Protection အကြောင်း ကျမ်းစာအခန်းငယ်များ: Calamities
Calamities အကြောင်း အခန်းငယ်များ
အိုဘုရားသခင်၊ အကျွန်ုပ်ကို သနားတော်မူပါ။ သနားတော်မူပါ။ ဘေးမလွန်မှီတိုင်အောင် အကျွန်ုပ်၏ ဝိညာဉ်သည် ကိုယ်တော်ကို ခိုလှုံပါ၏။ အတောင်တော် အရိပ်၌ ခိုလှုံပါ၏။
အကျွန်ုပ်မူကား၊ တန်ခိုးတော်ကို သီချင်းဆိုပါမည်။ နံနက်ယံ၌ ကရုဏာတော်ကို ရွှင်လန်းစွာ သီချင်းဆိုပါမည်။ အကြောင်းမူကား၊ ဘေးရောက်သောကာလ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ၊ ဘေးလွတ်ရာ ဖြစ်တော်မူ၏။