အကြောင်းအရာသို့ ကျော်သွားရန်

Religious Zeal အကြောင်း ကျမ်းစာအခန်းငယ်များ

726 အခန်းငယ် · 5 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ငါမူကား၊ သင်တို့လက်၌ရှိပါ၏။ သင်တို့စိတ်၌ ဖြောင့်မတ်လျောက်ပတ်သည်ဟု ထင်သည်အတိုင်း၊ ငါ့ကို ပြုကြလော့။

  2. သို့ရာတွင်၊ ငါ့ကို သတ်လျှင်အပြစ်မရှိသော အသွေးကို သင်တို့သည် ကိုယ်အပေါ်သို့၎င်း၊ ဤမြို့နှင့် မြို့သားတို့အပေါ်သို့၎င်း၊ စင်စစ်ရောက်စေလိမ့်မည်ဟု ဧကန်အမှန် သိမှတ်ကြလော့။ ဤစကား အလုံးစုံတို့ကို သင်တို့အား ကြားပြောမည်အကြောင်း၊ ထာဝရဘုရား သည် ငါ့ကို စင်စစ်စေလွှတ်တော်မူပြီဟု မှူးမတ်အစ ရှိသော လူများအပေါင်းတို့အား ပြောဆိုလေ၏။

  3. ထာဝရဘုရားက၊ ယေရုရှလင်မြို့အလယ်၌ ရှောက်သွားလော့။ မြို့ထဲ၌ ပြုသမျှသော စက်ဆုပ်ရွံ့ရှာ ဘွယ်အမှုတို့ကြောင့်၊ ညည်းတွားငိုကြွေးသောသူတို့၏ နဖူးကို ထိုးမှတ်လော့ဟူ၍၎င်း၊

  4. ဣသရေလ အမျိုးသားတို့သည် ငါ့ထံမှထွက်၍ လမ်းလွဲသောအခါ၊ ငါ၏သန့်ရှင်းရာဌာနကို စောင့်နေ သော လေဝိအမျိုးဖြစ်သော ဇာဒုတ်သား၊ ယဇ်ပုရော ဟိတ်တို့သည် ငါ့အမှုကိုဆောင်ခြင်းငှါ ငါ့ထံသို့ ချဉ်းကပ် ကြ၏။ ငါ့အားဆီဥနှင့်အသွေးကို ပူဇော်ခြင်းငှါ အရှေ့မှာ ရပ်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

  5. အကျွန်ုပ်တို့ကိုးကွယ်သော ဘုရားသခင်သည်မီးလောင်လျက်ရှိသော မီးဖိုထဲကအကျွန်ုပ်တို့ကို ကယ်လွှတ် နိုင်တော်မူ၏။ ကိုယ်တော်၏ လက်မှလည်း ကယ်လွှတ်တော်မူလိမ့်မည်။

  6. ထိုသို့ကယ်လွှတ်တော်မမူသော်လည်း အရှင် မင်းကြီး၊ ကိုယ်တော်၏ဘုရားတို့ကို အကျွန်ုပ်တို့သည် ဝတ်မပြုပါ။ တည်ထားတော်မူသော ရွှေရုပ်တုကိုလည်း မကိုးကွယ်ပါဟု ပြန်လျှောက်ကြ၏။

  7. ပညာရှိသော သူတို့သည်လည်း၊ ကောင်းကင်မျက်နှာကြက်၏ အရောင်အဝါကဲ့သို့၎င်း၊ လူအများတို့ကို ဖြောင့်မတ်ခြင်းတရားလမ်းထဲသို့ သွင်းသော သူတို့သည်လည်း၊ ကြယ်များကဲ့သို့၎င်း အစဉ်အမြဲ ထွန်းလင်း ကြလိမ့်မည်။

  8. ငါမူကား၊ ယာကုပ်အမျိုး လွန်ကျူးခြင်း၊ ဣသ ရေလအမျိုးပြစ်မှားခြင်းကို သူတို့အား ဘော်ပြနိုင်မည် အကြောင်း၊ ထာဝရဘုရား၏ ဝိညာဉ်တော်အားဖြင့် အရှိန်တန်ခိုး၊ ဉာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံ၏။

  9. ကျန်ကြွင်းသော ယာကုပ်အမျိုးသားတို့သည် တပါးအမျိုးသား အများတို့တွင် နေ၍၊ ထာဝရဘုရား ပေးတော်မူသောနှင်းကဲ့သို့၎င်း၊ လူကို မငံ့လင့်၊ လူသားတို့ ၏ အလိုသို့မလိုက်သော မိုဃ်းရေကဲ့သို့၎င်း ဖြစ်ကြလိမ့် မည်။

  10. ငါသည် အမင်္ဂလာရှိ၏။ နွေကာလ၌ ဆွတ်သော သင်္ဘောသဖန်းသီးကဲ့သို့၎င်း၊ လိုက်၍ ကောက်သော စပျစ်သီး အကျန်အကြွင်းကဲ့သို့၎င်း ငါဖြစ်၏။ စားစရာ ဘို့ စပျစ်သီးပြွတ်မရှိ။ အဦးမှည့်သော သင်္ဘောသဖန်းသီး ကို ငါတောင့်တရ၏။

