Skip to content

Protection အကြောင်း ကျမ်းစာအခန်းငယ်များ

128 အခန်းငယ် · 57 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ငါသည် ကိုယ်တိုင်အားဖြင့် ဘုရားဖြစ်ကြောင်း ကို၎င်း၊ ငါမှတပါး အခြားသောဘုရားမရှိကြောင်းကို၎င်း ကြည့်ရှုကြလော့။ ငါသည် အသက်ကို သေစေ၏။ အသက်ကိုလည်း ရှင်စေ၏။ ငါသည် အနာပေါ်စေခြင်း ငှါ ဒဏ်ခတ်၏။ အနာကိုလည်း ပျောက်စေ၏။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနှုတ်နိုင်။

  2. ရှေ့ဦးစွာသောဘုရားသခင်သည် သင့်ခိုလှုံရာ ဖြစ်၍၊ နိစ္စထာဝရ လက်ရုံးတော်ဖြင့် သင့်ကို ထောက်မ တော်မူ၏။ ရန်သူတို့ကို သင့်ရှေ့မှ နှင်ထုတ်၍ သူတို့ကို ဖျက်ဆီးသောအခွင့် ပေးတော်မူမည်။

  3. သင့်အသက်တည်သည် ကာလပတ်လုံး သင့်ရှေ့ မှာ အဘယ်သူမျှမခံမရပ်နိုင်ရာ။ မောရှေနှင့်အတူ ငါရှိ သကဲ့သို့ သင်နှင့်အတူ ငါရှိလိမ့်မည်။ ငါသည် သင့်ကို မစွန့်၊ သင့်ကိုပစ်၍မထား။

  4. ထိုမင်းကြီးများတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ အလွန်များစွာသော ဗိုလ်ပါ အပေါင်း၊ မြင်းများ၊ ရထားများအပေါင်းတို့နှင့်တကွ ထွက် လာကြ၏။

  5. ထိုမင်းကြီးအပေါင်းတို့သည် စည်းဝေးလျက်၊ ဣသရေလအမျိုးကို တိုက်ခြင်းငှါ ချီလာ၍၊ မေရုံအိုင်နား မှာ တစုတည်း တပ်ချလျက်နေကြ၏။

  6. ထာဝရဘုရားကလည်း၊ သူတို့ကို မကြောက်နှင့်။ ငါသည် နက်ဖြန်နေ့ ယခုအချိန်၌ ဣသရေလအမျိုးရှေ့ မှာ၊ ထိုသူအပေါင်းတို့ကို အသေအပ်မည်။ မြင်းတို့၏ ခြေကြောကို ဖြတ်ရမည်။ ရထားတို့ကို မီးရှို့ရမည်ဟု ယောရှုအား မိန့်တော်မူ၏။

  7. ယောရှုသည်လည်း၊ မိမိစစ်သူရဲအပေါင်းတို့နှင့် တကွ မေရုံအိုင်နားသို့ အမှတ်တမဲ့ စစ်ချီ၍ တိုက်လေ၏။

  8. ထာဝရဘုရားသည် သူတို့ကို ဣသရေလ အမျိုး သားတို့လက်၌ အပ်တော်မူသဖြင့်၊ သူတို့ကို လုပ်ကြံ၍ ဇိဒုန်ရဗ္ဗာမြို့၊ မိသရဖေါသမိမ်မြို့ အရှေ့မျက်နှာ မိဇပါ ချိုင့်တိုင်အောင် လိုက်၍ တယောက်ကိုမျှ မကျန်ကြွင်းစေ ခြင်းငှါ လုပ်ကြံကြ၏။

  9. သို့မဟုတ် သင်တို့သည် ရွေ့လျော့၍၊ သင်တို့တွင် ကျန်ကြွင်းသေးသော ဤလူမျိုးတို့၌ မှီဝဲလျက်၊ ထိမ်းမြား ပေးစား၍ ပေါင်းဘော်ဆက်ဆံခြင်းရှိလျှင်၊

  10. သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် နောက်တဖန် ဤလူမျိုးတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော် မမူ။ သင်တို့၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူ၍ ကောင်းမွန်သော ဤပြည်၌ သင်တို့သည် မပျောက်မပျက် မှီတိုင်အောင် သူတို့သည် သင်တို့၌ ကျော့ကွင်း၊ ထောင် ချောက်၊ သင်တို့ နံစောင်၌ နှင်တံ၊ သင်တို့မျက်စိ၌ ဆူး ဖြစ်ကြလိမ့်မည် အကြောင်းကို ဧကန်အမှန် သိမှတ်ကြ လော့။

  11. ငါတို့ဘုရားသခင် ထာဝရဘုရားသည်၊ ကျွန်ခံ နေရာ အဲဂုတ္တုပြည်မှ အဘတို့နှင့် ငါတို့ကို နှုတ်ဆောင်၍၊ ကြီးစွာသော နိမိတ်လက္ခဏာတို့ကို ငါတို့မျက်မှောက်၌ ပြတော်မူပြီ။ ငါတို့သွားလေရာရာအရပ်၊ ရှောက်လေရာ ရာလူမျိုးတို့တွင် စောင့်တော်မူပြီ။

