်းကြီး ငါးပါး၊ ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘတို့ကို၎င်း၊ မောရှေ သည် လုပ်ကြံလေ၏။

  12. ပရောဖက်လုပ်သော ဗောရသား ဗာလမ်ကို လည်း၊ အသေခံရသောသူတို့နှင့်ရော၍ ဣသရေလလူတို့ သည် ထားနှင့်ကွပ်မျက်ကြ၏။

  13. ရုဗင်အမျိုးသား နေရာအပိုင်းအခြားကား၊ ယော်ဒန်မြစ်နှင့် မြစ်ကမ်းပါးတည်း။ ဤရွေ့ကား၊ ရုဗင် အမျိုးသား အဆွေအမျိုးအလိုက် အမွေခံရသော မြို့ရွာ များပေတည်း။

  14. လေဝိသားတို့သည် သင်တို့နှင့်ရော၍ အဘို့ကို မယူရ။ ထာဝရဘုရား၏ ယဇ်ပုရောဟိတ်အရာသည် သူတို့အမွေဖြစ်၏။ ဂဒ်အမျိုး၊ ရုဗင်အမျိုး၊ မနာရှေအမျိုး တဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက် ထာဝရဘုရား ၏ကျွန် မောရှေပေးသည်အတိုင်း၊ အမွေမြေကို ခံယူကြပြီ ဟု ဣသရေလလူတို့အား ပြောဆို၏။

  15. တဖန် ယောရှုသည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့ကို ခေါ်၍၊

  16. ထာဝရဘုရား၏ကျွန် မောရှေမှာထားသမျှ အတိုင်း၊ သင်တို့သည် ပြု၍၊ ငါမှာထားသမျှသော စကား ကိုလည်း နားထောင်ကြပြီ။

  17. ယနေ့တိုင်အောင် ကြာမြင့်စွာသောကာလပတ် လုံး သင်တို့သည် ညီအစ်ကိုများကို မစွန့်ဘဲနေ၍၊ သင်တို့ ဘုရားသခင် ထာဝရဘုရား စီရင်မှာထားတော်မူသမျှကို စောင့်ရှောက်ကြပြီ။

  18. ယခုမှာ သင်တို့၏ဘုရားသခင် ထာဝရဘုရား ဂတိတော်ရှိသည်အတိုင်း၊ ညီအစ်ကိုတို့အား ငြိမ်သက် ခြင်းအခွင့်ကို ပေးတော်မူသောကြောင့်၊ သင်တို့ပြန်၍ ကိုယ်နေရာအိမ်သို့၎င်း၊ ယော်ဒန်မြစ်တဘက်၌ ထာဝရ ဘုရား၏ကျွန် မောရှေပေးသည်အတိုင်း၊ ကိုယ်ပိုင်သော မြေသို့၎င်း သွားကြလော့။

  19. သို့ရာတွင် ထာဝရဘုရား၏ကျွန် မောရှေမှာ ထားသော ပညတ်တရားအတိုင်း ကျင့်၍၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ် ခြင်း၊ လမ်းတော်အလုံးစုံတို့၌ လိုက်သွားခြင်း၊ ပညတ် တော်တို့ကို စောင့်ရှောက်ခြင်း၊ ကိုယ်တော်၌ ဆည်းကပ် ခြင်း၊ အမှုတော်ကို ဆောင်ရွက်ခြင်းငှါ ကြိုးစား၍ သတိပြု ကြလော့ဟု မှာထားလျက်၊

  20. ကောင်းကြီးပေး၍ လွှတ်လိုက်လေ၏။ သူတို့ သည် ကိုယ်နေရာအိမ်သို့ သွားကြ၏။

  21. ခါနာန်ပြည်၊ ယော်ဒန်မြစ်နားသို့ ရောက်သော အခါ၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့ သည် ယော်ဒန်မြစ်နားမှာ ထင်ရှားစွာသော ယဇ်ပလ္လင် ကြီးကို တည်ကြ၏။

  22. ထိုသို့ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုး တဝက်တို့သည် ခါနာန်ပြည်တဘက်၊ ယော်ဒန်မြစ်နား၊ ဣသရေလအမျိုးသားကူးရာအရပ်၌ ယဇ်ပလ္လင်ကို တည် ကြပြီဟု ဣသရေလအမျိုးသားတို့သည် သိတင်းကြားကြ ၏။

  23. ထိုသိတင်းကို ကြားသောအခါ၊ ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့သည် စစ်ချီခြင်းငှါ၊ ရှိလောမြို့၌ စည်းဝေးကြ၏။

  24. ဣသရေလအမျိုးသားတို့သည်၊

  25. ယဇ်ပုရောဟိတ်ဧလာဇာသား ဖိနဟတ်နှင့် တကွ၊ ဣသရေလအမျိုး အသီးအသီးတို့အထဲက ရွေး ကောက်၍၊ လူတထောင်ကို အုပ်သော အဆွေအမျိုး သူကြီးဆယ်ပါးတို့ကို ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုး တဝက်ရှိရာ ဂိလဒ်ပြည်သို့ စေလွှတ်ကြ၏။