  11. ကောင်းသော ပြည်သားအပေါင်းတို့သည် ကွယ် ပျောက်ကြပြီ။ ဖြောင့်မတ်သော သူတယောက်မျှမရှိ။ ခပ်သိမ်းသော သူတို့သည် လူအသက်ကို သတ်ခြင်းငှါ ချောင်း၍ ကြည့်တတ်ကြ၏။ အချင်းချင်း တယောက်ကို တယောက် ကျော့ကွင်းနှင့်ဘမ်းတတ်ကြ၏။

  12. အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြားတော် မမူဘဲ၊ အဘယ်မျှကာလပတ်လုံး အကျွန်ုပ်အော်ဟစ်ရပါ မည်နည်း။ ကယ်တင်တော်မမူဘဲ အကျွန်ုပ်သည် အဓမ္မ အမှုကို ခံ၍၊ ရှေ့တော်၌ အဘယ်မျှကာလပတ်လုံး အော် ဟစ်ရပါမည်နည်း။

  13. မတရားသောအမှုကို အကျွန်ုပ်အား အဘယ် ကြောင့်ပြတော်မူသနည်း။ အဓမ္မအမှုကို အဘယ်ကြောင့် မြင်စေတော်မူသနည်း။ လုယူခြင်း၊ အနိုင်အထက်ပြုခြင်း အမှုသည် အကျွန်ုပ်ရှေ့မှာ အဘယ်ကြောင့် ရှိရပါသ နည်း။ ငြင်းခုံခြင်း၊ ရန်တွေ့ခြင်းကိုလည်း အဘယ်ကြောင့် လူချင်းပြုရပါသနည်း။

  14. သို့ဖြစ်၍ တရားလျော့ပါ၏။ တရားသဖြင့် စီရင် ဆုံးဖြတ်ခြင်းမရှိပါ။ မတရားသော သူတို့သည် ဖြောင့် မတ်သောသူတို့ကို ဝိုင်းသောကြောင့်၊ မတရားသဖြင့် စီရင် ဆုံးဖြတ်ကြပါ၏။

  15. ထာဝရဘုရားကလည်း၊ ဘတ်သော သူသည် ပြေးလျက် ဘတ်နိုင်အောင်၊ ဗျာဒိတ် ရူပါရုံကို သင်ပုန်း ပေါ်မှာ အက္ခရာတင်၍ ရေးမှတ်လော့။

  16. သို့သော်လည်း၊ အိုဇေရုဗဗေလ၊ အားယူလော့ ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။ အို ယဇ်ပုရောဟိတ်မင်း ယောဇဒက်သားယောရှု၊ အားယူလော့။ အိုပြည်သူပြည် သားအပေါင်းတို့၊ အားယူကြလော့ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။

  17. အဲဂုတ္တုပြည်မှ ထွက်သောအခါ သင်တို့နှင့် ငါဖွဲ့ သော ပဋိညာဉ်စကားနှင့်အညီ ငါသည် သင်တို့နှင့်အတူ ရှိ၏။ ငါ၏ဝိညာဉ်တော်သည် သင်တို့တွင် နေရာကျ၏။ မစိုးရိမ်ကြနှင့်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူ၏။

  18. ထိုနေ့ရက်ကာလတွင် ထာဝရဘုရားအား သန့် ရှင်းခြင်းဟု၊ မြင်း၌ဆွဲသော ဆည်းလည်းအပေါ်မှာပင် အက္ခရာတင်ရလိမ့်မည်။ ထာဝရဘုရား၏အိမ်တော်၌ အိုးတို့သည် ယဇ်ပလ္လင်ရှေ့မှာရှိသော ဖလားကဲ့သို့ ဖြစ် ကြလိမ့်မည်။

  19. ထိုမျှမက၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်၌ ရှိသမျှသော အိုးတို့သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအား သန့်ရှင်းကြလိမ့်မည်။ ယဇ်ပူဇော် သောသူအပေါင်းတို့သည်လာ၍၊ ထိုအိုးတို့ကို ယူပြီးလျှင် ချက်ပြုတ်ကြလိမ့်မည်။ ထိုနေ့မှစ၍ နောက်တဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အိမ်တော်၌ ခါနနိလူမရှိရ။ ပရောဖက်ဇာခရိစီရင်ရေးထားသော အနာဂတ္တိကျမ်း ပြီး၏။

  20. သင်တို့သည် ဤလောက၏ ဆားဖြစ်ကြ၏။ ဆားမူကား၊ အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ ရပြန်မည်နည်း။ ပြင်သို့ ပစ်လိုက်၍ ကျော်နင်းခြင်းမှတပါး အဘယ်အသုံးမျှမဝင်။

  21. သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သော မြို့ကို မကွယ်နိုင်။

  22. ဆီမီးထွန်း၍ တောင်းဇလားအောက်၌ ဖုံးထားလေ့မရှိ။ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကို ရစေခြင်းငှါ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိ၏။

  23. ထိုနည်းတူ၊ သူတပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ၊ သူတပါး ရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့။

  24. ထိုအခါ ကျမ်းပြုဆရာတယောက်သည်လာ၍ အရှင်ဘုရား၊ ကိုယ်တော်ကြွတော်မူရာအရပ်ရပ်သို့ အကျွန်ုပ်လိုက်ပါမည်ဟု လျှောက်လေ၏။

  25. ယေရှုကလည်း မြေခွေးသည် မြေတွင်းရှိ၏။ မိုဃ်းကောင်းကင်၌ ကျင်လည်သောငှက်သည် နားနေရာ အရပ်ရှိ၏။ လူသားမူကား၊ ခေါင်းချရာမျှ မရှိဟု မိန့်တော်မူ၏။