  12. ထာဝရဘုရားကလည်း၊ လျက်၍ သောက်သောသူ သုံးရာအားဖြင့် သင့်ကို ငါကယ်တင်၍ မိဒျန်လူတို့ကို သင့်လက်၌အပ်မည်။ ကြွင်းသောသူတို့ကို မိမိနေရာသို့ ပြန်သွားစေဟု ဂိဒေါင်အား မိန့်တော်မူ၏။

  13. သို့သော်လည်း သင်တို့သည် ငါ့ကို စွန့်၍ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုသောကြောင့်၊ နောက်တဖန် ငါမကယ်နှုတ်။

  14. မိမိသန့်ရှင်းသူတို့ခြေကို စောင့်မတော်မူလိမ့်မည်။ မတရားသောသူတို့သည် မှောင်မိုက်၌ တိတ်ဆိတ် စွာ နေရကြလိမ့်မည်။ ကိုယ်အစွမ်းသတ္တိအားဖြင့် အဘယ်သူမျှ မနိုင်ရာ။

  15. ဒါဝိဒ်ကသင်သည် ထား၊ လှံ၊ ကိဒုန်ပါလျက် ငါ့ထံသို့ လာ၏။ ငါသည် သင် ကြိမ်းပသော ဣသရေလ ဗိုလ်ခြေတို့၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ နာမတော်ပါလျက် သင်ရှိ ရာသို့လာ၏။

  16. ထိုသို့ ဒါဝိဒ်သည် လောက်လွှဲနှင့် ကျောက်တလုံးအားဖြင့် နိုင်လျက် ထိခိုက်၍ သတ်လေ၏။

  17. အာသသည် မိမိဘုရားသခင် ထာဝရဘုရား အား ဟစ်ခေါ်၍၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် လူများတို့တွင် အားနည်းသောသူကို ကယ်တက်ခြင်းငှါ တတ်နိုင်တော်မူသည်ဖြစ်၍၊ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၊ ကယ်တင်တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုခိုလှုံ၍ နာမတော်ကိုအမှီပြုလျက်၊ ဤအလုံး အရင်းကြီးကို တိုက်ခြင်းငှါ သွားပါ၏။ ဘိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ ၏။ လူသည် ကိုယ်တော်ကိုနိုင်စေသော အခွင့်ရှိစေတော် မမူပါနှင့်ဟု ဆုတောင်းသည်ဖြစ်၍၊

  18. ထာဝရဘုရားသည် စုံလင်သော စေတနာစိတ် ရှိသောသူတို့ဘက်၌၊ ခိုင်ခံ့စွာ နေခြင်းငှါ၊ မြေကြီးတပြင် လုံးကို အနှံ့အပြားကြည့်ရှုလျက် ရှိတော်မူ၏။ ဤအမှု၌ မင်းကြီးသည် မိုက်စွာပြုပြီ။ ယခုမှစ၍ စစ်မှုရှိလိမ့်မည်ဟု ဆို၏။

  19. အနန္တတန်ခိုးရှင်ထံတော်သို့ ပြန်လာလျှင်၊ တည်ဆောက်ခြင်းရှိလိမ့်မည်။ သင့်အိမ်မှဒုစရိုက်ကို ပယ်ရှား လျှင်၊

  20. ထိုအခါအနန္တတန်ခိုးရှင်သည် သင်၌ရွှေရတနာ၊ သင်သုံးရသော ငွေဘဏ္ဍာဖြစ်တော်မူလိမ့်မည်။

  21. ထာဝရဘုရားသည် ငါ့ကိုမစတော်မူသော ကြောင့်၊ ငါသည် အိပ်၍ ပျော်ခြင်းအခွင့်နှင့် နိုးခြင်း အခွင့်ရှိ၏။

  22. ငြိမ်ဝပ်စွာအိပ်၍ ပျော်ပါမည်။ အကြောင်းမူ ကား၊ အကျွန်ုပ်သည် လုံခြုံစွာနေရသောအခွင့်ကို ကိုယ် တော်အရှင် ထာဝရဘုရားသာလျှင် အခွင့်ပေးတော်မူ၏။

  23. ကိုယ်တော်ကို ကိုးစားသော သူတို့မူကား၊ ဝမ်းမြောက်ကြပါစေသော။ စောင့်ရှောက်တော်မူခြင်းကို ခံရ၍ ဝမ်းမြောက်သည်နှင့် ကြွေးကြော်ကြပါစေသော။ နာမတော်ကို ချစ်သောသူတို့သည် ကိုယ်တော်ကြောင့် ဝမ်းသာရွှင်လန်းခြင်း ရှိကြပါစေသော။

  24. ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကိုခံရသော သူတို့၏ခိုလှုံရာ၊ ဘေးအန္တရာယ်ရောက်သည် ကာလ ခိုလှုံရာဖြစ်တော်မူ၏။

  25. နှိမ့်ချလျက်ရှိသော သူသည် ထာဝရဘုရားကို ခိုလှုံသောကြောင့်၊ သင်တို့သည် သူ၏အကြံအစည်ကို အရှက်ကွဲစေတတ်ကြ၏။